ဆူဒန်နိုင်ငံရှိ ပင်လယ်နီဆိပ်ကမ်း ဆွေ့ကင်တွင် သိုးများတင်ဆောင်လာသော သင်္ဘောတစ်စင်း နစ်မြုပ်မှုဖြစ်ပွား

 

ခါတွန်   ဇွန်  ၁၂


ဆူဒန်နိုင်ငံ ပင်လယ်နီဆိပ်ကမ်း ဆွေ့ကင်မြို့တွင်    ဇွန် ၁၂ ရက် က သိုးများဖြင့် ပြည့်ကျပ်နေသည့်      သင်္ဘောတစ်စင်း   နစ်မြုပ်သွား ကြောင်း၊   တိရစ္ဆာန်များ   ရေနစ် ခဲ့သော်လည်း     သင်္ဘောသား အားလုံး     အသက်ရှင်ကြောင်း   ဆိပ်ကမ်း    တာဝန်ရှိသူများက   ပြောကြားသည်။      အဆိုပါ   မွေးမြူရေး  ရေယာဉ်သည်  ဆူဒန် နိုင်ငံမှ     ဆော်ဒီအာရေဗျနိုင်ငံ သို့ တိရစ္ဆာန်များကို တင်ပို့နေခြင်း ဖြစ်သည်။

 


Badr 1   သင်္ဘောသည်  ဇွန် ၁၂  ရက်   နံနက်အစောပိုင်းတွင် နစ်မြုပ်သွားကြောင်း    ဆူဒန် ဆိပ်ကမ်းမှ   အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။ 

 


အဆိုပါ     သင်္ဘောသည် သတ်မှတ်ထားသည့်   ဝန်ထက် ကျော်လွန်၍      သိုးကောင်ရေ ၁၅၈၀၀ ကို  တင်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း  အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

 


သင်္ဘောသည် သိုးကောင်ရေ ၉၀၀၀  သာ    တင်ဆောင်သင့် ကြောင်း၊  အဆိုပါ သင်္ဘောနစ်မြုပ် မှုကြောင့်   ဆိပ်ကမ်းလည်ပတ်မှု ကို    ထိခိုက်ဖွယ်ရှိကြောင်းနှင့် သင်္ဘောဖြင့်     တင်ဆောင်လာ သော    သိုးများ      သေဆုံးမှု ကြောင့်     သဘာဝပတ်ဝန်းကျင် ကို     ထိခိုက်နိုင်ကြောင်း   အဆိုပါ  အရာရှိတစ်ဦးက      ပြောကြားသည်။  

  
အေအက်ဖ်ပီ