
နေပြည်တော် ဇူလိုင် ၂၉
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီငါးမျိုးစိတ်စိုက်ထည့်ပွဲကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာ ကန်၌ ကျင်းပသည်။
ဦးစွာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက မင်္ဂလာကန်အတွင်းသို့ ကြီးထွားနှုန်းမြန်ဆန်သည့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၃၂၀၀၀ ကျော် စိုက်ထည့်ပေးခဲ့ကြသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း ငါးသယံဇာတ များ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ် စေရေး၊ သဘာဝရေပြင်နှင့် ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတ ပေါကြွယ်ဝစေရေးတို့အတွက် ယခုကဲ့သို့ ငါးမျိုးစိတ် များ စိုက်ထည့်ပေးခြင်းဖြစ်ပြီး နိုင်ငံတော်၏ ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးရန် ရည်ရွယ်စိုက်ထည့် ပေးခြင်းဖြစ်သည်။
ထို့အပြင် နေပြည်တော် မင်္ဂလာ ကန်တွင် ကန်၏ရေမြေသဘာဝနှင့် လိုက်လျောညီ သော ငါးများရှင်သန်တိုးပွားလာမှုကို မြှင့်တင်ပေးရန် ရည်ရွယ်၍ မင်္ဂလာကန်အတွင်းရှိ ငါးမျိုးစိတ်များ မပြုန်းတီးစေရန် ထိန်းသိမ်းခြင်းနှင့် လိုအပ်နေသော ငါးမျိုးစိတ်များ ထပ်မံစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်