စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ဒုတိယနေ့ဆက်လက်ကျင်းပ ကျောင်းသား ကျောင်းသူများနှင့် လူငယ်များစိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာ

 

 

နေပြည်တော်   ဇန်နဝါရီ   ၃၀

 


စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ်  လူငယ်နှင့်စာပေပွဲတော် ဒုတိယနေ့အဖြစ်    ယနေ့နံနက် ၉   နာရီခွဲမှစ၍     နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ      အားကစားကွင်း၌  ဆက်လက်    ကျင်းပလျက်ရှိရာ ဝန်ကြီးဌာနများမှ   ဝန်ထမ်းများ နှင့်    မိသားစုများ၊   ကျောင်းသား ကျောင်းသူများ၊   လူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာ  ကြည့်ရှုကြ သည်။ 

 


ယနေ့တွင် သိပ္ပံနှင့်နည်းပညာ ပြခန်း၊    လေကြောင်းပညာရပ် ဆိုင်ရာ    အသိပညာပေးပြခန်း၊ ရေကြောင်းပညာရပ်ဆိုင်ရာ အသိ ပညာပေးပြခန်းတို့တွင်    နည်း ပညာရပ်ဆိုင်ရာများ   လေ့လာ နိုင်မည့်အပြင်    ကျောင်းသား၊ ကျောင်းသူများနှင့်   လူငယ်များ ကိုယ်တိုင်      အဆင့်မြင့်တိုက် လေယာဉ်၊    ရဟတ်ယာဉ်များ၊ သင်္ဘောများကို စမ်းသပ်မောင်းနှင် နိုင်မည့်  simulator များ ထားရှိ ပေးထားသည့်အတွက်     ယင်း ပြခန်းများ၌      အထူးစည်ကား လျက်ရှိသည်။ 

 


ထို့ပြင်      “မူးယစ်ဆေးဝါး ကင်းစင်ဖို့ အသိပညာဖြန့်ဝေစို့” ဆောင်ပုဒ်ဖြင့်    နေပြည်တော် ရဲတပ်ဖွဲ့မှ မှုခင်းပညာပေးပြခန်း ယာဉ်ကို အသိပညာပေးပြသပေး ထားပြီး     ပြခန်းယာဉ်အတွင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုမှတ်တမ်း များ၊   မူးယစ်ဆေးဝါး  တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၏ ဆောင်ရွက် မှုမှတ်တမ်းများ၊  နေပြည်တော် ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုမှတ်တမ်း များ နှင့် ယာဉ်အန္တရာယ်ကင်းရှင်းဖို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကို လိုက်နာကြပါစို့ ခေါင်းစဉ်ဖြင့် အသိပညာပေး    မှတ်တမ်းများ ကို    ပြသထားရာ  ကျောင်းသား ကျောင်းသူများနှင့်  လူငယ်များ စိတ်ပါဝင်စားစွာဖြင့်     လေ့လာ ကြသည်။ 

 


လေကြောင်း      ပညာရပ်ကို စိတ်ဝင်စားသည့်  ကျောင်းသား ကျောင်းသူများ၊     လူငယ်များ အတွက်   လေယာဉ်ငယ်ပျံသန်း ခြင်း သရုပ်ပြကွင်းကို ထားရှိပေး ထားပြီး     တာဝန်ရှိသူများက လေယာဉ်ငယ်များ     ပျံသန်းပုံ အဆင့်ဆင့်ကို သရုပ်ပြ ပျံသန်းပြ ကြရာ  အလေးထား  လာရောက် လေ့လာ      ကြည့်ရှုကြသည်ကို  တွေ့မြင်ရသည်။ 

 


မြန်မာနိုင်ငံ   လေကြောင်း ဝါသနာရှင်များအသင်းမှ  တာဝန် ရှိသူ     ဦးအောင်ကျော်ငြိမ်းက “ပွဲတော်မှာ လေကြောင်းပညာရပ် နဲ့     ပတ်သက်ပြီး    ပြသရတဲ့ ရည်ရွယ်ချက်က     လေကြောင်း ပညာဟာ  ကမ္ဘာအနှံ့လူငယ်တွေ လည်း တော်တော်စိတ်ဝင်စားကြ ပါတယ်။   မြန်မာနိုင်ငံမှာလည်း လူငယ်တွေကို       လေကြောင်းပညာ စိတ်ဝင်စားလာစေဖို့နဲ့ ခေတ်ပေါ် နည်းပညာတွေ လေ့လာလိုက်စား ပြီး အနာဂတ်နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေပေါ် ထွန်းလာစေဖို့အတွက်     ဖြစ်ပါ တယ်။ နောက်ထပ်စိတ်ဝင်စားဖို့ ကောင်းတာက  လက်တွေ့ကဏ္ဍ ဖြစ်ပါတယ်။     ကိုယ်တိုင်ပျံသန်း မောင်းကာစမ်းဆိုပြီး     ပြကွက် အနေနဲ့       ပြသထားပါတယ်။ ကျောင်းသား ကျောင်းသူ၊ လူငယ် တွေ         လေယာဉ်အတုအနေ နဲ့ စမ်းသပ်မောင်းနှင်နိုင်ပါတယ်။   လေယာဉ်တုကို    မောင်းနှင်ခြင်း ဖြင့်     လေကြောင်းနဲ့     ပတ်သက် ပြီး    ဗဟုသုတတွေရမယ့်အပြင် ကျွမ်းကျင်မှုအတွက်  အထောက် အကူအများကြီး      ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။     ကျွန်တော်တို့ တိုင်းပြည်မှာ      လေကြောင်းပညာ ရပ်နဲ့ ပတ်သက်ပြီး တဖြည်းဖြည်း လူသိများလာပြီး         ခေတ်စား လာတယ်။  ဒါကြောင့်    ဒီပြခန်း လေးမှာ    လာပြီး     လေ့လာကြ ပါလို့   ဖိတ်ခေါ်ချင်ပါတယ်”  ဟု ပြောသည်။

