ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ခြောက်ဦးအား မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်

 

နေပြည်တော် ဇွန် ၂၀
ဇွန် ၁၉ ရက်တွင်  ဆက်သွယ်ရေး လိမ်လည်မှု   ကျူးလွန်ကြောင်း သံသယရှိသူ  တရုတ်အမျိုးသား ခြောက်ဦးအား     မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ ရန်ကုန်     အပြည်ပြည်ဆိုင်ရာ လေဆိပ်၌     လွှဲပြောင်းပေးခဲ့ပြီး ထိုနေ့တွင် တရုတ်နိုင်ငံသို့ ဖမ်းဆီး ပို့ဆောင်ခဲ့ကြောင်း  မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက သတင်း ထုတ်ပြန်ထားသည်။ 
အဆိုပါ ခြောက်ဦးကို မြန်မာ-ထိုင်းနယ်စပ်၌ တရုတ်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ဆက်သွယ်ရေး လိမ်လည်မှု နှိမ်နင်းရေးလှုပ်ရှားမှု အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 
ယခု     ဆောင်ရွက်မှုသည် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန် မှု၊   အထူးသဖြင့်   လိမ်လည်မှု၊ လောင်းကစား ရာဇဝတ်မှုများကို တရုတ်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ပူးပေါင်းနှိမ်နင်းသည့် ခိုင်မာသောစိတ်ပိုင်းဖြတ်မှုနှင့်  ဆန္ဒများကို ဖော်ပြနေကြောင်း  တရုတ်သံရုံး ထုတ်ပြန်ချက်အရ သိရသည်။ 
တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် လက်တွေ့ ကျသော  တရားဥပဒေစိုးမိုးရေး ပူးပေါင်း   ဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ပြီး ယင်းကဲ့သို့ ပြစ်မှုကျူးလွန်မှုများကို တင်းကျပ် စွာနှိမ်နင်းကာ   ပြည်သူလူထု၏ ပိုင်ဆိုင်မှုများ     ဘေးကင်းလုံခြုံ ရေးကို           လက်တွေ့ကာကွယ် စောင့်ရှောက်သွားမည်    ဖြစ် ကြောင်း သိရသည်။
ပြီးခဲ့သည့်လက       တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့်    နိုင်ငံခြားရေး ဝန်ကြီးMr. Qin Gang မြန်မာနိုင်ငံ သို့    လာရောက်သည့်ခရီးစဉ် အတွင်း    မြန်မာနိုင်ငံအနေဖြင့် အင်တာနက်မှတစ်ဆင့် လိမ်လည် မှုများကို နှိမ်နင်းရန် အဆိုပြုခဲ့ပြီး  နယ်စပ်ဒေသများ၌ ယင်းဖြစ်စဉ် များ အခြေစိုက်တည်ရှိနေကြောင်း နှင့် တရုတ်-မြန်မာ-ထိုင်းနိုင်ငံတို့ ပူးပေါင်း၍   လက်တွေ့ကျကျ တရားဥပဒေနှင့်အညီ   ပူးပေါင်း ဆောင်ရွက်ရန်အတွက် ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း နယ်စပ်ဒေသများတွင်   အင်တာ နက်       လိမ်လည်မှုအပါအဝင် အခြားတရားမဝင်လုပ်ငန်းများကို နှိမ်နင်းရန်နှင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်သွားရန်    အသင့်ရှိ ကြောင်း   ထုတ်ဖော်ပြောကြား ထားပြီး  ဖြစ်သည်။    ခင်ရတနာ