Cookie မုန့်များတွင် ဆေးခြောက်များထည့်၍ ရောင်းချသည့် တရားခံများ ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်   ၉


လူငယ်လူရွယ်များနှင့် ကျောင်းသား    ကျောင်းသူများသည်       လူသား အရင်းအမြစ်၏   အဓိကမဏ္ဍိုင် တစ်ခုဖြစ်ပြီး     နိုင်ငံ့အနာဂတ် အတွက်      အလွန်အရေးပါသည့် မျိုးဆက်သစ်   ကြယ်ပွင့်လေးများ ဖြစ်သည်။   သို့ဖြစ်၍   တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနှင့်        တည်ငြိမ် အေးချမ်းနေမှုကို   မလိုလားသည့် အကြမ်းဖက်    အုပ်စုများသည် နိုင်ငံ၏ မျိုးဆက်သစ်လူငယ်များ ကို လမ်းမှားရောက်စေပြီး လူညွန့် တုံးစေရန်အတွက် လူငယ် လူရွယ် များနှင့် ကျောင်းသား  ကျောင်းသူ များကို    အဓိကပစ်မှတ်ထားကာ မူးယစ်ဆေးဝါး   ဖြန့်ဖြူးရောင်းချ မှုများ      ပြုလုပ်လာကြသည်။ လူငယ်ထုအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများကြောင့်   မိသားစုတွင် စီးပွားရေး၊ လူမှုရေး  အခက်အခဲ များ ဖြစ်ပေါ်စေပြီး   နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှုကို    ထိခိုက်လာနိုင်ပါ သည်။ သို့ဖြစ်၍ နိုင်ငံတော်အစိုးရ အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ် ရေးဆိုင်ရာ  မူဝါဒများချမှတ်ကာ အမျိုးသားရေး     တာဝန်တစ်ရပ် အဖြစ်သတ်မှတ်၍       တားဆီး ကာကွယ်  တိုက်ဖျက်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိသည်။

 


၂၀၂၃ ခုနှစ်  မတ်  ၈ ရက် ညနေပိုင်းတွင်         နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်  ဖွံ့ဖြိုး ရေးကိုလိုလားသည့်   ပြည်သူများ ၏ သတင်းပေးပို့ချက်အရ ရန်ကုန် တိုင်းဒေသကြီး     လမ်းမတော် မြို့နယ်  အမှတ်(၇)ရပ်ကွက်  (၁၆)လမ်း တိုက်အမှတ်(၁၂၆) (၈)လွှာ ရှိ   တိုက်ခန်းအား   ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ရာ ထက်ရတနာ စိုး   (၂၄)  နှစ်အား   ဖမ်းဆီးရမိခဲ့ ပြီး       ၎င်း၏ထွက်ဆိုချက်အရ လမ်းမတော်မြို့နယ် အမှတ်(၁၀)ရပ်ကွက်  ဗဟိုရ်စည်အိမ်ရာဝင်း တိုက်အမှတ်(၄၀) (၃)လွှာရှိ အခန်း (၁၄)တွင်   ဇော်လင်းနောင် (၂၁)နှစ်တို့ကို      ဆေးခြောက်အမှုန့် ၁၀၉ ဂရမ်၊    ဆေးခြောက်ထည့် သွင်းပြုလုပ်ထားသည့်    Cookie မုန့်အခု  ၅၀ ၊  ဆေးခြောက်ရှူရာတွင် အသုံးပြုသည့် ဆေးဂေါက်တံတစ်ခု တို့နှင့်အတူ    ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိ       တရားခံများ၏ ထွက်ဆိုချက်အရ     ၎င်းတို့သည် တရားမဝင် ပေါင်းသင်းနေထိုင်သူ များဖြစ်ပြီး    Cookie   မုန့်များ အတွင်း         ဆေးခြောက်များကို ထည့်သွင်း   ပြုလုပ်ကာ    Online မှတစ်ဆင့်   ရောင်းချခဲ့ကြောင်း၊ ဆေးခြောက်ထည့်သွင်းမှု အနည်း/ အများပေါ်မူတည်၍  Cookie မုန့် တစ်ခုလျှင်    ငွေကျပ်   ၆၀၀၀   မှ ၁၀၀၀၀ အထိ   ရောင်းချကြောင်း၊  ဆေးခြောက်များအား     Online    မှတစ်ဆင့်  မြဝတီဘက်သို့မှာယူ၍ ခရီးသည်တင်ယာဉ်များဖြင့် သယ် ဆောင်ရယူခဲ့ကြောင်း၊    ၎င်းတို့ ရောင်းချသည့်   Cookie  မုန့်များ အား     လူကြိုက်များစေရန်နှင့် လူငယ် လူရွယ်များ၊ ကျောင်းသား ကျောင်းသူများ   မူးယစ်ဆေးဝါး သုံးစွဲလာစေရန်          ရည်ရွယ်၍ ရက်စက်ယုတ်မာသည့်အကြံဖြင့် Cookie  မုန့်များအတွင်း   ဆေး ခြောက်များကို  ထည့်သွင်းပြုလုပ် ကာ  ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 


