စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဆီတန်းစီ ဝယ်ယူသူအရေအတွက်မှာ သိသိသာသာလျော့ပါးသွားပြီ

 

ရန်ကုန်  ဒီဇင်ဘာ   ၁၃


စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဆီတန်း စီ ဝယ်ယူသူအရေအတွက်မှာ  သိသိသာသာ လျော့ပါးသွားပြီဖြစ်ကာ မိမိဝယ်ယူလိုသည့် ပမာဏဝယ်ယူရရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိ ရသည်။


လက်ရှိ စက်သုံးဆီအရောင်းဆိုင်အများစုတွင် တန်းစီဝယ်ယူသည့်ကားအစီးရေသည် လေးစီး၊ ငါးစီးခန့်သာ   ရှိတော့ကြောင်းလည်း မေးမြန်းချက်များအရ သိရသည်။


“စက်သုံးဆီတန်းစီရတာတော့   သိပ်မရှိ တော့ပါဘူး။ တချို့ဆိုင်တွေဆို ကားလေးစီး၊ ငါးစီးလောက်နဲ့ပုံမှန်အတိုင်းပြန်ဖြစ်နေပါပြီ။ တချို့ဆိုင်တွေမှာတော့ တန်းစီနေတဲ့ကားအစီး ရေတချို့   ရှိနေသေးတယ်” ဟု  ဒီဇင်ဘာ ၁၃ ရက်တွင် ကားဆီဖြည့်ခဲ့သူ လုပ်ငန်းရှင်တစ်ဦး က ဆိုသည်။


ဝယ်ယူလိုသည့်ပမာဏာရရှိ


မိမိဝယ်ယူလိုသည့် စက်သုံးဆီပမာဏကို ဝယ်ယူရရှိနေပြီဖြစ်ကြောင်း     အငှားယာဉ် မောင်း    တစ်ဦးဖြစ်သူ    ကိုလင်းအောင်က ဆိုသည်။


“ဆီတန်းစီခဲ့ရတဲ့ကာလကဆို ကားအစီး ရေ ၁၀၀ လောက်အထိ  တန်းစီတာတွေ   ရှိခဲ့ တယ်။ အခုကျတော့ တန်းစီရတာတွေသိပ်မရှိ တော့ပဲ ကိုယ်လိုသလောက်   ဖြည့်လို့ရတယ်။   ပုံးနဲ့ကတော့ မရောင်းဘူး။ ကျွန်တော်တို့ အငှား ယာဉ် သမားတွေအတွက် လမ်းကြောင်းများများ ဆွဲလို့ရတာပေါ့။ ပိုပြီးအဆင်ပြေသွားတယ်” ဟု ၎င်းက ဆိုသည်။


ဒီဇင်ဘာ  ၁၂  ရက်ကလည်း   ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးစိုးသိန်းနှင့် တာဝန်ရှိသူများသည်      သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ကန်စခန်းများတွင် စက် သုံးဆီသိုလှောင်ထားမှုအခြေအနေနှင့်  ဆီ သယ်ယာဉ်များပေါ်သို့ စက်သုံးဆီဖြည့်တင်းနေမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ပြီးဆီသိုလှောင်ကန်မှ ဆီသယ်ယာဉ်များအပေါ် သို့   ဆီဖြည့်သွင်းသည့်စနစ်  အားနည်းချက် မရှိရေး၊   အစီအစဉ်တကျ   ဖြည့်သွင်းခြင်း၊ ထွက်ခွာခြင်းနှင့် ဆိုင်အရောက် မြန်ဆန်ရေး စနစ်သည်အကောင်းဆုံးဖြစ်၍ ဆောင်ရွက်ကြ ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။


အများပြည်သူခရီးသွားလာမှုနှင့်  အထွေ ထွေလုပ်ငန်းကိစ္စရပ်များ လုံလောက်စွာသုံးစွဲ နိုင်ရန် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဒီဇင်ဘာ ၁၁ ရက်တွင် 92 Ron  ဂါလန်   ခြောက်သိန်း ကျော်၊ 95 Ron  ဂါလန်  လေးသိန်းကျော်၊ ဒီဇယ်ဆီ  ဂါလန် လေးသိန်းကျော်၊ ပရီမီယမ် ဒီဇယ်ဆီ ဂါလန်   ငါးသိန်းကျော်   စုစုပေါင်း စက်သုံးဆီ ဂါလန်   နှစ်သန်းခန့်    ဖြန့်ဖြူးခဲ့ သဖြင့် ယခင်ထက်  သုံးဆခန့် ပိုမိုဖြန့်ဖြူးပေးခဲ့ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က သတင်းထုတ်ပြန်ထားသည်။


ဆီပြတ်လပ်နိုင်သည့်အခြေအနေမရှိ


လက်ရှိ  ပြည်တွင်းစက်သုံးဆီလက်ကျန် အခြေအနေနှင့်  ပြည်ပမှ  မှာယူထားသည့် စက်သုံးဆီ  စဉ်ဆက်မပြတ်   ဝင်ရောက်နေမှု ကြောင့် နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်နိုင် သည့်အခြေအနေမရှိသဖြင့် အများပြည်သူ များအနေဖြင့် စိုးရိမ်စရာမလိုဘဲ စက်သုံးဆီများ ကို မိမိတို့လိုအပ်သလောက် စိတ်အေးချမ်းစွာ ဝယ်ယူသုံးစွဲနိုင်မည်ဟုလည်း ထုတ်ပြန်ချက် တွင် ပါရှိသည်။


စက်သုံးဆီ    အမှန်တကယ်လိုအပ်သည့် အများပြည်သူများ လွယ်ကူလျင်မြန် အချိန် ကုန်သက်သာစွာဖြင့် လိုအပ်သည့်  မည်သည့် စက်သုံးဆီအမျိုးအစားကိုမဆို   နေရာမရွေး၊ အချိန်မရွေး ပုံမှန်လိုအပ်သည့် ပမာဏအတိုင်း ဝယ်ယူရရှိနိုင်ရန်အတွက် စီမံဆောင်ရွက်လျက် ရှိပြီး စက်သုံးဆီအရောင်းဆိုင်များတွင် အကြိမ် ကြိမ်တန်းစီဝယ်ယူကာ     တစ်ဆင့်ပြန်လည် ရောင်းချမှုများနှင့်     တရားမဝင်သိုလှောင် ရောင်းချခြင်းများကိုလည်း စစ်ဆေးဖော်ထုတ် ဖမ်းဆီး၍    ဥပဒေနှင့်အညီ    ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိသည်။        

MT