ဆည်ရေများဖြင့် စိမ်းလန်းစေသော် စံပြမြို့တော် နေပြည်တော်

Type

 

မိုးယံ
 

 

တောင်သူ ဦးအောင်သန်းမင်းသည် ရေရရှိပါက မကြာမီစိုက်ပျိုးတော့မည့် ပဲတီစိမ်းစိုက်ခင်းများအတွက် ထယ်ရေးပြင်နေသည်။ ၎င်းသည် အေးမြင့်သာယာရွာ၌ နေထိုင်အသက်မွေးခဲ့သည်မှာ နှစ် ၆၀ ဝန်းကျင်သို့ပင် ချင်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်။  
 စိုက်ပျိုးမြေ ခြောက်ဧကခန့်ရှိပြီး  မိုးရာသီတွင် စပါးစိုက်ပျိုးခဲ့သည်။ စပါးရာသီကုန်တော့ ဆောင်း သီးနှံ  မတ်ပဲ၊  ကုလားပဲ၊   နေကြာ  စိုက်ပျိုးခဲ့သည်။ စက်သုံးဆီဈေးကြီးမြင့်မှုကြောင့်  ကိုယ်ပိုင်စက်များ ဖြင့် ရေတင်၍ နွေသီးနှံစိုက်ပျိုးနိုင်ရေးမှာ တောင်သူ တို့အတွက်   အိပ်မက်သဖွယ်ဖြစ်ခဲ့ရာမှ   အေးမြင့် သာယာကျေးရွာအနီး၌     ယာယီချောင်းပိတ်တမံ တစ်ခု မကြာမီဖွင့်လှစ်တော့မည်ဖြစ်ရာ  နွေသီးနှံ အဖြစ်    နှမ်းနှင့်   ပဲတီစိမ်းစိုက်ပျိုးရန် ယခုကဲ့သို့ ထယ်ရေးပြင်နေခြင်းဖြစ်သည်။
ပြည်ထောင်စုနယ်မြေ   နေပြည်တော်  ပုဗ္ဗသီရိ မြို့နယ်၌          ပင်လောင်းလမ်းမကြီးနှင့်အပြိုင် စီးဆင်းနေသည့်   ဆင်သေချောင်းပေါ်တွင်  ယာယီ ချောင်းပိတ်ဆည်ကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန    ဆည်မြောင်းနှင့်    ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက     တည်ဆောက် ပေးခဲ့သည်။
“အရင်က    ရေရတဲ့နေရာက    စက်သုံးဆီနဲ့ ရေတင်ပြီး တစ်ပိုင်တစ်နိုင် နှစ်ဧကလောက် စိုက်ပါ တယ်။ အခုလို ယာယီချောင်းပိတ်ဆည် ပြုလုပ်ပေး တဲ့အတွက် ကျွန်တော်တို့အဖို့ စက်သုံးဆီဖိုး ငွေကုန် ကြေးကျမှု မရှိတော့ဘူး။ ရှိတဲ့မြေအကုန် စိုက်ပျိုး နိုင်ပြီ။ အရင်က နှစ်သီးကနေ အခုသုံးသီးစိုက်နိုင်ပြီ။ နည်းပညာအကူအညီတွေ၊      လိုအပ်တာတွေ ထောက်ပံ့ပေးတာကို   တကယ်လေးလေးစားစားနဲ့ ကျေးဇူးတင်ပါတယ်” ဟု အေးမြင့်သာယာ ကျေးရွာ မှ တောင်သူ ဦးအောင်သန်းမင်းက ပြောသည်။
သို့သော်  ကမ္ဘာနှင့်အဝန်း ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့်           မိုးရွာသွန်းမှု လျော့နည်းလာပြီး စိုက်ပျိုးရေ လုံလောက်စွာရရှိနိုင် ရေးမှာ  တောင်သူတို့အတွက် စိန်ခေါ်မှုအသွင်ဖြင့် ရင်ဆိုင်နေကြရသည်။
ယာယီချောင်းပိတ်ဆည်များ
