
စင်ကာပူ မေ ၂၄
စင်ကာပူနိုင်ငံတွင် မေ ၂၄ ရက်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၇၂၇ ဦး ထပ်မံတွေ့ရှိသည့်အတွက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၂၇၈၁၁၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရ သည်။
အဆိုပါ ကူးစက်ခံရသူများအနက် ၄၂၆ ဦးမှာ ပီစီအာရ်နည်းဖြင့် ရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး ၅၃၀၁ ဦးမှာ အေအာရ်တီနည်းဖြင့် ရှာဖွေတွေ့ ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော အချက် အလက်များအရ သိရသည်။
ပီစီအာရ်နည်းဖြင့် ရှာဖွေတွေ့ရှိသူများအနက် ၄၁၆ ဦးမှာ ပြည်တွင်း ကူးစက်မှုများဖြစ်ပြီး ၁၀ ဦးမှာ ပြည်ပပြန်ကူးစက်မှုဖြစ်ကြောင်း သိရ သည်။ ထို့အပြင် အေအာရ်တီနည်းဖြင့် ရှာဖွေတွေ့ရှိမှုများအနက် ၅၂၀၇ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၉၄ ဦးမှာ ပြည်ပပြန်ကူးစက်မှု ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စုစုပေါင်း ၂၉၇ ဦးမှာ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပြီး ငါးဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဆင်ဟွာ