ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   ဒီဇင်ဘာ   ၆
တပ်မတော်   (ကြည်း၊  ရေ၊ လေ) အရာရှိ၊    စစ်သည်၊   အရာထမ်း၊ အမှုထမ်းများနှင့်    စေတနာရှင် အလှူရှင်များက              မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊   သာသနာ့နွယ်ဝင်သီလရှင် ကျောင်းများ၊ ဘာသာရေးကျောင်း များနှင့်    ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊   ဆီ၊   ဆား၊   ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်း များ  လှူဒါန်းခြင်း၊   နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ် သည့်  ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို     ဆောင်ရွက် လျက်ရှိသည်။
ဆက်ကပ်လှူဒါန်း 
ထိုသို့   ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်              ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ  တပ်ကုန်းရတနာ့ မဉ္ဇူပရိယတ္တိစာသင်တိုက်၊ ပူတာအို မြို့ရှိ    မဟာဝန်သာသနာ့ရိပ်သာ ကျောင်းတိုက်၊       ရှမ်းပြည်နယ် (တောင်ပိုင်း)     လဲချားမြို့   ဟိုရင် ဘုန်းတော်ကြီးကျောင်း၊      သီရိ မင်္ဂလာအုတ်ကျောင်း၊ မိုင်းကိုင်မြို့ တပ်ဦးကျောင်း၊  မိုးနဲမြို့  ဝိဇ္ဇာရီယ ဘုန်းတော်ကြီးကျောင်း     စာသင် တိုက်၊     မွန်ပြည်နယ်     သထုံမြို့ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်၊ ကရင် ပြည်နယ်    လှိုင်းဘွဲမြို့    ကျီးမနိုး တောရကျောင်း      စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး  သန်လျင် မြို့နယ်    ဘုရားကုန်းကျေးရွာရှိ ဇမ္ဗူအေးပရိယတ္တိ     စာသင်တိုက်၊ လှိုင်သာယာမြို့နယ်     ရှမ်းချောင်း ကျေးရွာရှိ    ရှမ်းချောင်းဇေတဝန် ကျောင်းတိုက်၊     မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာရှိ ပါရမီ ဖြည့်ကျောင်းတိုက်၊     လှည်းကူး မြို့နယ်     ဆားတလင်းကျေးရွာရှိ သဒ္ဓမ္မ ဇောတိကပရိယတ္တိ   စာသင် တိုက် (အပေါ်ယာပုံ)၊   ဒလမြို့နယ် သမ္ဘာန်ချောင်းကျေးရွာရှိ    ဇေယျ သုခကျောင်းတိုက်၊    ဧရာဝတီတိုင်း ဒေသကြီး   ပုသိမ်မြို့     လိပ်ဥကုန်း    (စံပြ)ကျောင်းတိုက်၊    ရခိုင်ပြည် နယ် စစ်တွေမြို့ရှိ   ပညာတပ်ဦး ဘုန်းတော်ကြီးကျောင်း၊   အမ်းမြို့ ရှိ   ငွေချန်တောင်   ဘုန်းတော် ကြီးကျောင်း၊  ဘူးသီးတောင်မြို့   ရတနာအောင်သိဒ္ဓိ          ဘုန်းတော် ကြီးကျောင်း၊     နန္ဒဝန်တပ်ဦး              ဘုန်းတော်ကြီးကျောင်း၊  စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့ရှိ လယ်တီ မဟာသရဏဂုံ      ကျောင်းတိုက်၊             ရွှေဘိုမြို့ရှိ       အောင်မြေကျော်    ကျောင်းတိုက်၊    မန္တလေးတိုင်း ဒေသကြီး     ချမ်းအေးသာစံမြို့နယ်    ပတ္တမြားကျောင်းတိုက်၊    မဟာ အောင်မြေမြို့နယ်   ဗောဓိကုန်း ရပ်ကွက်   မဟာဗောဓိပင်ဘုရား        ဘုန်းတော်ကြီးကျောင်း၊ ပြည်ကြီး တံခွန်မြို့နယ်            ပသာဒ ကျောင်းတိုက်၊    မြစ်သားမြို့နယ် ပေတောကျေးရွာ              ပေတော ဘုန်းတော်ကြီးကျောင်း၊   ချမ်းမြေ့ ဂုဏ်ရည်       မြင့်မြင့်ခင်သီလရှင် စာသင်တိုက်၊           ချမ်းမြသာယာ ရပ်ကွက်        မဟာဝိဇိတာ      ရာမ ကျောင်းတိုက်၊      ကံသာကျောင်း၊ မိတ္ထီလာမြို့နယ်   ညောင်ပင်သာ ကျေးရွာ  ပေတောကျောင်းတိုက်၊ ပျော်ဘွယ်မြို့နယ်           မင်းလမ်း ကျေးရွာအုပ်စု  ပေကုန်းကျေးရွာ ပေကုန်းကျောင်းသစ်   ဘုန်းတော် ကြီးကျောင်း၊ မတ္တရာမြို့ အင်ကြင်း မြိုင်ကျေးရွာ          အောင်မြေဓမ္မ မာမက    ဘုန်းတော်ကြီးကျောင်း၊ မကွေးတိုင်းဒေသကြီး  မကွေးမြို့ မြိုင်ညိုညို ဘုန်းတော်ကြီးကျောင်း၊ ငဖဲမြို့နယ်             ပန်းထိမ်းအုပ်စု ညောင်ကုန်းကျေးရွာ သိမ်ကုန်း ဘုန်းတော်ကြီးကျောင်း၊   ချောက် မြို့နယ်    ဝိမုတ္တရာသ   (ရေစင်)တောရကျောင်းတိုက်၊   မင်းဘူးမြို့ နတ်စုတောင်       သီလရှင်ကျောင်း၊ မင်းလှမြို့နယ်  ဥယျာဉ်ကျေးရွာ သာသနာ့ဟိတ      ကျောင်းတိုက်၊ တောင်တွင်းကြီးမြို့   ပြည်တော် အေး    သီလရှင်စာသင်တိုက်တို့မှ သံဃာတော်များနှင့်    သာသနာ့ နွယ်ဝင်သီလရှင်များအား     ဆွမ်း ဆန်တော်၊  ဆီ၊  ဆား၊   ပဲ အမယ် လေးမျိုး၊    နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေး အထောက်အကူပြု         ပစ္စည်းများ၊ နေ့ဆွမ်းများနှင့်   လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ       တာဝန်ရှိသူများက သွားရောက်          ဆက်ကပ်လှူဒါန်း ကြပြီး   နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့်           ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင် ရွက်ပေးသည်။
စားသောက်ဖွယ်ရာများလှူဒါန်း  
ထို့ပြင်     မန္တလေးတိုင်းဒေသ ကြီး             အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ မန်းတောင် ခြေဘိုးဘွားရိပ်သာနှင့်     မကွေး တိုင်းဒေသကြီး          မကွေးမြို့ရှိ ဖန်ခါးမြေ         ဘိုးဘွားရိပ်သာတို့မှ အဘိုး၊            အဘွားများအား အလယ်ပိုင်းတိုင်း         စစ်ဌာနချုပ်၊ မန္တလေးတပ်နယ်နှင့်           မကွေး တပ်နယ်တို့မှ နယ်မြေခံတပ်မတော် သားများက     အလှူငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာ များ         သွားရောက်လှူဒါန်း  သည်။                   သတင်းစဉ်