
ရန်ကုန် ဒီဇင်ဘာ ၁၂
စင်ကာပူနိုင်ငံရောက်မြန်မာနိုင်ငံသားများအနေဖြင့် ဒီဇင်ဘာ ၁၂ ရက်ကစတင်ကာ ဝင်ငွေခွန်ပေး ဆောင်ရမည်ဖြစ်ပြီး ဝင်ငွေခွန် ပေးဆောင်ပြီး ပြေစာအထောက် အထားများပြနိုင်မှသာ နိုင်ငံကူး လက်မှတ် သက်တမ်းတိုးမြှင့်ပေး မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
ပြည်ပနေ မြန်မာနိုင်ငံသား များ၏ ပြည်ပတွင်ရရှိသည့် လစာ ဝင်ငွေအပေါ် ၂၀၂၃ ခုနှစ် အောက်တို ဘာ ၁ ရက်မှစ၍ ဝင်ငွေခွန်များ ပေးဆောင်ရမည်ဖြစ်ကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်၍ စင်ကာပူနိုင်ငံ၌ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အနေဖြင့် ယနေ့(ဒီဇင်ဘာ ၁၂ ရက်)မှ စတင်၍ ဝင်ငွေခွန်များ ပေးဆောင်ရမည် ဖြစ်ကြောင်း သံရုံး၏ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၁၂ ရက်မှ စတင်၍ ဝင်ငွေခွန်များ ပေးဆောင်ရမည်ဖြစ် ပြီး အောက်တိုဘာလမှ လာရောက် ဆောင်ရွက်သည့် ကာလအထိ ဝင်ငွေခွန် ပေးဆောင်ပြီးမှသာ မြန်မာသံရုံး စင်ကာပူမြို့တွင် နိုင်ငံကူးလက်မှတ် သက်တမ်း တိုးမြှင့်ခြင်းနှင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ အခွန်များ ကောက်ခံမည့် လစဉ်နှုန်းထားများ အား နေထိုင်ခွင့်အမျိုးအစား များပေါ်မူတည်၍ သတ်မှတ်နှုန်း ထားအပေါ် ၂ ရာခိုင်နှုန်း အခွန် ပေးဆောင်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“အခွန်ဆောင် ပြေစာပြပြီး ရင် သက်တမ်းတိုးရမှာပါ။ နိုင်ငံ ရဲ့ အခွန်ဆိုတာ ကမ္ဘာ့နိုင်ငံ တိုင်း ဆောင်နေရတာပဲလေ” ဟု စင်ကာပူရောက် မြန်မာအလုပ် သမားတစ်ဦးက ပြောသည်။
Student Pass ကိုင်ဆောင် ထားသူများသည် လက်ရှိကျောင်း တက်ရောက်နေသည့် ကျောင်း ထောက်ခံစာများတင်ပြလျှင် ဝင်ငွေ ခွန်ပေးဆောင်ခြင်း ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်းလည်း သံရုံးက အသိပေးထားသည်။ သစ်တော်