
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီး များ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် ၁၉ ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက် ရှိပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်း များမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် ၂၂၇၀ ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် ငွေကျပ်၂၃၄၀ ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ငွေကျပ် ၂၄၇၀၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်ငွေကျပ် ၂၅၅၀ ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် ငွေကျပ် ၂၂၅၀၊ ဓာတ်ဆီ(95)တစ်လီတာလျှင် ငွေကျပ်၂၃၁၀၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ငွေကျပ် ၂၃၂၀၊ ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင် ငွေကျပ် ၂၄၀၀ ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် ငွေကျပ် ၂၀၊ ဓာတ်ဆီ(95)တစ်လီတာလျှင် ငွေကျပ် ၃၀၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် ငွေကျပ် ၁၅၀၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ငွေကျပ် ၁၅၀ ဖြင့် ဈေးနှုန်းအသီးသီး ကျဆင်းလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)