ဆဋ္ဌမအကြိမ် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ  အသိအမှတ်ပြုလက်မှတ်ပေးအပ်သည့် အခမ်းအနားကျင်းပ

 

 

နေပြည်တော်   ဇန်နဝါရီ   ၃၁  
ဆဋ္ဌမအကြိမ် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၄) ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။ 
အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ် တော်ချုပ်  တရားသူကြီး  ဦးကြည်သိန်း က   အမှာ စကား ပြောကြားသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လိုကြောင်း လိုအပ်ချက်များ ပြည့်စုံစွာ ဖြင့် လျှောက်ထားသူ အထက်တန်းရှေ့နေ ၁၉၅ ဦး ကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် များပေးအပ်သည်။  ထို့နောက်  တရားလွှတ်တော် ရှေ့နေ     အသိအမှတ်ပြုလက်မှတ်    ရရှိသူများက ကတိသစ္စာပြုကြသည်။ 
သတင်းစဉ်