
ဘားအံ မတ် ၁၂
ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာ၊ ကော့သံခါကျေး ရွာနှင့် မိန်းမလှကျွန်းကျေးရွာ များမှ စိုက်ဧကပေါင်း ၁၅၀၀ ကျော်ကို အကျိုးပြုနိုင်သည့် ထုံးအိုင် - ကော့သံခါ ကုန်ထုတ် လမ်းဖွင့်ပွဲကို မတ် ၁၁ ရက်က အဆိုပါ လမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
လမ်းဖွင့်ပွဲတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာအုပ်စုများမှ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပြည်နယ် ဝန်ကြီးချုပ်က ယခင်မူလ ကုန်ထုတ်လမ်းမှာ မိုးရာသီတွင် ရေလွှမ်းသဖြင့် ထုတ်ကုန်များ အလွယ်တကူ သယ်ပို့နိုင်ခြင်း မရှိခဲ့ကြောင်း၊ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ ဘတ်ဂျက် တွင် ကရင်ပြည်နယ် အစိုးရ အဖွဲ့ ရန်ပုံငွေကျပ် ၁၅၅ ဒသမ ၀၆၄ သန်းဖြင့် လမ်းအရှည် ၂ မိုင် ၄ ဖာလုံတွင် ရေထုတ်ပြွန် သုံးစင်း ထည့်သွင်းတည်ဆောက်၍ ဂဝံ လမ်းသားမြှင့်တင်ပြီး အဆင့်မြှင့် တင်ခဲ့ကြောင်း၊ ကျေးရွာသူ/သား များ၏ ကုန်စည်ပို့ဆောင်ရောင်း ဝယ်ရာတွင် သွားလာရေလွယ် ကူခြင်းနှင့်အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှု ရေးတို့ကို အကျိုးပြုမည့်အပြင် ထုတ်ကုန်များ သယ်ယူရာတွင် လျင်မြန်ချောမွေ့စွာ သယ်ယူပို့ ဆောင်နိုင်မည်ဖြစ်ကာ စိုက်ဧက ပေါင်း ၁၅၀၀ ကျော်အတွက် အထောက်အကူပြုနိုင်မည် ဖြစ် ကြောင်း၊ တည်ဆောက်ပြီး လမ်း၊ တံတားများ ပျက်စီးမှုမရှိအောင် ကျေးရွာသူ/သားများက ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ပေးရန် နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ နှင့် ပူးပေါင်းဆောင်ရွက်ပြီး ကရင် ပြည်နယ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တဦးစီးမှူးက ကုန်ထုတ်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့် ပြည်နယ်ဥပဒေချုပ်တို့က ထုံးအိုင် - ကော့သံခါ ကုန်ထုတ် လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ လမ်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်ဆက်)