
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ကိုလိုနီစနစ်ဆိုး၏ ခါးသီးသော အတိတ်သမိုင်းအတွေ့အကြုံများကို သင်ခန်းစာယူကာ နိုင်ငံတော်၏အကျိုးကို သယ်ပိုးဆောင်ရွက်ရာတွင် မတရားသွေးထိုးလှုံ့ဆော်မှုများ၊ ဖိအားပေးမှုများကို အမြဲသတိပြုကြရန် လိုအပ် ပါသည်။ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် ဘာသာသာသနာတို့အပေါ် သစ္စာစောင့်သိပြီး ရင့်ကျက်သည့် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို နိုင်ငံသားတိုင်းက သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရမည်ဖြစ်ပါသည်။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၂ ရက်နေ့တွင် ပေးပို့သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်)