ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို သင်ကြားပေးရာတွင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိအောင် သင်ကြားပေးစေလို

 

လားရှိုး    ဧပြီ    ၉


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ယမန်နေ့  ညနေပိုင်းက   လားရှိုး တက္ကသိုလ်သို့ရောက်ရှိကာ လားရှိုး တက္ကသိုလ် ဒုတိယပါမောက္ခချုပ် နှင့် ပါမောက္ခဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံပွဲတွင်      ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက       ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို သင်ကြားပေး ရာတွင် စာတတ်အောင်၊ ပညာ တတ်အောင်     သင်ကြားပေးရုံသာ မကဘဲ စည်းကမ်းရှိအောင် နိုင်ငံ ချစ်စိတ်၊  မျိုးချစ်စိတ်  ရှိအောင်၊ ယဉ်ကျေးလိမ္မာအောင်၊   မြန်မာ့ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထား တတ်အောင်၊    မိဘ၊   ဆရာများ အပေါ် ရိုသေလေးစား တန်ဖိုးထား တတ်အောင် သင်ကြားပေးစေလို  ပါကြောင်း၊   ပညာရေးလုပ်ငန်း ဆောင်ရွက်ရာတွင်     လုပ်ဖော် ကိုင်ဖက်အချင်းချင်း၊     ပညာရေး မိသားစုအချင်းချင်း       စည်းလုံး ညီညွတ်စွာဖြင့် အောင်မြင်အောင် လက်တွဲဆောင်ရွက်ကြစေလိုပါကြောင်း၊ ဌာနအလိုက် သုတေသန လုပ်ငန်းများ   ဆောင်ရွက်စေလို ကြောင်း၊     သုတေသနအတွက် လိုအပ်သည့်    စက်ပစ္စည်းများ၊ လိုအပ်သည်များကို ဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း၊ ဌာနအလိုက် သုတေသနနှင့်    သင်ကြားရေး အတွက်    လိုအပ်မည့်   စာအုပ် စာတမ်းများ ဝယ်ယူနိုင်ရန်အတွက် အသုံးစရိတ်များ  ထောက်ပံ့ပေး မည်ဖြစ်ကြောင်း     ပြောကြားခဲ့ သည်။ ထို့နောက် တက်ရောက်လာ သူများက     လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြား၍   ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်