စွယ်တော်မြတ်စေတီတော်(မန္တလေး)တွင် စွယ်တော်ကြုတ် ဖန်အုပ်ဆောင်းအသစ်လဲလှယ်ပူဇော်ခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပ

 

မန္တလေး   မေ   ၃


အမရပူရမြို့နယ် စွယ်တော်မြတ်စေတီတော် (မန္တလေး) စွယ်တော်ကြုတ်  ဖန်အုပ်ဆောင်းအသစ်လဲလှယ်ပူဇော် ခြင်းနှင့်   ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါစွယ်တော်မြတ် စေတီတော်(မန္တလေး)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ  မန္တလေးတိုင်းဒေသကြီး  သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(ရွှေကျင်)   ပတ္တမြားကျောင်းတိုက်ဆရာတော်   အဂ္ဂမဟာပဏ္ဍိတ  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာဇောတာဘိဝံသ အမှူးပြု၍ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်ကာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး အတွင်းရေးမှူးနှင့် တာဝန်ရှိ သူများ၊ ခရိုင်/မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊  အလှူရှင်များ၊  ဖိတ်ကြားထားသည့်  ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။ 

 


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်အဖွဲ့၊       အလှူရှင်များ နှင့်   ဧည့်ပရိသတ်တို့က   အခမ်း အနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ တိုင်းဒေသကြီး    သံဃနာယက အဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)   ပတ္တမြား ကျောင်းတိုက်   ဆရာတော်ထံမှ သီလများ   ခံယူဆောက်တည်ကြ ပြီးနောက်   ပရိတ်တရားတော်များ ကို နာယူကြသည်။ 

 


လက်ဆင့်ကမ်းလွှဲပြောင်း


ဆက်လက်၍  ဆရာတော်ကြီး များ၏ ရှေ့မှောက်တွင်  တင်လှူ ပူဇော်ထားသည့်    စွယ်တော် ကြုတ် ဖန်အုပ်ဆောင်းအသစ်အား ပတ္တမြားကျောင်းတိုက်ဆရာတော် ထံ   တိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အလှူရှင် New-star Light Group of Companies ဥက္ကဋ္ဌတို့က    ကပ်လှူပြီးနောက် စွယ်တော်ကြုတ် ဖန်အုပ်ဆောင်း အသစ်အား ပင့်ဆောင်လှည့်လည် ပူဇော်ပြီး     ဥပါသကာတစ်ဦးထံ လက်ဆင့်ကမ်းလွှဲပြောင်းပေးအပ် ၍ တပ်ဆင်ပူဇော်ခဲ့သည်။ 

 


၎င်းနောက်  ဆရာတော်များအားလှူဖွယ်ပစ္စည်းများနှင့်  နဝ ကမ္မဝတ္ထုငွေများ      ဆက်ကပ် လှူဒါန်း၍   တိုင်းဒေသကြီး   သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ   (သုဓမ္မာ)၊ မစိုးရိမ်တိုက်သစ်နာယက၊    ဓမ္မ ဂါရဝ        ကျောင်းဆရာတော် အဂ္ဂမဟာ    ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ   ထံမှ ရေစက်ချတရားတော်များ နာယူ ကြည်ညိုကာ     ရေစက်သွန်းချ အမျှအတန်းပေးဝေ၍    အခမ်း အနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို     ဆုတောင်း ရုပ်သိမ်းပြီးနောက်  ဆရာတော် များအား နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့သည်။ 

 


ကဆုန်ညောင်ရေသွန်းလောင်း


ဆက်လက်၍  ဘုရားပရိဝုဏ် အရှေ့မြောက်ဘက်ရှိ    ဗောဓိ ညောင်ပင်တွင်   ညောင်ရေသွန်း လောင်းခြင်းမင်္ဂလာအခမ်းအနားကို   အစီအစဉ်အတိုင်း  ကျင်းပ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့၊      အလှူရှင်များနှင့်   ဧည့်ပရိသတ်များက   ညောင်ရေ သွန်းလောင်းအဖွဲ့များ၊  ဘုရားဖူး ပြည်သူများနှင့်အတူ     ကဆုန် ညောင်ရေ     သွန်းလောင်းခဲ့ကြ သည်။

 


ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ညနေ ပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရန်နှိမ် အောင်တော် မူမြတ်စွာဘုရားသို့   သွားရောက် ဖူးမြော်ကြည်ညိုပြီး     ကဆုန် ညောင်ရည်    သွန်းလောင်းပြီး နောက်  ဘုရာဖူးပြည်သူများအား ရင်းနှီးစွာနှုတ်ဆက်သည်။

 


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမရပူရ မြို့နယ်   ဆင်ရွာမြင်မှူးကျေးရွာ “ဝေရောစန    ကျောက်စိမ်းစေတီ တော်မြတ်ကြီး”  ပရိဝုဏ်အတွင်း ရှိ    မဟာဗောဓိညောင်ပင်အား (အဋ္ဌမ)အကြိမ်မြောက်    ကဆုန် ညောင်ရေ  သွန်းလောင်းပူဇော်ပွဲ သို့ ရောက်ရှိကာ    အခမ်းအနား ကို ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံ ဂေါစရဂါမ်ကျေးရွာ    ၂၃   ရွာမှ ညောင်ရေသွန်းလောင်း     အဖွဲ့၊ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့၊ ဓမ္မစင်္ကြာဝတ် ရွတ်အသင်း၊ ဘုရားဖူးပြည်သူများ နှင့်အတူ ဘိသိက်ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ဖွင့်လှစ်၍ ကဆုန် ညောင်ရေ      သွန်းလောင်းကာ     ဘုရားဖူးပြည်သူများအား ရင်းနှီး စွာ နှုတ်ဆက်ခဲ့သည်။

 


လှူဒါန်းကြသူများဖြင့်စည်ကား


၁၃၈၅  ခုနှစ်  ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ   ခရိုင်၊   မြို့နယ်၊ ရပ်ကွက်တို့ရှိ တန်ခိုးကြီးဆုတောင်း ပြည့်ဘုရားများ၊   ဘုန်းတော်ကြီး ကျောင်းများတွင်       ဘုရားဖူး ရဟန်း၊ ရှင်လူပြည်သူများ၊   ဥပုသ် သီလ   ဆောက်တည်ကြသူများ၊ ကဆုန်ညောင်ရေ   သွန်းလောင်း ကြသူများ၊    စတုဒိသာကျွေးမွေး လှူဒါန်းကြသူများဖြင့်    စည်ကား လျက်ရှိကြောင်း       သတင်းရရှိ သည်။


သတင်းစဉ်