ဆန္ဒထုတ်ဖော်

 

ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်ကို KNLA တပ်မဟာ(၁)နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်မှုနှင့်ပတ်သက်၍ မော်လမြိုင်မြို့၌ ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်
 

 

နေပြည်တော် အောက်တိုဘာ  ၂၂


မွန်ပြည်နယ်    ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး   ဆံတော်ရှင်စေတီ တော်မြတ်ကြီး   ကင်မွန်းချောင်းတောင်တက်ကားဂိတ်ကို  KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက   လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့သဖြင့် ဘုရား ဖူးပြည်သူ       သုံးဦးသေဆုံးခဲ့ပြီး၊  ၁၉  ဦး     ထိခိုက်ဒဏ်ရာ    ရရှိခဲ့ သည်။

 


အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍    ပြင်းထန်စွာရှုတ်ချကြောင်း ကို   ယနေ့တွင်   မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ  သံဃာတော်များ နှင့်   မော်လမြိုင်မြို့နေ   အကြမ်း ဖက်မှုများကို           မလိုလားသော ဒေသခံပြည်သူများ    စုပေါင်း၍ မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အထက်   လမ်းမကြီးရှိ   သံလွင် ဥယျာဉ်ပန်းခြံအတွင်း “ KNU ၊ NUG၊ PDF တို့    ဗုဒ္ဓဘာသာကို အကြမ်းဖက်သောနေ့၊   ဘုရားဖူး ပြည်သူများ   အကြမ်းဖက်မှုကို ဆန့်ကျင်ကြ၊ KNLA တပ်မဟာ(၁) အကြမ်းဖက်အဖွဲ့ကို   အလိုမရှိ၊ တရားမဝင်   NUG ၊   CRPH အလိုမရှိ၊ NUG ၊  CRPH လက်ဝေခံ PDF အဖွဲ့ကို  အလိုမရှိ ”  စသည့် ပိုစတာများ၊      ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ   ကြွေးကြော်သံ များဖြင့် ကြွေးကြော်၍ အေးချမ်း စွာ  ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်