စိုက်ပျိုးမမှားဘဲ အကျိုးများစေတဲ့ ဆီထွက်သီးနှံနေကြာ

Type
333

 

 

နန်းထက်ထက်ချစ်

 

စိုက်ပျိုးပြီး ရက်ပေါင်း ၈၀ ကနေ ၈၅ ရက်အတွင်း ဈေးကွက်ဝင် ငွေပေါ်နိုင်သည့်အပြင်  ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက်  အရေးပါသော  နေကြာသီးနှံ  စိုက်ပျိုးရေးအကြောင်းကို တောင်သူအများစု စိတ်ပါဝင်စားလာကြပါတယ်။ 
နေကြာသီးနှံကို   ဘာဖြစ်လို့   စီးပွားဖြစ်   စိုက်ပျိုး သင့်တာလဲ 
နေကြာသီးနှံဟာဆိုရင်…  စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နည်းပါးခြင်း၊     စိုက်ပျိုးနည်းစနစ် လွယ်ကူရိုးရှင်းခြင်း၊  ဆီထွက်နှုန်းကောင်းမွန်ပြီး ပြည်တွင်းစားသုံးဆီ ဖူလုံရေးကို အထောက်အကူ ပြုခြင်း၊ တစ်မျိုးတည်း သီးသန့်စိုက်ပျိုးမှုအပြင် အခြားသီးနှံများနဲ့ပါ သီးညှပ်စိုက်ပျိုးရန် သင့်တော် ခြင်း၊  သဲနုန်းမြေအမျိုးအစားကနေ   မြေစေးမြေ အမျိုးအစားအထိ      မြေတော်တော်များများမှာ စိုက်ပျိုးနိုင်ခြင်း၊  စပါးရိတ်သိမ်းပြီးချိန်၊  မိုးသီးနှံ  ရိတ်သိမ်းပြီးချိန်တွေမှာ    စိုက်ပျိုးနိုင်ခြင်း     စတဲ့ အားသာချက်တွေ အများကြီးရှိတာကြောင့်ပဲ ဖြစ်ပါ တယ်။ နေကြာသီးနှံစိုက်ပျိုးရာမှာ အထွက်ကောင်း မျိုးများဖြစ်ကြတဲ့ စပ်မျိုးနေကြာ၊ ရေဆင်းစပ်မျိုး-၁၊  နိုင်ငံတော်       မျိုးစေ့ကော်မတီမှ      အတည်ပြု ထားတဲ့  နိုင်ငံခြားစပ်မျိုးများနဲ့  OPV  မျိုးဖြစ်တဲ့ ဆင်းရွှေကြာ- ၂  မျိုးတွေကို  စိုက်ပျိုးလေ့ရှိကြ ပါတယ်။   မိုးနေကြာကို   မေလ၊   ဇွန်လတွေမှာ စတင်စိုက်ပျိုးလေ့ရှိပြီး    ဆောင်းနေကြာကိုတော့ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ စိုက်ပျိုး လေ့ရှိတာကြောင့် မိမိတို့ဒေသရာသီဥတုအပေါ် ချိန်ဆပြီး စိုက်ပျိုးနိုင်ပါတယ်။ 
ကျရောက်တတ်သော          ပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နင်းပုံ
 အပင်ငယ်စဉ်မှာ    ဖြုတ်ပိုး၊     ရွက်စားပိုး၊  ရွက်ဖောက်ကျိုင်းတွေ ကျရောက်တတ်ပါတယ်။  အစေ့အဆန်တည်ချိန်မှာ  သီးလုံးဖောက်ပိုးနဲ့ ရွက်စုံ စား   ခူဝါများ    ကျရောက်တတ်ပါတယ်။    ထိသေ ပိုးသတ်ဆေးတစ်မျိုးမျိုးကို   အသုံးပြုနိုင်ပါတယ်။ မှိုရောဂါ   ကျရောက်မှုကို   ကာကွယ်ရန်အတွက် မျိုးစေ့ကို  မှိုသတ်ဆေးနဲ့  လူးနယ်  စိုက်ပျိုးပါ။  နေကြာပင်ကို ပိုးမွှားရောဂါများဖြစ်တဲ့ ဖြုတ်စိမ်း၊ ရွက်လိပ် ရွက်ကပ်ပိုး၊ ပျ၊ ယင်ဖြူ၊ ငမြှောင်တောင်၊ ခူမွေးရှည်၊   ပန်းပွင့်ထိုးပိုး၊  ငှက်၊  ကြွက် စသော အင်းဆက်ပိုးများကို ကာကွယ်နိုင်ဖို့ အပင်ငယ်စဉ်မှာ သင့်တော်တဲ့     ပိုးသတ်ဆေးတွေနဲ့     ဖျန်းပက် ကာကွယ်ပါ။   သီးနှံရင့်မှည့်ချိန်မှာ   အပင်ရှိ   အစေ့ အဆန်များကို      လာရောက်   ကိုက်ဖြတ်လေ့ရှိတဲ့ ငှက်နဲ့ကြွက်ရန်မှ  ကာကွယ်ပါ။    မျိုးစေ့ဆောင်    ရောဂါများကို