စပိန်နိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ တိုးတက်လာသော်လည်း ကပ်ရောဂါမတိုင်မီအခြေအနေပြန်ရောက်ရန် လိုအပ်နေသေး

 

နှင်းမိုးအိမ်

 

စပိန်နိုင်ငံ၌  ၂၀၂၁ ခုနှစ်အတွင်း ဝင်ရောက်သည့် ခရီးသွားများနှင့် ၎င်းတို့ သုံးစွဲခဲ့သည့်ငွေကြေးပမာဏမှာ ၂၀၂၀ ပြည့်နှစ်ကနှင့် နှိုင်းယှဉ် လျှင် များပြားလာသည်ကို တွေ့ရသည်။ 

 


သိသိသာသာ လျော့နည်းနေသေး 


သို့သော်လည်း ခရီးသွားဝင်ရောက်မှုနှုန်းနှင့် ဝင်ငွေရရှိမှုနှုန်းမှာ ကပ်ရောဂါကာလမတိုင်မီ  ၂၀၁၉  ခုနှစ်နှင့်  နှိုင်းယှဉ်လျှင်မူ  သိသိ သာသာပင် လျော့နည်းနေသေးသည်ဟု ဖေဖော်ဝါရီ ၂ ရက်နေ့တွင်  ဖော်ပြခဲ့သည့်  လေ့လာမှုနှစ်ခုအရသိရသည်။  
နယ်စပ်ဖြတ်ကျော်၍   ခရီးသွားများဝင်ရောက်မှု    လေ့လာရေး အဖွဲ့က စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့ပြီး စပိန်နိုင်ငံ စာရင်း အချက်အလက်ရုံးက  ပြီးခဲ့သည့်နှစ်   ဒီဇင်ဘာလအထိ  ခရီးသွား ဝင်ရောက်မှုနှုန်းမှာ  ၂ ဒသမ ၉  သန်း  ရှိသည်ဟု  ဖော်ပြခဲ့သည်။ လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကနှင့်  နှိုင်းယှဉ်လျှင်   သိသိသာသာ  များပြားလာသည်ကို တွေ့ရသည်။

 


ကန့်သတ်မှုများပြုလုပ်ထား 


၂၀၂၁  ခုနှစ်  ၁၂  လတာကာလအတွင်း   နိုင်ငံခြားခရီးသွား ဝင်ရောက်မှုနှုန်းမှာ ၃၁ ဒသမ ၁ သန်းရှိပြီး  ၆၂ ဒသမ ၇ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်။ 
သို့သော်လည်း   ကပ်ရောဂါမတိုင်မီကာလ  ၂၀၁၉  ခုနှစ်နှင့် နှိုင်းယှဉ်လျှင် စပိန်နိုင်ငံသို့  နိုင်ငံခြားခရီးသွားဝင်ရောက်မှုနှုန်းမှာ လျော့နည်းနေသေးသည်ကို တွေ့ရသည်။ 

 


၂၀၁၉ ခုနှစ်အတွင်း စပိန်နိုင်ငံသို့  နိုင်ငံခြားခရီးသွားဝင်ရောက် မှုနှုန်းမှာ ၈၃ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ ၂၀၂၁ ခုနှစ်၏ ပထမနှစ်ဝက် ကာလမှာ   စပိန်နိုင်ငံအပါအဝင်   အခြားသောနိုင်ငံများတွင်  ခရီးသွား လာမှုကန့်သတ်မှုများ ပြုလုပ်ထားသည်။ 

 


အကောင်းဆုံးဈေးကွက်ရှိရာနေရာများ 


ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့မှာ  စပိန်နိုင်ငံ ခရီးသွားလုပ်ငန်းအတွင်း အကောင်းဆုံးဈေးကွက်ရှိရာ   နေရာများဖြစ်သည်။   စပိန်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ပြင်သစ်နိုင်ငံသား ၅၈၁၉၆၃၀၊ ဂျာမနီနိုင်ငံ သား ၅၁၉၆၂၃၀ နှင့် ဗြိတိန်နိုင်ငံသား ၄၂၉၅၀၅၂ ဦးရှိသည်။ 