သို့မို့ကြောင့် မိုးအကုန်တွင် အလဟဿ စီးဆင်း သွားသည့် ဆင်သေချောင်းမှ  မိုးရေများကို သဲအိတ် ပေါင်း ၇၀၀၀၊ မျှော၊ ဝါးကပ်၊ မိုးကာစသည်တို့ဖြင့် အလျား ၁၀၅ ပေ၊ အကျယ် ပေ ၂၀၊ အနက် ငါးပေ ရှိသည့် ယာယီချောင်းပိတ်ဆည်များကို  အေးမြင့် သာယာကျေးရွာအနီး၌လည်းကောင်း၊ ပုံစံတူဆည် တစ်ခုကို အေးမြင့်သာယာကျေးရွာ၏  အထက်ပေ ၁၉၀၀ ခန့်အကွာ    ဇေယျာသီရိမြို့နယ်  သာယာ အေးကျေးရွာအနီး၌လည်းကောင်း          တည်ဆောက် နိုင်ခဲ့ပြီး     ညီနောင်ဆည်အဖြစ်       လာမည့်ဖေဖော်ဝါရီ ၆ ရက်တွင် အတူ ဖွင့်လှစ်တော့မည်ဖြစ်သည်။  
ဆင်သေချောင်းတွင်  ယာယီချောင်းပိတ်ဆည် များ ယခုကဲ့သို့  တည်ဆောက်လိုက်သည့်အတွက် ယခင်က   ရေပြင်အမြင့်သည်  ကိုးလက်မခန့်သာ ရှိခဲ့ရာမှ ယခုအခါ အမြင့် ငါးပေအထိ ရရှိလာခဲ့သည်။ ထိုသို့ ချောင်းပိတ်ဆည်များမှ ရေများကို ၁၀၀  ကေဗွီ ထရန်စဖော်မာမှ လျှပ်စစ်လိုင်းသွယ်တန်းပြီး ၅၅ ကီလိုဝပ်ရေတင်စက်ဖြင့် ရေစုပ်တင်ကာ ရေပေးဝေ သွားမည်ဖြစ်ကြောင်း သိရသည်။
အေးမြင့်သာယာ    ယာယီချောင်းပိတ်ဆည်မှ ရေများကို ၁၅ လက်မပိုက်လိုင်းဖြင့် ရေတင်ပြီး ပေ ၁၈၀၀  နှင့်   ပေ  ၅၁၀၀  ရှည်သည့်   ရေပေးမြောင်း နှစ်ခုတို့မှ တောင်သူ  ၆၅  ဦး၏ စိုက်ဧက ၁၈၅ ဧက ကို  နွေသီးနှံအဖြစ်  စိုက်ပျိုးရေ  ပေးဝေသွားမည် ဖြစ်သည်။
“သာယာအေးကျေးရွာအနီး  ယာယီချောင်းပိတ် ဆည် ပြုလုပ်ပြီး ရေသိုလှောင်မယ်။  ရေသွယ်ပိုက် လိုင်း အလျား ပေ ၁၆၀၀ နဲ့  ရေပေးမြောင်း  အလျား ပေ ၉၀၀ တို့ကနေ ရေသွယ်ယူပြီး လယ်ယာမြေ ၁၆၉ ဧကကို နွေသီးနှံစိုက်ပျိုးရေပေးဝေသွားမှာပဲ     ဖြစ်ပါတယ်”  ဟု  သာယာအေးကျေးရွာ   ယာယီ ချောင်းပိတ်ဆည်        တည်ဆောက်ရေးတာဝန်ခံ ဦးချစ်ကြည်မောင်က ဆိုသည်။ 
နေပြည်တော်ကောင်စီနယ်မြေသည် စတုရန်း မိုင် ၂၇၂၄ ရှိပြီး   စိုက်ပျိုးမြေဧရိယာ  စုစုပေါင်း ၃၂၀၀၀၀ ကျော်ရှိသည်။ အလားတူ အရှေ့ရိုးမနှင့် အလယ်ရိုးမအကြားတွင်ရှိပြီး      ပေါင်းလောင်း (စစ်တောင်းမြစ်)၊         ငလိုက်ချောင်း၊   ဆင်သေ ချောင်း      အပါအဝင်    ချောင်း၊    မြောင်းများနှင့် ရေလှောင်တမံ၊    ဆည်နှင့်ကန်     စုစုပေါင်း ၃၂ ခု ရှိသည်။  
မြေဆီမြေနှစ် ကောင်းမွန်
မြေဆီမြေနှစ် ကောင်းမွန်သဖြင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခြေအနေကောင်း များရှိပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည် နှင့်အညီ Clean City, Green City, Smart City ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ 
