
ခါတွန် မေ ၃
အိမ်နီးချင်း ဆူဒန်နိုင်ငံရှိ တိုက်ပွဲ ဖြစ်ပွားနေသည့် အဖွဲ့နှစ်ဖွဲ့မှာ ခုနစ်ရက်ကြာ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့ သည်ဟု တောင်ဆူဒန်နိုင်ငံက ပြောသည်။
တောင်ဆူဒန်နိုင်ငံ၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် ဆူဒန်အမျိုးသား တပ်ဖွဲ့နှင့် Rapid Support For-ces အဖွဲ့တို့အကြား ခုနှစ်ရက်ကြာ အပစ်အခတ်ရပ်စဲရန် သဘော တူညီမှုရရှိခဲ့သည်ဟု တောင်ဆူဒန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။ လာမည့်မေ ၄ ရက်မှ စတင်ကာ အပစ်အခတ်ရပ်စဲမှု စတင်မည်ဟုလည်း တောင် ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားနေ သည့် အဖွဲ့နှစ်ဖွဲ့စလုံးမှလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်များ၏ အမည် စာရင်းကို ရွေးချယ်ခဲ့ကြသည်ဟု သိရသည်။ ဧပြီ ၁၅ ရက် ဆူဒန် နိုင်ငံ၌ တိုက်ပွဲများဖြစ်ပွားသည့် အချိန်မှစတင်ကာ သေဆုံးခဲ့ရ သည့်ဦးရေမှာ ၅၂၈ ဦးထက် မနည်းရှိနေပြီဟု ဆူဒန်ကျန်းမာ ရေးဝန်ကြီးဌာနက ပြောသည်။
မေ ၁ ရက်မှစတင်ကာ ၇၂ နှစ်နာရီအကြာ အပစ်အခတ်ရပ်စဲ ရန် ကနဦးသဘောတူခဲ့သော် လည်း သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ခါတွန်မြို့နှင့် အနီးတစ်ဝိုက်တွင် နေထိုင်ကြသူ များက ပြောသည်။
ဆူဒန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များသို့ ဘေးလွတ်ရာပြောင်းရွှေ့ သွားသည့် လူပေါင်း ၁၀၀၀၀၀ ကျော်ရှိသည်ဟု ကုလသမဂ္ဂက ပြောသည်။
တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပါက ဘေးလွတ်ရာသို့ ပြောင်းရွှေ့သူဦးရေမှာ ၈၀၀၀၀၀ ကျော်ရှိလာမည်ဟုလည်း သတိ ပေးထားသည်။
အင်န်အိတ်ချ်ကေ