စံပြကျေးရွာစီမံကိန်းလုပ်ငန်းများ ကျေးရွာနေပြည်သူများက ပိုင်ရှင်စိတ်(Ownership)ဖြင့် ဝိုင်းဝန်းထိန်းသိမ်းကြရမည်

 

နေပြည်တော် အောက်တိုဘာ ၁၄


စံပြကျေးရွာစီမံကိန်း    လုပ်ငန်း များကို      သတ်မှတ်ဘဏ္ဍာရေးနှစ် အတွင်း   အရည်အသွေး၊  စံချိန် စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီး အောင်    ဆောင်ရွက်ရမည်ဖြစ် သကဲ့သို့ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက်   တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများက ပိုင်ရှင် စိတ်(Ownership)ဖြင့်    ဝိုင်းဝန်း ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ ကျေးရွာနေ       ပြည်သူများ၏ မိသားစုဝင်ငွေ တိုးပွားရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်း များကို   ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် အသေး စား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနတို့မှ သင်ကြားပို့ချပေးနေပြီး သင်တန်း   အောင်မြင်ပြီးသူများ အတွက် လိုအပ်သည့် အရင်းအနှီး၊ နည်းပညာထောက်ပံ့မှုများ ဆောင် ရွက်ပေးနေကြောင်း     ဒုတိယ ဝန်ကြီး  ဦးမြင့်စိုးက  ပြောကြားသည်။

 


သမဝါယမနှင့်    ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ခေတ်မီ စံပြကျေးရွာအဖြစ်    အကောင် အထည်ဖော် ဆောင်ရွက်နေသော အိမ်ခြေ ၂၃၀ ၊ အိမ်ထောင်စု  ၂၈၂ စု၊ လူဦးရေ ၁၀၈၀ ရှိ ပျဉ်းမနား မြို့နယ် ကျွန်းဦးကျေးရွာ ကျေးရွာ ဘက်စုံသုံးခန်းမ၌ ဒေသခံပြည်သူ များနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က    ယင်းသို့ပြောကြားခြင်းဖြစ်သည်။

 


ဆက်လက်၍  သမဝါယမဦးစီး ဌာနနှင့်   ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက မိမိ တို့    သက်ဆိုင်ရာဦးစီးဌာနများ အလိုက်    အကောင်အထည်ဖော် ဆောင်ရွက်နေသော    လုပ်ငန်း အခြေအနေများကို   ရှင်းလင်း ဆွေးနွေးကြသည်။

 


ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်  ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး   လုပ်ငန်းလိုအပ် ချက်များ   တင်ပြမှုအပေါ်   ဖြည့် ဆည်း ဆောင်ရွက်ပေးသည်။

 


ယင်းနောက်   ဒုတိယဝန်ကြီး နှင့်အဖွဲ့သည်    ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး    ဦးစီးဌာနမှ တာဝန်ယူ    ဆောင်ရွက်ပြီးစီးခဲ့ သော  အမြင့်ရေစင်ဆောက်လုပ် ခြင်းလုပ်ငန်း၊     ရေသန့်စင်ခြင်း လုပ်ငန်း(ဝဲပုံ)၊ အိမ်သွယ်ရေတိုင် စနစ်ဖြင့်   ရေဖြန့်ဝေမှုလုပ်ငန်း၊ Digital   စနစ်ဖြင့်   ရေမီတာ ကောက်ခံခြင်း      လုပ်ငန်းတို့ကို   ကြည့်ရှုစစ်ဆေးကာ   လုပ်ငန်း လိုအပ်ချက်များအား ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးသည်။

 


ဆက်လက်၍ ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်         ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော အရှည်ပေ    ၂၉၀၀  ရှိ  ကျွန်းဦး ကျေးရွာ ကုန်ထုတ်လမ်း ရိစာခင်း ခြင်းလုပ်ငန်းနှင့် ပျဉ်းမနားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး  ဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်နေ သော ကျေးရွာခြောက်ရွာ၊ အိမ်ခြေ ၁၅၈၆ အိမ်၊ လူဦးရေ  ၇၃၅၅ ဦး အတွက် အကျိုးပြုမည့် အရှည်ပေ ၃၃၀၀   ရှိ   ကျွန်းဦး  - ဆင်သေ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို        လည်း ကောင်း၊ လယ်ဝေးမြို့နယ် ရှမ်းစု အရှေ့ကျေးရွာရှိ   ဆင်အုံမွေးမြူ ထုတ်လုပ်ရေးနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အကျယ် ခြောက်ဧကရှိ ငါးမွေးမြူ ရေးကန်၌  လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေဖြင့်   ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ  ဆောင် ရွက်ခဲ့သည့် အိမ်ခြေ  ၁၈၁  အိမ်၊ အိမ်ထောင်စု  ၁၈၁  စု၊ လူဦးရေ ၆၀၄   ဦးကို  အကျိုးပြုသည့် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာ အုပ်စု မြောက်ကျောင်းစုကျေးရွာ ၏ အရှည်ပေ ၄၃၅၀ ရှိ မြေသား+ ရိစာခင်းခြင်း     လုပ်ငန်းကိုလည်း ကောင်း      ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လိုအပ်သည် များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်