“နေပြည်တော်ကို    Green City, Clean City, Smart City    ဖြစ်အောင်    ဆောင်ရွက်ရာမှာ ကျွန်တော်တို့က       စိုက်ပျိုးရေနဲ့     သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေး ဆောင်ရွက်ရတဲ့ ဌာနဖြစ်ပါ တယ်။ မိုးရာသီကာလမှာ ဆည်ရေ၊  မိုးရေတွေနဲ့ စိုက်ပျိုးရေလုံလောက်ပေမယ့် နွေကာလမှာ သီးထပ် တွေ စိုက်ပျိုးဖို့ခက်ခဲလာတယ်။ ဒါ့ကြောင့် သီးထပ် စိုက်နိုင်အောင် မိုးတွင်းမှာ စီးလာတဲ့ချောင်းရေတွေ ကို ဆုံးရှုံးမသွားအောင် ယာယီချောင်းပိတ်ဆည်တွေ၊ လျှိုပိတ်တမံတွေ  တည်ဆောက်ပြီး ရေသိုလှောင် ထားဖို့ ဆောင်ရွက်ပါတယ်။ သဲချောင်းတွေမှာဆိုရင် သဲထဲမှာရှိတဲ့    ရေတွေကို   မြေအောက်တမံတွေနဲ့ ပိတ်ပြီး အပေါ်တက်လာတဲ့ ရေကို ထုတ်လို့ရအောင် ယာယီရေတားတမံတွေ တည်ဆောက်ပြီး   ရေပေးဝေ နိုင်ရေးကို နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်လျက်ရှိ ပါတယ်။    ပြည်ထောင်စုနယ်မြေ    နေပြည်တော် ဒေသတစ်ခုလုံး စိမ်းလန်းစိုပြည်သာယာဖို့အတွက် စိုက်ပျိုးရေလုံလောက်အောင် ဘက်ပေါင်းစုံရှုထောင့် ပေါင်းစုံကနေ ရေအရင်းအမြစ်များကို ကြိုးပမ်းရှာဖွေ ဆောင်ရွက်လျက်ရှိပါတယ်”  ဟု  ပြည်ထောင်စု နယ်မြေ နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချ မှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော် က ပြောသည်။
စံပြမြို့တော်ဖြစ်စေရေး
ထိုသို့  အခြားတိုင်းဒေသကြီး၊ ပြည်နယ်များ၏ စံပြမြို့တော်ဖြစ်စေရေး               စီမံဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်ချက်အရ    ဆည်မြောင်းနှင့်  ရေအသုံးချမှု      စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နေပြည်တော်နယ်မြေအတွင်းရှိ  စိုက်ပျိုးမြေများကို တစ်နှစ်ပတ်လုံး    သီးနှံများစိုက်ပျိုးပြီး    စိမ်းလန်း စိုပြည်ကာ Green City ဖြစ်စေရေးနှင့် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးကာ      သီးထပ်စွမ်းအား   တိုးတက် မြင့်မားရေးအတွက် အဓိကလိုအပ်သည့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။  
ထိုသို့  ဆောင်ရွက်လျက်ရှိရာ  လက်ရှိရေအရင်း အမြစ် သယံဇာတများကို သက်ဆိုင်ရာ ဆက်စပ်ဌာန များ၊ ရေအသုံးချသူအဖွဲ့  (WUG)  တောင်သူများနှင့် ပူးပေါင်း၍   အလေအလွင့်မရှိ   စနစ်တကျ ချွေတာ အသုံးပြုလျက်ရှိသလို           ထပ်မံရရှိနိုင်သော ရေအရင်းအမြစ်    သယံဇာတများကို    စူးစမ်းလေ့လာ ၍   ဖော်ထုတ်အသုံးချနိုင်ရေး   နည်းလမ်းမျိုးစုံဖြင့် စီမံဆောင်ရွက်လျက်ရှိသည်။
