စိန်ရတုပြည်ထောင်စုနေ့မှသည် . . .

Type
99

 

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုဆောင်းပါး
 

 

မောင်ခိုင်မာ
(အထက်မင်းလှ)

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ  ၁၂ ရက်နေ့သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အမွန်အမြတ်ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖြစ်တည်လာရေးအတွက် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်းစဉ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အခိုင်အမာဖော်ဆောင်နိုင်ခဲ့သည့် သမိုင်းဝင်  နေ့ထူးနေ့မြတ်ကြီးလည်း  ဖြစ်ပေသည်။

 

ပထမအကြိမ်ပင်လုံညီလာခံ


ဗြိတိသျှကိုလိုနီနယ်ချဲ့၏    မတရား ကျူးကျော်     သိမ်းပိုက်ခံရမှုကြောင့် သူ့ကျွန်ဘဝသို့ သက်ဆင်းခဲ့ရပြီးနောက် လွတ်လပ်ရေးအတွက် လူထုလူတန်းစား အလွှာအသီးသီးက အခြေအနေအချိန် အခါအလိုက်     နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကို       စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။   နယ်ချဲ့ ဗြိတိသျှတို့သည်  “၁၉၃၅ခုနှစ်၊ မြန်မာ နိုင်ငံ  စီရင်အုပ်ချုပ်မှု အက်ဥပဒေ” ဖြင့် တိုင်းရင်းသားတို့၏         စည်းလုံးညီညွတ် မှုကို ဖြိုခွဲလေတော့သည်။

 


နယ်ချဲ့တို့က    မလွှဲမရှောင်သာ၍ ဗမာပြည်မကို လွတ်လပ်ရေးပေးရသည် ရှိသော် ပြည်မကို ဒိုမီနီယံအဆင့်ပေးပြီး တောင်တန်းဒေသများကို “ဗမာပြည်မ နှင့် ခွဲထုတ်၍  သီးခြားအုပ်ချုပ်သည့် စည်းမျဉ်း” (Schedule Area Admini- stration Regulation)ဖြင့်  အုပ်ချုပ်ရန် လျှို့ဝှက်ကြံစည်ခဲ့ကြသည်။  ထိုအစီ အစဉ်ကို တိုင်းရင်းသားတို့ သိရှိသောအခါ ဗိုလ်ချုပ်နှင့်တိုင်ပင်ကာ ၁၉၄၆  ခုနှစ် မတ်လ ၂၀ မှ ၂၈ ရက်နေ့အထိ ရှမ်းပြည် နယ်  ပင်လုံမြို့တွင်    “ပထမအကြိမ် ပင်လုံညီလာခံ”ကို ကျင်းပခဲ့ကြသည်။ ယင်းညီလာခံတွင် နယ်ချဲ့ဆန့်ကျင်ရေး၊ ရှမ်းပြည်လွတ်လပ်ရေး၊  ရှမ်း -  ဗမာ ပူးပေါင်းရေးစသည်ဖြင့် ကဏ္ဍစုံလင်စွာ ဆွေးနွေး   ဆုံးဖြတ်နိုင်ခဲ့ကြပါသည်။ သို့အတွက် နယ်ချဲ့တို့ကြံရွယ်ထားသည့် တိုင်းရင်းသားလူမျိုးများ စုပေါင်းပါဝင် သည့်   “တောင်တန်းဒေသစည်းလုံး ညီညွတ်ရေးအဖွဲ့ချုပ်”  (United  Hill People Organization)   ဖွဲ့စည်းရေး စီမံကိန်းမှာလည်း  ပျက်ပြယ်သွားလေ သည်။

 


သမိုင်းဝင်ပင်လုံညီလာခံ


ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်အရ မြန်မာ့လွတ်လပ်ရေးအတွက်     ၁၃-၁-၁၉၄၇ တွင် ဗြိတိသျှ နန်းရင်းဝန်ဂေဟာ ၌ ဗိုလ်ချုပ်ခေါင်းဆောင်သောအဖွဲ့နှင့် ဗြိတိသျှအစိုးရတို့ ညှိနှိုင်းဆွေးနွေးသည်။ အခက်အခဲအချို့ ရှိခဲ့သော်လည်း ၂၄-၁- ၁၉၄၇ ရက်နေ့တွင်  ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရန် မူအားဖြင့် သဘောတူပါသည် ဟူသော ကြေညာချက်ကို  ထုတ်ပြန်ခဲ့ပါသည်။ ၂၇-၁-၁၉၄၇တွင်     အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။

 