အဆိုပါ  Cookie မုန့်များအား ဝယ်ယူ   စားသုံးသူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ များကို  များစွာပျက်စီးစေနိုင်ပြီး စတင်စားသုံးစဉ်      ခွန်အားများ တိုးပွားလာကာ   အိပ်ချင်စိတ်များ ပြေပျောက်သည်ဟု  မှားယွင်းစွာ ထင်မြင်နေသော်လည်း နောက်ပိုင်း တွင်    စားချင်စိတ်နည်းပါးလာပြီး ကိုယ်အလေးချိန်       ကျဆင်းလာ ခြင်း၊     ကြွက်သားတောင့်တင်း လာခြင်း၊  အသက်ရှူမြန်လာခြင်း၊ အာရုံစူးစိုက်မှု         နည်းလာခြင်း၊ မှတ်ဉာဏ်         ယိုယွင်းလာခြင်း၊ စိတ်တိုဒေါသထွက်ခြင်းများ   ဖြစ် ပေါ်လာသည့်အပြင်   စားသုံးသည့် ကာလ     ကြာလာသည်နှင့်အမျှ နောက်ထပ်မစားရလျှင်   မနေနိုင် အောင် စိတ်ရောကိုယ်ပါ  စွဲလမ်းမှု ကို ဖြစ်ပေါ်လာပြီး စိတ်ချောက်ချား ခြင်း၊         စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊    ဖျားနာလာ ခြင်း၊   ဦးနှောက်အတွင်း   သွေးယို ခြင်း၊       အသက်ရှူကျပ်လာခြင်း၊ နှလုံးခုန်ရပ်ခြင်းများ  ဖြစ်လာကာ နောက်ဆုံး     ရုတ်တရက်သေဆုံး သည်အထိ   ဆိုးကျိုးများကို ခံစား ရသည်။ 

 


သို့ဖြစ်၍  မိမိကိုယ်ကျိုးစီးပွား အတွက်  လူငယ်လူရွယ်များအား လမ်းမှားသို့    ရောက်ရှိစေရေး ရည်ရွယ်ချက်ဖြင့် Cookie မုန့်များ အတွင်း    ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ   ရောင်းချခဲ့ သည့် တရားခံများအား  ဥပဒေအရ ထိရောက်စွာ   အရေးယူနိုင်ရေး ဆက်လက်   ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊    မူးယစ်ဆေးဝါး ပြဿနာသည်    လူသားမျိုးနွယ်စု တစ်ရပ်လုံးကို   ခြိမ်းခြောက်နေ သည့်    ပြဿနာတစ်ရပ်ဖြစ်သည် နှင့်အညီ      နိုင်ငံသားအားလုံးမှ ကိုယ်စီတာဝန်ရှိစွာနှင့်  ပူးပေါင်း ပါဝင်    ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ        အပ်ပါကြောင်း အသိပေး    သတင်းထုတ်ပြန်အပ် ပါသည်။  

               

သတင်းစဉ်