စုကလိမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော

 

စုကလိ    ဇွန်   ၁၇
ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ဇွန်၂၆ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ဇွန် ၁၅ ရက်က စုကလိမြို့ မဲကုလားအုပ်စု  ဆုံဆည်းမြိုင်ကျေးရွာ  အခြေခံပညာအထက်တန်း ကျောင်း၌  ကျင်းပသည်။
ဟောပြောပွဲတွင် အ​ခြေခံပညာ အထက်တန်းကျောင်း  (ဆုံဆည်း မြိုင်) ကျောင်းအုပ်ကြီး ဦးညီညီအောင်နှင့်  ပြန်ကြားရေးနှင့်    ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက် - ၃ ဒေါ်ပိုပိုအောင်တို့က မူးယစ်ဆေးဝါးများအန္တရာယ်အကြောင်း၊ ကျောင်းသားလူငယ်များနှင့် မူးယစ်ဆေးအန္တရာယ်၊ နောက်ဆက်တွဲ ရလဒ်ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးသုံးစွဲခြင်းဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဟောပြောသည်။
ထို့နောက်  ကျောင်းကော်မတီအဖွဲ့ဝင်များက   မူးယစ်ဆေးဝါး အန္တရာယ်ကို ကျောင်းပတ်ဝန်းကျင်တွင် ကင်းရှင်းစေရေးနှင့်ဆုံဆည်း မြိုင်(အထူးဒေသ)အတွင်း မူးယစ်ဆေးသုံးစွဲခြင်း၊ ရောင်းချခြင်းတို့ ပြုလုပ်ပါက ထိုက်သင့်သည့် အရေးယူဆောင်ရွက်ချက်များ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပေးခဲ့သည်။  
စုကလိ(ပြန်/ဆက်)