CMP ပို့ကုန်သွင်းကုန်ကြေညာလွှာ MACCS စနစ်အသုံးပြုရာတွင် သတိပြုရန်အချက်များ ထုတ်ပြန်

 

ရန်ကုန်   ဇွန်   ၂


အကောက်ခွန်ဦးစီးဌာနသည်   MACCS စနစ်အသုံးပြု၍        သွင်းကုန်ပို့ကုန် ကြေညာလွှာများ   တင်သွင်းခြင်းတွင် ပို့ကုန်သွင်းကုန် ကုဒ်နံပါတ်များ မှားယွင်း ကြေညာမှု    မဖြစ်ပေါ်စေရေးအတွက် သတိပြုရမည့်အချက်များကို မေ ၃၀ ရက် က ထုတ်ပြန်ကြေညာထားသည်။

 


CMP စနစ်ဖြင့် တင်သွင်းတင်ပို့သည့် ကုန်ပစ္စည်းများအတွက် MACCS စနစ် အသုံးပြု၍ သွင်းကုန်ပို့ကုန် ကြေညာလွှာ များတင်သွင်းရာတွင် Type of Import/Export Code မှားယွင်းကြေညာမိပါက အချိန်ကြန့်ကြာခြင်း၊ ဌာနဆိုင်ရာများသို့ ဖြေရှင်းတင်ပြရခြင်း    အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက်   Type   of Import/ Export Code  အကွက်တွင်   D: Import/Export Declaration (Inward Processing)   ရွေးချယ်ရန်  လိုအပ်ပြီး Nature of Transaction Code အကွက် တွင် T4 ကို ဖြည့်သွင်းပေးရန် လိုအပ် ကြောင်း ထုတ်ပြန်ထားသည်။ ထို့အတူ CMP စနစ်ဖြင့် ကုန်ချောထုတ်လုပ် တင်ပို့ ခဲ့သော  ပစ္စည်းများအနက်   အကြောင်း အမျိုးမျိုးဖြင့်     ပြန်လည်ပြင်ဆင်ရန် ပြည်တွင်းသို့    တင်သွင်းပြီး   ပြင်ဆင် ထုတ်လုပ်မှုပြီးစီး၍ ပြည်ပသို့  ပြန်လည် တင်ပို့သော ကုန်ပစ္စည်းများအတွက်မူ Type of Import/Export Code အကွက် တွင် D: Import/Export  Declaration (Inward   Processing)  ရွေးချယ်ရန် လိုအပ်ပြီး Nature of Transaction Code အကွက်တွင် T5 ကို ဖြည့်သွင်းရမည် ဖြစ်သည်။

 


အကြောင်း       အမျိုးမျိုးကြောင့် မှားယွင်းရောက်ရှိလာသည့် ပစ္စည်းများ ပြန်လည်တင်ပို့သည့်    ကိစ္စရပ်များ အတွက် Reshipment လုပ်ငန်းစဉ်များ အတိုင်း   ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။                                  

 

သီရိ