
နေပြည်တော် ဒီဇင်ဘာ ၆
စခန်းအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင် ရေးသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြန်လည်ထူထောင်ရေး စခန်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး သင်တန်းသား များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ပြီး (ဝဲပုံ) ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်း သားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
အဆိုပါသင်တန်းကို သင်တန်း သား ၂၀ ဖြင့် ရက်ပေါင်း ၉၀ ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်