CRPH နဲ့ NUG တို့ရဲ့ လှုံ့ဆော်မှု၊ EAO အချို့ရဲ့ ပါဝင်ပတ်သက်မှု အားပေးမှုများနဲ့ အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာတာကို တွေ့ရှိရ၊ သူတို့အကြမ်းဖက်လုယက်သတ်ဖြတ်ဖျက်ဆီးတာတွေကို ဘယ်သူမှ အလေးအနက်ထား ဟန့်တားထိန်းသိမ်းမှုတွေ ပြုတာမတွေ့ရ၊ ဒါကို အာဆီယံအ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်း
 

 

နေပြည်တော်  အောက်တိုဘာ  ၁၈


ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသား မိဘပြည်သူများခင်ဗျာ    မကြာခင် ရောက်ရှိလာတော့မယ့် သီတင်းကျွတ် အခါသမယမှာ  အားလုံးပဲ  စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်းနှုတ်ခွန်းဆက်သ မေတ္တာပို့သအပ်ပါတယ်။ ကျွန်တော် တို့ မြန်မာတို့ရဲ့ ယဉ်ကျေးမှုထုံးတမ်း စဉ်လာမှာတော့ နှစ်သစ်ကူးသင်္ကြန် အခါသမယနဲ့ သီတင်းကျွတ်ပွဲတို့ဟာ အထွတ်အမြတ်ထားတဲ့ ပွဲများဖြစ်ပါ တယ်၊   ကိုဗစ်ကာလမှာ   အကျပ် အတည်းများ ရှိနေတဲ့အတွက်ကြောင့် ဒီပွဲအခမ်းအနားတွေကို မလုပ်ဆောင် နိုင်သော်လည်းဘဲ ကျွန်တော်တို့အနေ နဲ့ ဒီအခမ်းအနားတွေကို အလေးအနက် ထားပါကြောင်း ပြောကြားလိုတယ်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ မှာ ပြုလုပ်ခဲ့တဲ့   ပါတီစုံအထွေထွေ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲမသမာ မှုတွေ          ကြီးမားစွာဖြစ်ပွားခဲ့တာ

မိဘပြည်သူများသိရှိပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့  ရှက်ဖွယ်ရာကောင်းတဲ့ မရိုးသားမှုများဟာ တိုင်းပြည်အတွက် အရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်စဉ်များဖြစ်ပါတယ်။ ဒါကို ကျွန်တော် တို့ သင်ခန်းစာယူပြီးတော့မှ နောင်မှာဒီလိုမဖြစ်အောင် ဆက်လက် လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒီမဲမသမာမှုနဲ့ပတ်သက်ပြီး ဖြစ်ပေါ် လာတဲ့ ဖြစ်ရပ်တွေကို စိစစ်တဲ့အခါမှာ ပြည်သူပြည်သားအားလုံး ထိခိုက်တာတွေရော  နိုင်ငံတော်အပေါ်မှာ  ထိခိုက်တာတွေရော ဖော်ထုတ်တွေ့ရှိရပါတယ်။   ဒါကြောင့်  တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီ  ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကျွန်တော် ပြောကြားလိုပါတယ်။
ဒီမိုကရေစီနိုင်ငံတစ်ခုမှာ သဘောထားကွဲလွဲမှုရှိမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲအရ ဖြစ်ပေါ် လာတဲ့  နိုင်ငံရေးအရ  အရေးပေါ်အခြေအနေကြေညာမှုပေါ်မှာ သဘောထားကွဲလွဲပြီး  ဒီအပေါ်မှာအခြေခံတဲ့  ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တာ  ကျွန်တော်တို့ တွေ့ရှိရပါတယ်။  သူတစ်ပါးတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆူပူဆန္ဒပြမှုတွေအပြင် အကြမ်းဖက်လုပ်ရပ်     သတ်ဖြတ်ဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်များလည်း ရှိခဲ့ပါတယ်။ အချို့က ပြဿနာတွေကို ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး တော့မှ  လှုံ့ဆော်တာတွေ ရှိပါတယ်။  ဒီထက်လွန်ကဲပြီးတော့မှ အကြမ်းဖက် လုယက်သတ်ဖြတ်မှုတွေလည်း ကျူးလွန်ခဲ့တာရှိပါ တယ်။ ဒါတွေကို ကျွန်တော်တို့ ဖော်ထုတ်အရေးယူထားတာတွေ ရှိပါတယ်။ တိုင်းပြည်တစ်ခုဟာ နိုင်ငံရေးအယူအဆ သဘောထား မတူညီမှုကတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် အခု အခြေအနေမျိုး ဖြစ်ပွားခဲ့ရာမှာ  ကျွန်တော်တို့အနေနဲ့  ရှေ့လုပ်ငန်းစဉ်(၅) ရပ်ကို ချမှတ်ပြီးတော့မှ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ ရည်မှန်း ဆောင်ရွက်တဲ့ နေရာမှာ တိုင်းပြည်သာယာဝပြောရေးနဲ့ ဒီမိုကရေစီ နဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့နိုင်ငံ ပြည်ထောင်စုစစ်စစ် ဖြစ်လာ ရေးတို့အတွက် ဖြစ်ပါတယ်။    ဒါကြောင့်  အေးအေးချမ်းချမ်းနဲ့ တိုင်းပြည်တစ်ခု  ပြောင်းလဲစေချင်တဲ့ဆန္ဒရှိပါတယ်။   ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စစ်မှန်တဲ့ဒီမိုကရေစီဖော်ဆောင်နိုင်ရေးအတွက်    နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အုပ်စုများဖြစ်တဲ့ CRPH ၊ NUG တို့ရဲ့ သွေးထိုးလှုံ့ဆော်မှု များနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုများတွင်ပါဝင်တဲ့  အတွက်ကြောင့် ပြစ်ဒဏ်ကျမှုခံရသူများနဲ့ အမှုစစ်ဆေးဆဲသူများမှ  သင့်လျော်သူများကို လာမယ့် သီတင်းကျွတ်အခါသမယမှာ စိတ်အေး ချမ်းမြေ့စွာ ကုသိုလ်ကောင်းမှုပြုလုပ်နိုင်ဖို့အတွက် လွတ်ငြိမ်းချမ်းသာ ခွင့်များ  ပေးမည်ဖြစ်ကြောင်း  ကျွန်တော်  ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ဒီအမိန့်ကို ထုတ်ပြန်သွားပါမယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၁၂ ရက် ပြည်ထောင်စုနေ့၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့     ငြိမ်းချမ်းရေးနှစ်ပတ်လည်နေ့ အခမ်းအနားတွေမှာလည်း လွှတ်သင့် လွှတ်ထိုက်သူများကိုလည်း ကျွန်တော်တို့ လွှတ်ခဲ့ပြီးဖြစ်ပါတယ်။


ဆက်လက်ပြီး  အခုတလော  မြန်မာနိုင်ငံနဲ့  အာဆီယံနိုင်ငံ  ဆက်ဆံရေးအခြေအနေများ ဖြစ်ပေါ်မှုနဲ့ပတ်သက်ပြီး ကျွန်တော် အသိပေးလိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာပြုလုပ်ခဲ့တဲ့    အာဆီယံထိပ်သီးအစည်းအဝေးမှာ မူအားဖြင့်  ဘုံသဘောတူညီချက် (၅)ခု ရရှိခဲ့ပါတယ်။  အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တာဝန်ပေးနိုင်ဖို့အတွက် အခက်အခဲအမျိုးမျိုးနဲ့ ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ ဩဂုတ်လ ၄ ရက်နေ့က ဘရူးနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) Dato Erywan Pehin Yusof ကို ကျွန်တော်တို့ သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သဘောတူညီချက်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှုနဲ့ အာဆီယံရဲ့ Charter များနှင့်အညီ ဆောင်ရွက်သွား မယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီ ၅ ချက်ထဲက ပထမအချက်က အရေး အကြီးဆုံးဖြစ်ပါတယ်။ အကြမ်းဖက်မှုများ အမြန်ဆုံးရပ်ဆိုင်းရန်နဲ့ အားလုံးက      ထိန်းသိမ်းကြပ်မတ်ခြင်းဖြင့်      အတတ်နိုင်ဆုံး ဆောင်ရွက်ကြဖို့ ဖြစ်ပေမယ့်လည်း ဧပြီလ ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်းမှာ အကြမ်းဖက်အဖွဲ့လို့ ထုတ်ပြန်ကြေညာထားတဲ့ CRPH နဲ့ NUG တို့ရဲ့လှုံ့ဆော်မှု၊ EAO အချို့ရဲ့ ပါဝင်ပတ်သက်မှုအားပေးမှု များနဲ့ အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာတာကို တွေ့ရှိ ရပါတယ်။ ဒါကို ကျွန်တော်တို့ ယနေ့ထက်တိုင် ရှင်းလင်းနေရဆဲ ဖြစ်ပါတယ်။ သူတို့အကြမ်းဖက် လုယက်သတ်ဖြတ်ဖျက်ဆီးတာတွေ ကို ဘယ်သူမှ အလေးအနက်ထား ဟန့်တားထိန်းသိမ်းမှုတွေ ပြုတာ မတွေ့ရပါဘူး။ ကျွန်တော်တို့ကိုပဲ တောင်းဆိုမှုတွေ ပြုလုပ်ပြီးတော့မှ ကျွန်တော်တို့ပဲ ဒီပြဿနာကို ရှင်းလင်းနေရတာ ဖြစ်ပါတယ်။ ဒါကို အာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့လိုမယ်လို့ ကျွန်တော် ပြောလို ပါတယ်။ တစ်ဆက်တည်းမှာပဲ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံ လာရောက်ရေးကိစ္စမှာလည်း အဆိုပြုတောင်းဆို ချက်များ အမျိုးမျိုးဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ညှိနှိုင်းဆွေးနွေးမှု များ ပြုလုပ်နေရဆဲဖြစ်ပါတယ်။ နိုင်ငံတစ်ခုဟာ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေးနှင့် တရားစီရင်ရေးကို ပိုင်းခြားခွဲဝေပြီး ဆောင်ရွက်ပါတယ်။ လိုအပ်ချက်အရ သီးခြားထုတ်ပြန်တဲ့ အမိန့်နဲ့ဥပဒေများမှအပ ပိုင်းခြား ဆောင်ရွက်မှုအတိုင်း လုပ်ကြရတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်နေတယ်ဆိုတာ ကြေညာထားပြီးဖြစ်ပါတယ်။ အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုမှု တွေမှာ   ညှိနှိုင်းပြီးမရနိုင်တာတွေ ရှိပါတယ်။   ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော်တို့နိုင်ငံအနေနဲ့    အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အာဆီယံအပေါင်း အစည်းအဝေးများကိုလည်း အာဆီယံရဲ့အခြေခံမူများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ် လို့ ကျွန်တော် ယူဆပါတယ်။


ဆက်လက်ပြီး ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်မှု လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး ကျွန်တော် နည်းနည်း ရှင်းပြလိုပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှာ ကိုဗစ်ရောဂါ မြန်မာနိုင်ငံမှာ စတင်ကူးစက်ခဲ့ပြီးတော့မှ ပထမလှိုင်းဟာ မတ်လ ၂၃ ရက်နေ့ကနေ ဩဂုတ်လ ၁၅ ရက်နေ့အထိ ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်း များအရ ကျွန်တော် သိရပါတယ်။ ဒုတိယလှိုင်းဟာ ဩဂုတ်လ ၁၆ ရက်နေ့ကနေပြီးတော့  စတင်ဖြစ်ပွားခဲ့ပြီး မေလ ၂၆ ရက်နေ့အထိ ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းများအရ ကျွန်တော်တို့ တွေ့ရှိရပါတယ်။ ဒီကာလတွေဟာ  