စလင်း ဇွန် ၁၉
စလင်းမြို့နယ်အတွင်းရှိ မိုးစပါး စိုက်ပျိုးမည့် တောင်သူလယ် သမားများအတွက် ယူရီးယား ဓာတ်မြေသြဇာများကို စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးရန် အတွက် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ က မြို့နယ်အတွင်းရှိ ဓာတ်မြေ ဩဇာအရောင်းဆိုင်များကို ဇွန် ၁၈ ရက်က ကွင်းဆင်းစစ်ဆေးသည်။
တိုင်းဒေသကြီး ကျေးလက် ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနမှူး ဦးစိုးမောင်၊ စလင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်နှင့် တာဝန်ရှိသူများက ယူရီးယား ဓာတ်မြေသြဇာ ဖြန့်ဖြူးရောင်းချမည့် ဟိန်းထက် မင်း ဓာတ်မြေသြဇာအရောင်း ဆိုင်နှင့် ရွှေသြဇာဓာတ်မြေသြဇာအရောင်းဆိုင်တို့တွင် ယူရီးယား ဓာတ်မြေသြဇာများ ရောက်ရှိ နေမှုအခြေအနေကို ကြည့်ရှု စစ်ဆေးပြီး တိုင်းဒေသကြီး ဦးစီးမှူးက ဓာတ်မြေသြဇာ အရောင်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ကာ တောင်သူလယ်သမား များ လက်ဝယ်အရောက် စိုက်ပျိုး ချိန်အမီ ရောင်းချပေးနိုင်ရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးသည်။
စလင်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေ တောင်သူများ အရည်အသွေး ပြည့်မီသော ယူရီးယားဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာ စွာဖြင့် စိုက်ပျိုးချိန်အမီ ဝယ်ယူ အသုံးပြုနိုင်ရေးအတွက် မြို့နယ် အတွင်းရှိ ကျေးရွာလယ်ယာ မြေစီမံခန့် ခွဲရေး ကော်မတီများထံ ယူရီးယားဓာတ်မြေသြဇာ ဝယ်ယူ ခွင့်လက်မှတ်များ ထုတ်ပေးခဲ့ပြီး တောင်သူများအနေဖြင့် စလင်း မြို့ရှိ ဟိန်းထက်မင်းဓာတ်မြေ သြဇာအရောင်းဆိုင်နှင့် ရွှေသြဇာ ဓာတ်မြေသြဇာ အရောင်းဆိုင် တို့တွင် ယူရီးယားဓာတ်မြေသြဇာ တစ်အိတ်လျှင် ငွေကျပ် ၈၉၁၀၀ နှုန်းဖြင့် သွားရောက်ဝယ်ယူ နိုင်ကြောင်း မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
အထွေး