မြန်မာနိုင်ငံသို့ပြန်ရောက်လာသောအခါ ဗိုလ်ချုပ်နှင့်အဖွဲ့သည် ၃-၂-၁၉၄၇ ရက်နေ့မှစ၍ ကျင်းပနေသော ပင်လုံ ညီလာခံသို့ ၈-၂-၁၉၄၇တွင် ရောက်ရှိကြ ပြီး        တိုင်းရင်းသားအစုအဖွဲ့များနှင့် အကျေအလည်  ဆွေးနွေးခဲ့ကြသည်။ ၁၁-၂-၁၉၄၇ ရက်နေ့        တစ်နေ့လုံး ဆွေးနွေးကြပြီးနောက် “တောင်တန်း ဒေသများသည် မြန်မာတို့နှင့် ပူးပေါင်း၍ လွတ်လပ်ရေးအရယူမည်”      ဟူသော သဘောထားကိုရရှိခဲ့သည်။ ၁၂-၂-၁၉၄၇ ရက်နေ့တွင် ဗိုလ်ချုပ်နှင့် တိုင်းရင်းသား ကိုယ်စားလှယ် ၂၂ (ပေါင်း၂၃ဦး)တို့သည် အချက်(၉)ချက်ပါသော သမိုင်းဝင်ပင်လုံ စာချုပ်ကို  အောင်မြင်စွာ   လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။     ဤသည်မှစ၍ လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင် ခဲ့သည်။

 


မွန်မြတ်စိတ်ဓာတ်


မြန်မာနိုင်ငံသည်    ပြည်ထောင်စု နိုင်ငံဖြစ်၍ ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး    တိုင်းရင်းသားလူမျိုးများ အားလုံး  ညီညွတ်မှုကို တည်ဆောက်ကြ ရမည်ဖြစ်ကြောင်း  သမိုင်းသင်ခန်းစာ များက      ဖော်ညွှန်းလျက်ရှိသည်။ ပြည်ထောင်စုစိတ်ဓာတ်    ဆိုသည်မှာ ပြည်ထောင်စုကြီးတစ်ခုလုံးကို မိသားစု တစ်စုတည်း၊ အိမ်ထောင်စုတစ်ခုတည်း ဟု စွဲမြဲခိုင်မာစွာ လက်ခံယူထားသည့် သဘောထား ခံယူချက်ပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုသားအချင်းချင်း   တစ်ဦး ကိုတစ်ဦး ရိုင်းပင်းကူညီလိုခြင်း၊ အခက် အခဲတွေ့ကြုံလျှင် ကူညီဖြေရှင်းပေးလို ခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်လို ခြင်း၊ အချင်းချင်းစာနာထောက်ထားခြင်း နှင့် နားလည်သည်းခံတတ်ခြင်းတို့သည် ပြည်ထောင်စုစိတ်ဓာတ်၏  ကောင်းမြတ် သည့် အခြေခံကောင်းများဖြစ်ကြောင်းကို နိုင်ငံတော်ဝန်ကြီးချုပ်က  တိုင်းရင်းသား လူငယ်မောင်မယ်များအား   ရှင်းလင်း ပြောကြားခဲ့သည်။        ပြည်ထောင်စု စိတ်ဓာတ်သည်                ပြည်ထောင်စုကြီး ကောင်းကျိုးအတွက်   မွေးမြူရမည့် မွန်မြတ်စိတ်ဓာတ်ပင်    ဖြစ်ပါသည်။ ပြည်ထောင်စုစိတ်ဓာတ်    မွေးမြူနိုင် ခြင်းမရှိပါက  တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း  စိတ်ဝမ်းကွဲကာ ပြည်ထောင်စုကြီး ပြိုကွဲနိုင်သည့်အခြေ အနေသို့ပင် ဆိုက်ရောက်နိုင်ပါသည်။

 


ငြိမ်းချမ်းရေးမဟာဗျူဟာ NCA


“၇၅နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ     ပိုမိုခိုင်မာစေဖို့  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း   အသီး အပွင့်များနဲ့ ပြည့်စုံဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ      စရပါမယ်”ဟူ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ခုနှစ်၊  နှစ်သစ် ကူး   မိန့်ခွန်းတွင်  ထည့်သွင်းပြောကြား ခဲ့သည်။

 


နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်း ရေးနှင့်ပတ်သက်ပြီး မူဝါဒ(၄)ရပ် ချမှတ် ဆောင်ရွက်နေကြောင်းနှင့် အဆိုပါမူဝါဒ စတုတ္ထအချက်တွင် “NCA အရ တရားဝင် အစည်းအဝေးများနှင့်   ငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်သည်အထိ  ညှိနှိုင်း ဆောင်ရွက်သွားရန်”ဟု   ပါရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင် ဘာလ၂၁ရက်မှစ၍ ၂၀၂၂ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးအတွက်  ထုတ်ပြန်ချက်ပေါင်း      အကြိမ်(၂၀)  ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုများ     ရပ်စဲပေးခဲ့ကြောင်း၊         ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုအပြီး    နှစ်နိုင်ငံ သဘောတူ ထုတ်ပြန်ချက်အရ ယခုနှစ် ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ အလားတူ NCA လက်မှတ်ရေးထိုး ပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၊ NCA လက်မှတ်ရေးထိုးထား ခြင်း  မပြုသေးသည့်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီ များ၊     ဘာသာရေးခေါင်းဆောင်များ၊  ငြိမ်းချမ်းရေး  အကျိုးတော်ဆောင်များ စသည်တို့နှင့်     တွေ့ဆုံခဲ့ပြီး    NCA လမ်းကြောင်းအတိုင်း    ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ     ဖော်ဆောင်နေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်း ခဲ့သည်။

