စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  လှယဉ်ကျေးမယ်နှင့် ကာယအလှမယ် ပြိုင်ပွဲကျင်းပ

 

ရန်ကုန်   ဒီဇင်ဘာ    ၃၀ 
၂၀၂၃ ခုနှစ်  စိန်ရတုလွတ်လပ်ရေး​နေ့  အထိမ်း အမှတ်    ရန်ကုန်တိုင်းဒေသကြီး    အမျိုးသမီး အားကစားအဖွဲ့     ဆပ်ကော်မတီနာယကဖလား  လှယဉ်‌ကျေးမယ်နှင့်   ကာယအလှမယ်ပြိုင်ပွဲတွင် လှယဉ်ကျေးမယ်      ပထမဆုကို      အလုံမြို့နယ် ကိုယ်စားပြု    မစန္ဒီဝင်းထွဋ်နှင့်    ကာယအလှမယ် ပထမဆုကို လမ်းမ‌တော်မြို့နယ်    ကိုယ်စားပြု    မဝင်းပပမျိုးက ဆွတ်ခူးရရှိသည်။
ယင်းပြိုင်ပွဲကို   ရန်ကုန်မြို့   မရမ်းကုန်းမြို့နယ် မင်ဓမ္မလမ်းရှိ   မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)  ခန်းမ၌ ယ‌နေ့နံနက် ၁၀ နာရီကကျင်းပရာ  ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်း၊ တိုင်းဒေသ ကြီးဝန်ကြီးများ၊   ရန်ကုန်တိုင်းဒေသကြီး   အမျိုး သမီး    အားကစားအဖွဲ့    ဆပ်ကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏   ဇနီး‌၊     တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဆပ်‌ကော်မတီဥက္ကဋ္ဌနှင့် ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများကြည့်ရှုအားပေးကြသည်။  
‌ရှေးဦးစွာ       ပြိုင်ပွဲဝင်တိုင်းအဆင့် / မြို့နယ် ကိုယ်စားပြု   ကာယအလှမယ်များက   နောက်ခံ တေးဂီတနှင့်အတူ     ကိုယ်ဟန်လှပကျော့ရှင်းမှုကို စိတ်ကြိုက်ကိုယ်ခန္ဓာအချိုးအစားများ   လှစ်ထုတ် ပြသကြသည်။
ထို့နောက်   ပြိုင်ပွဲဝင်ကာယအလှမယ်များနှင့် လှယဉ်ကျေးမယ်များမှ   ၁၀ ဦးစီပဏာမရွေးချယ် ခဲ့ပြီး ယင်းတို့မှ   ငါးဦးစီကို ရွေးချယ်ကာ အလှမယ် များက   ဉာဏ်စမ်းအမေးအဖြေများကို   ဖြေဆိုကြ သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ လှယဉ်ကျေး မယ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး​က အလုံမြို့နယ်  ကိုယ်စားပြု  ပထမဆုရ  မစန္ဒီဝင်းထွဋ် အားသရဖူဆုနှင့်​  ငွေသားဆုကိုလည်းကောင်း၊  ဒဂုံ အရှေ့မြို့နယ်    ကိုယ်စားပြု    ဒုတိယဆုရရှိသူ မယဉ်ယဉ်မွန်အောင်၊      ကျောက်တံတားမြို့နယ် ကိုယ်စားပြု    တတိယဆုရရှိသူ    မယွန်းအိမွန်၊ ကမာရွတ်မြို့နယ်   ကိုယ်စားပြု   စတုတ္ထဆုရရှိသူ မရွှန်းလဲ့ရာဇာတို့ကို တိုင်းဒေသကြီး ဝန်ကြီးများ၏ ဇနီးများက  ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေး သည်။
ထို့နောက်  ကာယအလှမယ်ပြိုင်ပွဲတွင်  ရန်ကုန် တိုင်း​ဒေသကြီး        အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီဥက္ကဋ္ဌက         လမ်းမတော်မြို့နယ် ကိုယ်စားပြု ပထမဆုရ မဝင်းပပမျိုးအား သရဖူဆု နှင့်ငွေသားဆုကိုလည်းကောင်း၊   ဒဂုံမြောက်မြို့နယ် ကိုယ်စားပြု ဒုတိယဆုရ မခင်သန္တာဦး၊ သာကေတ မြို့နယ် ကိုယ်စားပြု  တတိယဆုရ  မပန်းမြတ်မွန်၊ ဒဂုံအရှေ့မြို့နယ်     ကိုယ်စားပြု    စတုတ္ထဆုရ မမေဘုန်းသွင်ခင်နှင့် ဒဂုံမြို့နယ် ကိုယ်စားပြုပဉ္စမ ဆုရှိသူ     မနန်းမြစန္ဒာဝင်းတို့ကို    တိုင်းဒေသကြီး  ဝန်ကြီးများ၏    ဇနီးများနှင့်     တာဝန်ရှိသူများက ဆုတံဆိပ်နှင့်    ငွေသားဆုများကို    ချီးမြှင့်ကြသည်။ 
အဆိုပါပြိုင်ပွဲတွင်   လှယဉ်ကျေးမယ်   ၄၅  ဦး နှင့် ကာယအလှမယ် ၄၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။                    အာကာစိုး ၊ ဓာတ်ပုံ-တင်စိုး