စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၆၅၁ ဦး ထပ်မံတွေ့ရှိ

 

စင်ကာပူ   မေ   ၁၅ 


စင်ကာပူနိုင်ငံ၌  မေ ၁၅ ရက်က   ကိုဗစ်-၁၉   ကူးစက်ခံရသူ ၂၆၅၁ ဦး ထပ်မံတွေ့ရှိသည့်အတွက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၁၂၄၂၈၈၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ 

 


ကိုဗစ်-၁၉   ကူးစက်ခံရသူများအနက်   ၃၅၆ ဦးသည် ပီစီအာရ်နည်းဖြင့်    စစ်ဆေးတွေ့ရှိခြင်းဖြစ်ပြီး   ၂၂၉၅ ဦးမှာ အေအာရ်တီနည်းဖြင့်    စစ်ဆေးတွေ့ရှိခြင်း    ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းဇယားအရ သိရသည်။ 

 


ပီစီအာရ်နည်းဖြင့် စစ်ဆေးတွေ့ရှိခဲ့သည့်  ၃၅၆ ဦးအနက် ၃၄၁ ဦးမှာ ပြည်တွင်းကူးစက်မှုများဖြစ်ပြီး ၁၅ ဦးမှာ နိုင်ငံရပ်ခြား မှ     ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း    သိရသည်။ ထို့အပြင်  အေအာရ်တီနည်းဖြင့် စစ်ဆေးတွေ့ရှိခဲ့သည့် ၂၂၉၅ ဦးအနက် ၂၂၅၃ ဦးမှာ ပြည်တွင်းကူးစက်မှုများဖြစ်ပြီး ၄၂ ဦးမှာ နိုင်ငံရပ်ခြားမှ      ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။

 


အဆိုပါ ကူးစက်ခံရသူများအနက် ၂၇၄ ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ကိုးဦးမှာ အထူးကြပ်မတ်ကုသ ဆောင်တွင်  ကုသမှုခံယူလျက်ရှိကြောင်း   သိရသည်။ မေ ၁၅ ရက်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ တစ်ဦးရှိလာသည့်အတွက် နိုင်ငံတစ်ဝန်းသေဆုံးသူဦးရေ   ၁၃၆၃   ဦးအထိ      ရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။                                                                                                               
ဆင်ဟွာ