
ရီယာ့ဒ် မေ ၆
ဆူဒန်နိုင်ငံ၌ စစ်မက်ဖြစ်ပွားနေသည့်အဖွဲ့ နှစ်ဖွဲ့မှ ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် ဆော်ဒီအာရေဗျက ဖိတ်ခေါ်ထား သည်ဟု သိရသည်။
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ် ဘင်ဖာဟန်အယ်ဆက်ဒ်သည် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ဆူဒန်အရေး ဖုန်းဖြင့်ဆွေးနွေးခဲ့သည်ဟု မေ ၅ ရက်တွင် ဆော်ဒီ အာရေဗျအစိုးရက ကြေညာခဲ့သည်။ ဂျက်ဒါမြို့သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ထားပြီးဖြစ်ကြောင်း ဆူဒန်တပ်ဖွဲ့က ပြောသည်။ စစ်မက်ဖြစ်ပွားနေသည့် အဖွဲ့နှစ်ဖွဲ့လုံးမှ သတင်းအချက်အလက်များ အရ မေ ၆ ရက်တွင် ဆွေးနွေးပွဲစတင်မည်ဟု သိရသည်။
အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှု များ ကြေညာထားသော်လည်း ဆူဒန်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ဧပြီ ၁၅ ရက် ဆူဒန်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ လူပေါင်း ၅၅၀ သေဆုံးပြီးဖြစ်ကြောင်း ဆူဒန်ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ ဆော်ဒီအာရေဗျသည် ဆူဒန်နိုင်ငံအပေါ် လွှမ်းမိုးမှုရှိ မည်ဟု ယူဆရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ် ခြင်းဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာများ ဖြစ်လာနိုင်သည်ဟူသော စိုးရိမ်မှုကို ဖြေလျှော့ပေးနိုင်သည်ဟု လေ့လာသူများက ပြော သည်။
အင်န်အိတ်ချ်ကေ