 မိုးရာသီအကုန်တွင် ချောင်းများ၊ မြောင်းများမှ တစ်ဆင့်  ပင်လယ်သမုဒရာအထိ စီးဆင်းသွားမည့် ရေများကို အလဟဿ မဖြစ်စေရေးအတွက် ချောင်း များ၊   မြောင်းများပေါ်၌   ယာယီချောင်းပိတ်ဆည် များပြုလုပ်၍   နွေရာသီတွင်   နွေသီးနှံစိုက်ပျိုးရန် စိုက်ပျိုးရေပေးဝေခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ  ဆင်သေချောင်းပေါ်တွင်  သာယာအေး ကျေးရွာအနီး   ယာယီချောင်းပိတ်ဆည်၊   အေးမြင့် သာယာကျေးရွာအနီး  ယာယီချောင်းပိတ်ဆည်တို့ အပြင် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအနီး၌ ဆင်သေချောင်း    ယာယီချောင်းပိတ်ဆည်တစ်ခု တည်ဆောက်၍   Solar Pump  ဖြင့်    ရေတင်၍ လယ်ယာမြေ ၁၁၅ ဧကကို စိုက်ပျိုးရေပေးဝေသွား မည်ဖြစ်သည်။
ထို့အတူ လယ်ဝေးမြို့နယ်၌   ပလွေးချောင်းကို ပိတ်ကာ  ယာယီချောင်းပိတ်ဆည်များ တည်ဆောက် ၍ လယ်မြေဧက ၁၂၀ ကို လည်းကောင်း၊ ဇေယျာ သီရိမြို့နယ် ရှားစေးဘိုကျေးရွာအနီး တပ်မတော် ရေလွှဲဆည်မှ   ရေစုပ်တင်၍   ရေဆင်းတူးမြောင်း အတွင်း ရေဖြည့်တင်းကာ  Mobile Solar ,Rain Gun တို့ဖြင့် လယ်ယာမြေ ၁၆၆ ဧကကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်   ညိုပင်ချောင်း၌  ယာယီချောင်း ပိတ်ဆည်များ    တည်ဆောက်၍   လယ်ယာမြေ ဧက ၃၀ ကိုလည်းကောင်း၊ ငလိုက်လက်ယာမြောင်း၊ လက်တံ (၄) ၊ မိုင်နာ (၂) မြောင်းအား ပုံစံကျတူးဖော်၍ Plastic Lining   ခင်းကာ  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက              တူးဖော်ထားသည့် စက်ရေတွင်းများမှ ရေထည့်သွင်း၍ Mobile Solar, Rain   Gun    တို့ဖြင့်လည်းကောင်း   စိုက်ပျိုးရေ ပေးဝေသွားမည်ဖြစ်သည်။ 
ထို့ပြင်    ပင်လောင်းလမ်းဘေး   ဝဲ/ ယာနှင့် ရာဇဌာနီလမ်းဘေး   ဝဲ/ယာတို့၌    စက်ရေတွင်း များတူးဖော်၍  စိုက်ပျိုးရေဖြည့်စွက်ပေးဝေခြင်း၊  ရေလေလွင့်ဆုံးရှုံးမှုနည်းပါးစေရန် တပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာ၌    စနစ်ကျ လယ်ယာမြေ ၇၉ ဒသမ   ၈၈  ဧက     ဖော်ထုတ်ခြင်းလုပ်ငန်းများကို မိတ်ဖက်ဌာနများနှင့်        ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ 
တိုးချဲ့စိုက်ပျိုး
နှစ်သီးစားမှ သုံးသီးစားသို့ တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက်    စိုက်ပျိုးရေပေးဝေနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန     နေပြည်တော်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း   ရေလှောင်တမံ၊   ရေလွှဲ ဆည် ကန်စုစုပေါင်း   ၃၂   ခုကို  တည်ဆောက် ထိန်းသိမ်း၍ ရေသောက်ဧရိယာ ၇၅၄၃၃ ဧကကို စိုက်ပျိုးရေပေးဝေရေး     ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ 