 


ထို့ပြင် အသိပညာဗဟုသုတ နှင့် အားကစားဆိုင်ရာ ပြခန်းများ ဖြစ်သော    စာအုပ်စာစောင်များ နှင့်    စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိပြခန်း၊     သမိုင်းဝင် စာချုပ်၊ စာတမ်းများနှင့် မှတ်တမ်း မှတ်ရာများ  ပြခန်း၊     ပန်းချီ၊ အနုပညာပြခန်း၊     ကိုဗစ် - ၁၉ ကပ်ရောဂါဆိုင်ရာ အသိပညာပေး ပြခန်းနှင့်    အားကစားလှုပ်ရှားဆောင်ရွက်မှုပြခန်းတို့တွင်လည်း ကျောင်းသား     ကျောင်းသူများ၊ လူငယ်များဖြင့် စည်ကားလျက်ရှိ သည်။

 


မွန်းလွဲပိုင်းတွင်     ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ရုံ၌ (၃၁)ကြိမ် မြောက်    အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့  ဝင်ရောက် ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့် လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ သရုပ်ပြ လေ့ကျင့်ပြသမှုကို ထည့်သွင်းပြသ ခဲ့ရာ   ကျောင်းသား   ကျောင်းသူ များ  စိတ်အားထက်သန်စွာဖြင့်  လာရောက်ကြည့်ရှုခဲ့ကြသည်။ 

 


ပွဲတော်အတွင်း ဆေးရောင် ခြယ်ပြိုင်ပွဲ၊   အိမ်ဆောက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့်    စကားပုံ ဆက်ပြိုင်ပွဲများကိုလည်း စီစဉ်ပေး ထားရာ ကျောင်းသား ကျောင်းသူ  များ၊   လူငယ်များအပြင်  ဆရာ ဆရာမများ၊       စိတ်ပါဝင်စား သည့်   ပြည်သူများလည်း   တစ်ခဲ နက်  ပါဝင်ဆင်နွှဲနေကြသည်ကို ပျော်ရွှင်ဖွယ်ရာ တွေ့မြင်ရသည့် အပြင်   ဖျော်ဖြေရေးအစီအစဉ် များအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားနှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊    ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေမှုများ ကြောင့်လည်း ပွဲတော်ကြီးကိုပို၍ အသက်ဝင်စေခဲ့သည်။

 


ယခုအချိန်အခါသည် ကိုဗစ်- ၁၉ ကပ်ရောဂါ  ဖြစ်ပွားနေသည့် ကာလဖြစ်ခြင်းကြောင့်  ပွဲတော် သို့     လာရောက်ကြသူများကို လည်း  ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ် - ၁၉ ရောဂါ   ကာကွယ်ရေးနည်းလမ်း များနှင့်အညီ စစ်ဆေးဆောင်ရွက် ပေးပြီးမှသာ      ပွဲတော်အတွင်း သို့  ဝင်ရောက်ခွင့်ပြုသည့်အပြင် တစ်စုံတစ်ရာ       ကျန်းမာရေး ချို့ယွင်းမှု    ဖြစ်ပေါ်ပါကလည်း အရေးပေါ်   ကျန်းမာရေးစောင့် ရှောက်မှု      အစီအစဉ်များကို ထည့်သွင်းထားကာ       ပွဲတော် ဧရိယာအတွင်း၌   ကိုဗစ် - ၁၉ ကပ်ရောဂါ     အသိပညာပေး ဆိုင်းဘုတ်များ၊    ဗီနိုင်းများကို လည်း နေရာအနှံ့ ချိတ်ဆွဲဖော်ပြ ပေးထားသည်။ 

 


ထို့ကြောင့်     ကျောင်းသား ကျောင်းသူများ၊   လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေး အခေါ်အယူအဆများ ထက်မြက် လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့ အထကောင်းများ  ရရှိလာစေရန်၊ လူငယ်များ၏ တီထွင်ဖန်တီးလို စိတ် ရင့်သန်လာစေရန်နှင့် စာပေ ဖတ်ရှုလေ့လာလိုစိတ်    မြင့်မား လာစေရန်၊ အသိပညာ၊ အတတ် ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါ အဝင်  ကာယ၊  ဉာဏ၊  စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန် မြှင့်တင် ပေးနိုင်ရန်နှင့်            အနာဂတ် လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့ ၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက်အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်ချက်ကောင်း  များဖြင့်    ကျင်းပပေးနေသည့် လူငယ်နှင့်    စာပေပွဲတော်ကြီး ကို    နံနက်  ၉  နာရီခွဲမှ   ညနေ ၅ နာရီအထိ      ကျင်းပပေးလျက် ရှိရာ      အားလုံးပါဝင်ဆင်နွှဲနိုင်ပါ  ကြောင်း သတင်းကောင်းပါးလိုက် ရပါသည်။ 


သတင်း- မျိုးဆက်သစ်
ဓာတ်ပုံ- ကိုကိုအေး