 


၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ  နိုင်ငံခြားခရီးသွားများ  စပိန် နိုင်ငံတွင် သုံးစွဲမှုနှုန်းမှာ  ယူရို  ၆၈၇ သန်းမှ ယူရို  ၃၅၄၂ သန်းအထိ ရှိပြီး တစ်နှစ်ပတ်လုံး စုစုပေါင်းဝင်ငွေရရှိမှုမှ ယူရို ၃၄၈၁၆ သန်းအထိ တိုးမြင့်လာခဲ့သည်။  အဆိုပါပမာဏမှာ ၂၀၂၀ ပြည့်နှစ်ကနှင့်  နှိုင်းယှဉ် လျှင်  ၇၆ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။

 


နည်းပါးနေသေး 


သို့သော်လည်း ၂၀၁၉ ခုနှစ်ကနှင့်နှိုင်းယှဉ်လျှင်  ၆၂  ရာခိုင်နှုန်း နည်းပါးနေသေးသည်ဟု    နယ်စပ်ဖြတ်ကျော်၍   ခရီးသွားများ ဝင်ရောက်မှုလေ့လာရေးအဖွဲ့၏    စစ်တမ်းကောက်ယူထားမှုအရ သိရသည်။

 


မျှော်မှန်းထားသည်ထက်ကောင်းမွန်ခဲ့ 


 ကိုဗစ် -၁၉ မျိုးကွဲ အိုမီခရွန်ကူးစက်မှု ဝင်ရောက်လာသော်လည်း ဒီဇင်ဘာလသည်     မျှော်မှန်းထားသည်ထက်     အခြေအနေပို၍ ကောင်းမွန်ခဲ့ကြောင်း   နှစ်ကုန်ပိုင်းတွင်  ခန့်မှန်းထားသည့် မျှော်မှန်း ချက်များအတိုင်းပြည့်မီခဲ့သည်ဟု   စပိန်နိုင်ငံ၏   ခရီးသွားလာမှုနှင့် ကုန်သွယ်မှုဝန်ကြီးဌာနမှ ရီယက်စ်မာရိုတိုက ပြောသည်။ 
အိုမီခရွန်ကူးစက်မှု    ပေါ်ပေါက်လာသော်လည်း   ခရီးသွားလာမှု ကဏ္ဍတွင်    ၎င်းတို့မျှော်လင့်ထားသည့်  ဆိုးကျိုးသက်ရောက်မှု များစွာမရှိခဲ့ကြောင်းနှင့်   မသေချာမရေရာမှုများ  ရှိခဲ့သော်လည်း  အခြေအနေများမှာ ကောင်းမွန်ခဲ့သည်ဟု ပြောသည်။

 


၂၀၂၂  ခုနှစ်တွင်  ခရီးသွားကဏ္ဍ၌   ပြန်လည်နာလန်ထူမှုများ ကို တွေ့မြင်ရမည်ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။ 
စပိန်နိုင်ငံသည် ၂၀၁၉  ခုနှစ်၌ ကမ္ဘာပေါ်တွင် ဒုတိယမြောက် ခရီးသွားအများအပြားဝင်ရောက်ရာ နိုင်ငံဖြစ်ခဲ့ပြီး ယင်းကာလအတွင်း အပြည်ပြည်ဆိုင်ရာမှ ခရီးသွား သန်း ၈၀ နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ သည်။ 
အိုမီခရွန် ကူးစက်ပျံ့နှံ့မှုများ ပျံ့နှံ့သွားမည်ကို စိုးရိမ်သည့်အတွက် စပိန်အစိုးရက ခရီးသွားဝင်ရောက်မှုနှုန်းကို  တားဆီးရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။ 

 