ထိုသို့   စိုက်ပျိုးရေပြည့်ဝစွာ  ရရှိရေး အကောင် အထည်ဖော်နေမှုများအပေါ်  သပြေပင်ကျေးရွာမှ တောင်သူ ဦးစိုးတင့်က   “အရင်က   မိုးတွင်းဆို ပြောင်း၊ ဆောင်းဆို ပဲကြီး၊  နွေဆိုရင်  စိုက်ပျိုးရေ မလုံလောက်လို့  ဘာမှမစိုက်နိုင်ပါဘူး။  မိုးမျှော်ပြီး  စိုက်ပျိုးရတာဆိုတော့   နွေကာလ  မိုးမရရင်ဘာမှ မစိုက်နိုင်ဘူး။ အခုတော့ နွေအခါမှာ ဆည်ရေရပြီဆို တော့  အားကိုးရသွားပြီ။  တောင်သူတွေအားလုံး ဒီလိုအချိန်မရွေး   စိုက်ပျိုးနိုင်အောင်     နိုင်ငံတော်က စီစဉ်ပေးတာကို ကျေးဇူးတင်ပါတယ်။ ရေရတော့  ရာသီနဲ့ကိုက်ညီတဲ့ ကိုယ်စိုက်ချင်တဲ့ သီးနှံစိုက်လို့ ရသွားပြီ။ ရေရအောင် ထောက်ပံ့ပေးတာ တောင်သူ တွေအတွက် ဝမ်းသာပါတယ်”ဟု ပြောသည်။ 
တောင်သူများအနေဖြင့်လည်း နှစ်သီးမှသုံးသီး အထိ     တိုးတက်စိုက်ပျိုးနိုင်တော့မည်ဖြစ်သည့် အတွက် တောင်သူများ၏ ဝင်ငွေတိုးတက်ရရှိလာမည်ဖြစ်သည့်အပြင်   ဒေသအတွင်း ထွက်ရှိသည့် သီးနှံများကို  Dry food များ၊ တန်ဖိုးမြှင့်ထုတ်ကုန် များအဖြစ် ထုတ်လုပ်ကာ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများအဖြစ်  ပြည်တွင်း ပြည်ပ ဈေးကွက်များသို့   တင်ပို့ရောင်းချခြင်းဖြင့်  အလုပ် အကိုင်အခွင့်အလမ်းများစွာကိုလည်း    ဖော်ဆောင် ပေးနိုင်တော့မည် ဖြစ်သည်။
တိုင်းပြည်သာယာဝပြောရေးနှင့်  စားနပ်ရိက္ခာ ဖူလုံရေးကို      အထောက်အကူဖြစ်စေမည့်အပြင် တစ်ဦးချင်းဝင်ငွေမှသည်        တိုင်းပြည်ဝင်ငွေများ တိုးတက်ရရှိလာကာ   လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်သည်။
နွေကာလတွင်    စိုက်ပျိုးရေမလုံလောက်မှု ကြောင့်   သွေ့ခြောက်ခဲ့ရသည့်   လယ်ယာမြေများ သည် ယခုနှစ်တွင် ဆည်ရေများကြောင့်  ပဲအမျိုးမျိုး၊ နေကြာ၊ ပဲတီစိမ်း၊ နှမ်း စသည့်  သီးနှံများဖြင့် ဝေဆာ စိမ်းလန်းလာတော့မည်ဖြစ်ရာ           “ကျွန်တော်တို့ တောင်သူတွေရဲ့    စွမ်းပကားနဲ့   Green  City ဖော်ဆောင်ရေးကို တစ်တပ်တစ်အားပါဝင်ခွင့်ရလို့ ဝမ်းသာတယ်ဗျာ” ဟု တောင်သူ ဦးအောင်သန်းမင်း က    ဆည်အတွင်းသို့    တဝေါဝေါစီးဝင်နေသည့် ရေသံများကိုလွှမ်းအောင်         အင်ပြည့်အားပြည့် အော်၍ ပြောလိုက်သည်။        ။