“စိန်ရတု ပြည်ထောင်စု လူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ ပွဲစဉ်(၄) မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   ဇန်နဝါရီ    ၂၆

 


(၇၅)     နှစ်မြောက်      စိန်ရတု ပြည်ထောင်စုနေ့ကို     ကြိုဆို ဂုဏ်ပြုသောအားဖြင့်     မြန်မာ့ အသံနှင့်         ရုပ်မြင်သံကြားနှင့်   မြန်မာနိုင်ငံ လူရွှင်တော်အသင်း (ဗဟို) တို့ ပူးပေါင်းပြီး “စိန်ရတု ပြည်ထောင်စု လူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ  ပွဲစဉ် (၄) ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ  ၂၉  ရက် (စနေနေ့)  ည ၈ နာရီ သတင်း အပြီးတွင် မြန်မာ့အသံနှင့်  ရုပ်မြင် သံကြား၏ MRTV HD Channel  မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 


ယင်းပြိုင်ပွဲတွင်        ဟာသ မင်္ဂလာရွှေဆိုင်းတော်        အဖွဲ့ တီးခတ်မှုနှင့်အတူ   လူရွှင်တော် များဖြစ်ကြသည့်       သော်တာ၊ ဇီးကွက်၊ ဝါဂွမ်းနှင့် ချစ်သူတို့က  ပါဝင်ယှဉ်ပြိုင်ကြမည်      ဖြစ်ပြီး     ဒုတိယအကြိမ် ထပ်မံထုတ်လွှင့် ခြင်းကို   ဖေဖော်ဝါရီ   ၂   ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း ၁ နာရီခွဲ National    News    အင်္ဂလိပ် ဘာသာသတင်း အစီအစဉ်အပြီး တွင် ပြသမည်ဖြစ်သည်။ 

 


အဆိုပါပြိုင်ပွဲကို     ဇန်နဝါရီ ၈    ရက်မှ    ဖေဖော်ဝါရီ ၅ ရက် အထိ   ပွဲစဉ်  ၅  ပွဲကို အပတ်စဉ် စနေနေ့ညတိုင်းနှင့် ဖေဖော်ဝါရီ ၉  ရက်နှင့် ၁၀ ရက် ညတို့အပြင် ဖေဖော်ဝါရီ    ၁၂    ရက်   (စနေနေ့) ညပိုင်းတွင်   ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်