ရွေးကောက်ပွဲအကြိုကာလ၊  ရွေးကောက်ပွဲလွန် ကာလနဲ့ နိုင်ငံရေးအကျပ်အတည်းများ ဖြေရှင်းနေရတဲ့ကာလတွေ ဖြစ်ပါတယ်။ ဆေးဝါးမပြည့်စုံမှု၊ ပစ္စည်းမပြည့်စုံမှု၊ ကျန်းမာရေးဝန်ထမ်း များ မပြည့်စုံမှုတွေကြောင့် အခက်အခဲများစွာနဲ့ ဖြေရှင်းကျော်လွှား ပြီးတော့ ဆောင်ရွက်ရပါတယ်။ ကုသဆေးနဲ့ပတ်သက်ပြီးတော့မှ အိန္ဒိယ နိုင်ငံက ကုသဆေး သန်း ၃၀ ဝယ်ယူခဲ့သော်လည်းပဲ အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ရောဂါဖြစ်ပွားမှုအခက်အခဲတွေကြောင့် ကျွန်တော်တို့ ၂ သန်း သာ ရရှိခဲ့ပါတယ်။ နောက်ထပ်မရရှိခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အခြား မိတ်ဆွေနိုင်ငံတွေကနေ ကာကွယ်ဆေးရရှိရေး ကြိုးပမ်းခဲ့ရာ မှာ တရုတ်နိုင်ငံက ဝယ်ယူရရှိခဲ့ပါတယ်။ အခု သန်း ၂၀ ရရှိခဲ့ပြီးဖြစ်ပါ တယ်၊ ဒီလထဲမှာလည်း ထပ်ရောက်မှာဖြစ်ပါတယ်။ လှူဒါန်းမှုအနေနဲ့ အိန္ဒိယနိုင်ငံက ၂ ဒသမ ၅ သန်း၊ တရုတ်နိုင်ငံက ၄၆၂၀၈၀၀ ရရှိခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ် တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံက ၈ သန်း ရရှိရေး ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ကိုဗစ်ဆေးထိုးပေးမှုအနေနဲ့ မနေ့က အထိ နှစ်ကြိမ် ဆေးထိုးသူပေါင်း ၄၆၉၉၀၃၈ ယောက်၊ တစ်ကြိမ်ဆေး ထိုးပြီးသူပေါင်း ၆၈၄၇၂၄၂ ယောက်၊ စုစုပေါင်း Dose ၁၆၂၄၅၃၁၈ ကြိမ်ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။ နောက် ကျောင်းများကိုလည်း မကြာခင်ဖွင့်နိုင်ဖို့ ကြိုးစားနေတဲ့အတွက်ကြောင့် ကျောင်းသားများ ကိုလည်း  ဆေးထိုးရေးလုပ်ငန်းတွေကို ၁၂ ရက်နေ့ကစပြီး စတင် ဆောင်ရွက်လျက်ရှိပါတယ်။


ဆက်လက်ပြီး ကာကွယ်ဆေး ထပ်မံဝယ်ယူရရှိရေးနဲ့ ပြည်တွင်း မှာ ထုတ်လုပ်ရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း ပြောလိုပါတယ်။ ဒီလို လှူဒါန်းရရှိ၊ ဝယ်ယူရရှိတဲ့ ကာကွယ် ဆေးများကိုလည်း ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွား မယ်ဆိုတဲ့ အကြောင်းလည်း ကျွန်တော်တို့ ပြောလိုပါတယ်။ တတိယ လှိုင်းဟာ  မေလ ၂၇ ရက်နေ့ကစပြီး  ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ တတိယလှိုင်း ဝင်ရောက်ပြီးတဲ့နောက်ပိုင်းမှာ ဇူလိုင်လ ၁၄ ရက်နေ့ ဟာ ပိုးတွေ့လူနာပေါင်း ၇၀၈၃ ယောက် အမြင့်ဆုံးဖြစ်ခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ ၃၃ ဒသမ ၁၇ ရာခိုင်နှုန်းရှိပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့မှာ ပိုးတွေ့လူနာပေါင်း ၅၅၀၆ ဦးရှိပြီးတော့မှ ၄၀ ဒသမ ၈၂ ရာခိုင်နှုန်း၊ ရာခိုင်နှုန်းအားဖြင့် အမြင့်ဆုံးဖြစ်တာကို တွေ့ရပါတယ်။   ဒါပေမဲ့လည်း  နိုင်ငံတော်ပိုင်း  တာဝန်ရှိသူများ ကနေပြီး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးမှု၊ ပြည်သူများရဲ့ တာဝန်သိသိ   ပူးပေါင်းဆောင်ရွက်မှုတွေကြောင့်   အခုအချိန်မှာ ဖြစ်ပွားမှုနှုန်းဟာ ၂၂၀၀ ပတ်ဝန်းကျင်နဲ့ ဖြစ်ပွားမှုနှုန်း ၇ ရာခိုင်နှုန်း အထိ  ကျဆင်းသွားတာကို တွေ့ရပါတယ်။  ဒီအတွက်  ပူးပေါင်း ဆောင်ရွက်မှုအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလကုန်မှာ ၃ ရာခိုင်နှုန်းအထိ ကျဆင်းရေးအတွက် ကို  ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ မကြာခင်မှာ ကျောင်းတွေဖွင့်ဖို့ ကျွန်တော်တို့ ရည်ရွယ်ချက်ရှိပါတယ်။ ကိုဗစ်ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်မှုသေချာမှသာ ကျောင်းဖွင့် နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်အကိုင်အခွင့်အလမ်းများက လည်း ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘ ပြည်သူများအနေဖြင့် ကိုဗစ်စည်းကမ်းနှင့်ပတ်သက်ပြီး သတ်မှတ် ထားချက်တွေကိုပိုမိုပြီး အလေးထားလိုက်နာပေးကြဖို့ ကျွန်တော် ပြောကြားလိုပါတယ်။ ယနေ့ကာလမှာ ရှမ်းပြည်နယ် အချို့ဒေသ များ၊ မကွေးတိုင်းအချို့ဒေသများ ဖြစ်ပွားမှုနှုန်းမြင့်မားနေဆဲဖြစ်ပါ တယ်။ ဒါကို ကြပ်မတ်ထိန်းသိမ်းပေးဖို့ ကျွန်တော် မေတ္တာရပ်ခံ လိုပါတယ်။


ဆက်လက်ပြီး ကျန်းမာရေးနဲ့ဆက်စပ်နေတဲ့ ကိစ္စရပ်တစ်ခု ကျွန်တော် ပြောပြလိုပါတယ်။ ဒါကတော့ ဆီစားသုံးမှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကနေ စားအုန်းဆီ တန်ချိန် ၈ သိန်းကျော် တင်သွင်းခဲ့ရပါတယ်။ အမေရိကန်ဒေါ်လာ အားဖြင့် သန်းပေါင်း ၈၃၀ ကျော်ဖြစ်ပါတယ်။ လူတစ်ယောက်ကို ၆ ပိဿာနှုန်းနဲ့ စားမယ်ဆိုရင်တောင်မှ မြန်မာနိုင်ငံမှာ ဆီလိုအပ်ချက် ဟာ တန်ချိန် ၅ သိန်းပဲရှိပါတယ်။ တကယ်လို့ ၇ ပိဿာနှုန်းနဲ့ စားမယ် ဆိုရင် ဆီလိုအပ်ချက် ၅ ဒသမ ၈ သိန်းရှိပါတယ်။ တကယ်လို့ ၈  ပိဿာနဲ့ စားမယ်ဆိုရင် ဆီလိုအပ်ချက် ၆ ဒသမ ၆ သိန်းရှိပါတယ်။ အခု ၈ သိန်းကျော်သွင်းထားတဲ့အတွက်ကြောင့် ဆီစားသုံးမှုဟာ လွန်စွာမှ များပြားနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ ဆီထွက်သီးနှံများဖြစ်တဲ့  မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ ပဲပုပ်၊ နေကြာ၊ ဆီအုန်းစိုက်ပျိုးမှုတွေရှိပြီးတော့မှ ထုတ်လုပ်မှုလည်းရှိပါတယ်။ ဒါတွေ နဲ့သာ ပေါင်းစပ်မယ်ဆိုရင် ဆီစားသုံးမှုဟာ အတော်များနေတယ်လို့ ကျွန်တော်ပြောရမှာ ဖြစ်ပါတယ်။ ဒီအတွက် ဆီစားသုံးမှုလျှော့ချခြင်း အားဖြင့် တစ်ဖက်က ကျန်းမာရေးအတွက်လည်း များစွာအထောက် အကူပြုမှာဖြစ်သလို ပြည်ပကနေ ဆီဝယ်ယူမှုအတွက် သုံးစွဲနေရ တဲ့ နိုင်ငံခြားငွေလည်း များစွာလျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူများအနေနဲ့ ဆီစားသုံးမှုကို ကျန်းမာရေးအမြင်အရသော်  လည်းကောင်း၊ နိုင်ငံရဲ့လိုအပ်ချက်အရသော်လည်းကောင်း ဒါကို ကြပ်ကြပ်မတ်မတ်နဲ့ ထိန်းသိမ်းစားသုံးနိုင်ဖို့အတွက်လည်း ကျွန်တော် မေတ္တာ ရပ်ခံလိုပါတယ်။
သီတင်းကျွတ်အခါသမယမှာ    မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ထပ်မံဆုတောင်း မေတ္တာပို့သအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။