ကာကွယ်နိုင်ဖို့အတွက် မျိုးစေ့ချချိန် မှာ မှိုသတ်ဆေးနဲ့ မျိုးစေ့ကို စိမ်ပေးပါ။ နေကြာ ရွက်ခြောက်  ရောဂါကို  ကာကွယ်နိုင်ရန်   ပန်းပွင့် အရွယ်အစား  ပမာဏ ၅၀ ရာခိုင်နှုန်းရှိတဲ့ ကာလ ရောက်ချိန်မှာ နှစ်ပတ်ကို  တစ်ကြိမ်နှုန်းနဲ့  သုံးကြိမ် တိုင်အောင် ရောဂါကာကွယ်ဆေး (ဥပမာ− ဘီနို မိုင်း) ကို ပက်ဖျန်းပေးပါ။ ရောဂါဆိုးရွားစွာကျရောက် ပါက ပွင့်ဖူးဝင်ချိန်ကစပြီး မှိုသတ်ဆေးနဲ့ ကာကွယ် နှိမ်နင်းပါ။ အပင်ငယ်စဉ်မှာ ပေါင်းမြက်ကင်းစင် အောင်ပြုလုပ်ပေးပါ။  ပေါင်းမြက်ကြောင့်  နေကြာ  အထွက်  ၅၀  ရာခိုင်နှုန်းကျော်   လျော့ကျစေနိုင် ပါတယ်။    အပင်အညှောင့်ပေါက်ပြီး       ခုနစ်ရက် အတွင်း လက်ပေါင်းလိုက် (သို့မဟုတ်) ကြားပေါင်း လိုက်ကိရိယာနဲ့   ပေါင်းမြက်   နှိမ်နင်းပါ။    အပင် ပေါက်ပြီး ၄၀ ရက်သားအတွင်း ပေါင်းမြက်နှိမ်နင်း ပါ။  နေကြာစိုက်ခင်းအတွင်း   ပျားအုံများ  ထားရှိ နိုင်ပါက    အထူးကောင်းမွန်ပါတယ်။    ပန်းပွင့်ချိန် ပိုးသတ်ဆေးဖျန်းပါက ဝတ်မှုန်ကူးသော အကျိုးပြု  ပျားများကို ထိခိုက်နိုင်တဲ့အတွက် ပန်းမပွင့်မီမှာ ကြိုတင်ဖျန်းဖို့တော့ လိုအပ်ပါတယ်။ 
မြေဩဇာကျွေးမွေးခြင်းနှင့် ရေပေးဝေပုံ
နေကြာပင်များ     စိုက်ပျိုးရာမှာ     ရေစိမ့် အားကောင်းပြီး ရေမဝပ်သောမြေမှာ ရှင်သန်ဖွံ့ဖြိုးမှု နှုန်း  မြင့်မားပြီး  မြေချဉ်ငန်ကိန်း (pH Level) 6.0 ကနေ 7.5 အတွင်းမှာရှိတဲ့ မြေအမျိုးအစားဖြစ်ပါက စိုက်ပျိုးဖို့   အထူးသင့်တော်ပါတယ်။  နေကြာပင် တွေဟာ   အမြစ်အုံထုထည်   ကြီးမားတဲ့အတွက် တိုက်ကျွေးလိုက်တဲ့  ရေနဲ့  အစာအာဟာရဓာတ် တွေကို များစွာစားသုံးနိုင်တာကို သိထားဖို့ လိုအပ် ပါတယ်။ နေကြာစိုက်ပျိုးရာမှာ သဘာဝမြေသြဇာနဲ့  ဓာတ်မြေသြဇာတွေကိုတော့ မိမိတို့အားသန်သလို ထည့်သွင်းပေးနိုင်ပါတယ်။     ရေပေးသွင်းချိန်မှာ အပင်ခြေရင်းကို   ရေမဝပ်စေဖို့   အထူးအရေးကြီး ပါတယ်။ အပင်ပိုင်းရေလိုအပ်ချက်အနေနဲ့ ပန်းဖူး ဝင်ချိန်ကနေ ပန်းပွင့်ချိန်အထိ ရက်ပေါင်း ၂၁ ရက် ဝန်းကျင်အတွင်း မြေကြီးအစိုဓာတ် လုံလောက်နေဖို့  လိုအပ်ပါတယ်။ အဖူး ၇၅ ရာခိုင်နှုန်းဝင်ချိန်နဲ့ ပန်း ၇၅ ရာခိုင်နှုန်း ပွင့်ချိန်တို့မှာလည်း ရေတစ်ကြိမ်စီ သွင်းပေးပါ။  နေကြာပန်းပွင့်တွေရဲ့ နောက်ကျော ဘက်အရောင်မှာ အဝါရောင်သို့ ကူးပြောင်းချိန်မှာ  နေကြာသီးနှံတွေကို  စတင်ရိတ်သိမ်းနိုင်ပါတယ်။ ရိတ်သိမ်းပြီးနောက်မှာတော့       နေကြာပန်းပွင့် တွေကို သဘာဝနေရောင်ခြည်မှာ အခြောက်ခံပြီး လည်းကောင်း    (သို့မဟုတ်)   တခြားနည်းလမ်း တစ်မျိုးမျိုးနဲ့      အခြောက်ခံပြီးလည်းကောင်း လုံလောက်စွာ အခြောက်ခံရပါမယ်။ နေကြာပန်းပွင့် တွေ  စိုထိုင်းဆများမကျန်ဘဲ သွေ့ခြောက်သွားချိန် မှာတော့  နေကြာစေ့များ ထွက်လာရန် အသင့်ခြွေ နိုင်ပြီပဲဖြစ်ပါတယ်။           ။