
ဆင်ပေါင်ဝဲ ဇွန် ၂
ဆင်ပေါင်ဝဲမြို့နယ်တွင် ဇွန် ၂ ရက်မှစတင်၍ စာသင်ကျောင်းများ စတင် ဖွင့်လှစ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အဆိုပါစာသင်ကျောင်းများသို့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ထွေ/အုပ်စာရေးများ ပူးပေါင်း၍ အသက်ငါးနှစ်မှ ၁၂ နှစ်အထိ ကျောင်း သား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက အထက (ဆင်ပေါင်ဝဲ)ကျောင်းတွင် အသက် ငါးနှစ်မှ ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးနေ မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လှနှင့် တာဝန်ရှိသူများ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)