“စိန်ရတု ပြည်ထောင်စု လူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ်(၃) မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌  ပြသမည်

 

နေပြည်တော်   ဇန်နဝါရီ   ၁၉


(၇၅)   နှစ်မြောက်           စိန်ရတု ပြည်ထောင်စုနေ့ကို     ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံ လူရွှင်တော်အသင်း(ဗဟို)   တို့ ပူးပေါင်းပြီး         “စိန်ရတု ပြည်ထောင်စု လူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ၊   ပွဲစဉ်(၃)ကို ဇန်နဝါရီ  ၂၂ ရက်၊  (စနေနေ့) ည ၈ နာရီသတင်းအပြီးတွင် မြန်မာ့ အသံနှင့်    ရုပ်မြင်သံကြား၏ MRTV-HD  Channel မှ  ထုတ်လွှင့် ပြသမည်ဖြစ်သည်။

 


ယင်းပြိုင်ပွဲတွင်    ဟာသ မင်္ဂလာရွှေဆိုင်းတော်အဖွဲ့     တီး ခတ် မှုနှင့်အတူ      လူရွှင်တော်များ ဖြစ်ကြသည့် အိုးဝေ၊ ဒင်္ဂါး၊ ကော်ဖီ နှင့်  ဖြိုးကြွယ်တို့က    ပါဝင်ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

 


အဆိုပါပြိုင်ပွဲကို  ဇန်နဝါရီ   ၂၆ ရက်    (ဗုဒ္ဓဟူးနေ့)     မွန်းလွဲ ၁  နာရီခွဲ    National News အင်္ဂလိပ်ဘာသာသတင်း    အစီ အစဉ်အပြီးတွင်   ဒုတိယအကြိမ် ထမ်မံ      ထုတ်လွှင့်ပြသမည်ဖြစ် ကြောင်း သိရသည်။ 


 သတင်းစဉ်