ရည်ရွယ်ထား 


ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကလည်း တစ်ကမ္ဘာလုံး အနှံ့ ခရီးသွားလုပ်ငန်းကို တိုးမြှင့်ရန်အတွက် ရည်ရွယ်ထားသည်။ ၂၀၂၁    နှစ်ကုန်ပိုင်းတွင်     ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်း   အဖွဲ့ အစည်း၏  အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်သူ  ဇိုရစ်ဆာယူရိုဗ် ဆာဗစ် က ခရီးသွားလုပ်ငန်းမှာ ကပ်ရောဂါကာလအတွင်း ထိခိုက်မှုအများဆုံးလုပ်ငန်းဖြစ်ခဲ့ရကြောင်း၊  ခရီးသွားလုပ်ငန်းအပေါ်တွင် မှီခိုနေရသည့်  လူများစွာရှိကြောင်း ပြောသည်။ 
အနာဂတ်ကာလတွင်   ခရီးသွားလုပ်ငန်း  အပြည့်အဝပြန်လည် နာလန်ထူလာရေးအတွက် အခွင့်အလမ်းကောင်းများ ပြုလုပ်သွား ရမည်ဟု ပြောသည်။ 

 


ကြိုးစားရုန်းကန်နေရ 


ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မူ   ကပ်ရောဂါကြောင့်  ထိခိုက်ရသည့် ကဏ္ဍများကို  ထောက်ပံ့ပေးသွားရန်   အကောင်းဆုံးပြင်ဆင်မှုများ ပြုလုပ်နေပြီး အထူးသဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ တွင် ဘဏ္ဍာရေးထောက်ပံ့မှုများ ပြုလုပ်နေကြသည်။
ထို့ပြင်   နိုင်ငံသားများ    အလုပ်အကိုင်    အခွင့်အလမ်းအတွက် ပြင်ဆင်ပေးကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ  ယင်းသို့မဟုတ်ချေ။ ကပ်ရောဂါကြောင့်   စီးပွားရေးထိခိုက်ရသည့်     လုပ်ငန်းများကို  ထောက်ပံ့ပေးနိုင်ရေး ကြိုးစားရုန်းကန်နေရသည်။ 

 


လက်တွဲလုပ်ဆောင်လျက်ရှိ 


လုံခြုံစိတ်ချရသည့် ခရီးသွားအစီအစဉ်များ ပြုလုပ်နိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့်လည်း  လက်တွဲလုပ်ဆောင်လျက် ရှိကြောင်း  ခရီးသွားလုပ်ငန်းအပေါ်  တည်မီနေရသည့်  အသက်ရှင် ရပ်တည်မှုပေါင်းများစွာရှိရာ  ခရီးသွားလာမှုကို  အတူတကွ  လုံးဝ ရပ်တန့်ပစ်လိုက်သည်ထက်  လုံခြုံစိတ်ချရသည့်  ခရီးသွားလာမှုကို ဖော်ဆောင်ရန် ပို၍လိုအပ်သည်ဟု ၎င်းကဆက်ပြောသည်။ 

 


ပြန်လည်ဦးမော့လာဦးမည် 


ထို့ပြင်    မြို့ပြဒေသသို့   ပြောင်းရွှေ့လာသည့်    လူဦးရေများစွာ ရှိနေရာ ကျေးလက်ဒေသတွင် ခရီးသွားလုပ်ငန်းကို ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန်မှာ လမ်းကြောင်းတစ်ခုသဖွယ် ဖြစ်လာသည်။ 
ခရီးသွားလုပ်ငန်းမှာ ပြန်လည်တိုးတက်လာမည့် လုပ်ငန်းဖြစ်ပြီး လူတိုင်းလူတိုင်းမှာ ခရီးသွားလာလိုကြကြောင်း၊ ယခုအချိန်တွင်မူ ပညာပေးမှုများနှင့်  လေ့ကျင့်သင်ကြားပေးမှုများ လိုအပ်နေသေး ကြောင်း၊ သို့သော်လည်း အနာဂတ်ကာလတွင် ပိုမိုကောင်းမွန်လာ မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းများမှာ  ပြန်လည်ဦးမော့လာဦးမည့်လုပ်ငန်း ဖြစ်ကာ   ယခင်ကထက်ပို၍   အလေးထားရမည်ဖြစ်ကြောင်း   ၎င်းက ဆက်ပြောသည်။        ။  

                            
  ကိုးကား  - ဆင်ဟွာ