 


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ(ဒုတိယအစည်းအဝေး)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က “ယုံကြည်မှုရဲ့ ဆန့်ကျင်ဘက်ကတော့ စိုးရိမ်ပူပန်မှုဖြစ်ပြီး      ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်ရာမှာ ကြီးမားတဲ့ ဟန့်တား         နှောင့်ယှက်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ NCA ဟာ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်ချခိုင်းတဲ့   စာချုပ်မဟုတ် ကြောင်းကိုလည်း  ရှင်းလင်းစွာ  ထပ်မံ အသိပေးလိုပါတယ် .....”     ဟူ၍ လည်းကောင်း၊ “ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက်  တိုက်ပွဲဖြစ်စဉ် များ ချုပ်ငြိမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခ များ    ချုပ်ငြိမ်းရေးဟာ    တပ်မတော်ရဲ့ အလိုလားဆုံးဆန္ဒလည်း  ဖြစ်ပါတယ်။ NCAရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်ပါ အတိုင်း ပါဝင်သင့်ပါဝင်ထိုက်တဲ့ တိုင်ရင်း သား  လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာရေးအတွက်   ငြိမ်းချမ်းရေး တံခါးအမြဲဖွင့်ထားပြီး   လက်ကမ်းကြိုဆို လျက်ရှိကြောင်း ပြောကြားလိုပါတယ်...။” ဟူ၍လည်း    ထည့်သွင်းပြောကြားခဲ့ သည်ကို သတိရမိပါသည်။

 


နောက်မှာကျန်ရစ်ခဲ့မှာဖြစ်ပါတယ်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်    အမိမြန်မာနိုင်ငံတော်အား ဒီမိုကရေစီနှင့်       ဖက်ဒရယ်စနစ်ကို အခြေခံသော  ပြည်ထောင်စုနိုင်ငံသစ် ဖြစ်တည်ရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ  လိုအပ်သည့် အခင်းအကျင်းများကို စီမံစိုင်းပြင်းနေ ကြောင်း သိသာထင်ရှားစွာ တွေ့ရသည်။ တစ်ဆက်တည်းမှာပင်   တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏          စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်  ကြိုးပမ်းဆောင် ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက် ရာတွင်       ၃၁-၁-၂၀၂၂  ရက်နေ့က  “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး (၁/၂၀၂၂)” တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအဖွဲ့ဝင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က  ထည့်သွင်းပြောကြား သည့် “မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံ (Least Development Country)ဖြစ်ပါတယ်၊ နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင် နှုန်းခန့်ဟာ ကျေးလက်နေသူများဖြစ်ပြီး ၃၀ ဒသမ ၄ရာခိုင်နှုန်းခန့်ဟာ ဆင်းရဲ သူများ ဖြစ်တဲ့အတွက် နိုင်ငံရဲ့ဖြေရှင်းရန် ရှိသည်များ       ဖြေရှင်းဆောင်ရွက်ရေး၊  နိုင်ငံ့စီးပွားတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်   လုပ်ဆောင်ရန် လိုပါတယ်၊ တုံ့ဆိုင်းနေပါက မိမိတို့နိုင်ငံ သာ အခြားနိုင်ငံများရဲ့ နောက်မှာကျန်ရစ် ခဲ့မှာ ဖြစ်ပါတယ်....”ဟူသည့် တိုက်တွန်း နှိုးဆော်ချက်ကို  ကျွန်ုပ်တို့အားလုံးက အလေးထား     လိုက်နာကြရမည်ဖြစ် သည်။ 

 


ပင်လုံစိတ်ဓာတ်အခြေခံဖြင့်


ယနေ့ကာလကမ္ဘာကြီးဝယ် ကမ္ဘာသစ်အစီအစဉ်နှင့်အားပြိုင်မှုများ၊ ကိုဗစ် ရောဂါဒဏ်ခံစားနေရခြင်းတို့မှ ရုန်းထ ရှင်သန်ကြရမည့် အခြေအနေဖြစ်သကဲ့ သို့  ပြည်တွင်းရေးအခြေအနေမှာလည်း ပြည်ထောင်စုကြီး          ပြိုကွဲရေးကို   ပြည်တွင်း၊  ပြည်ပ     စနစ်တကျစီမံ ဆောင်ရွက်နေကြသည့်   အခါသမယ ဖြစ်နေသဖြင့် ကျွန်ုပ်တို့ တိုင်းရင်းသား ပြည်သူအပေါင်းက သမိုင်းအစဉ်အလာ မွန်မြတ်လေးနက် သည့်  ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်  အခြေခံဖြင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့    အမျိုးသားရေး  ဦးတည်ချက်များ ကို          ကျရာကဏ္ဍမှ      လက်တွဲညီညာ ဆောင်ရွက်သွားကြရန်       တိုက်တွန်း တင်ပြလိုက်ရပေသည်။    ။