ဆိုနီကုမ္ပဏီ၏ တစ်နှစ်တာ ရောင်းအားတန်ဖိုး ပထမဆုံးအကြိမ် ယန်း ၁၀ ထရီလီယံကျော်ရရှိ

 

တိုကျို     ဧပြီ    ၂၈


ဆိုနီကုမ္ပဏီများအုပ်စုမှ    ၂၀၂၂    ဘဏ္ဍာနှစ်တွင်၎င်း၏ ရောင်းအား သည်  ယန်း ၁၁ ဒသမ ၅၄    ထရီ လီယံ  (အမေရိကန် ဒေါ်လာ   ၈၅  ဘီလီယံ)    ရှိခဲ့ပြီး ရောင်းအား ၁၆ ဒသမ ၃   ရာခိုင်နှုန်း    မြင့်တက် ခဲ့ကြောင်း     ဧပြီ   ၂၈ ရက်တွင် ကြေညာခဲ့သည်။ 

 


အဆိုပါ ဂျပန်အီလက်ထရွန်နစ်  နှင့် ဖျော်ဖြေရေး    ကုမ္ပဏီကြီးသည် ယခုမတ်လတွင် ကုန်ဆုံးခဲ့သည့် ဘဏ္ဍာနှစ်အတွက်    အမြတ်ငွေ ယန်း ၉၃၇ ဒသမ ၁၃ ဘီလီယံရှိပြီး ယခင်နှစ်ကထက်    ၆   ဒသမ ၂ ရာခိုင်နှုန်း         တိုးတက်လာကာ ၎င်း၏         လုပ်ငန်းလည်ပတ်မှု အမြတ်မှာ  ယန်း ၁ ဒသမ ၂၁ ထရီလီယံအထိ ၀ ဒသမ ၅  ရာခိုင် နှုန်း တိုးတက်ခဲ့သည်။

 


ဆိုနီ၏ ဂိမ်းနှင့် အင်တာနက် ကွန်ရက် ဝန်ဆောင်မှုကဏ္ဍတွင် ရောင်းအားသည် ယန်း ၃ ဒသမ ၆၄  ထရီလီယံမှ ၃၃ ရာခိုင်နှုန်း မြင့်တက်သွားပြီး   ယင်းကုမ္ပဏီ သည် မတ်လအထိ  တစ်နှစ်တာ တွင်   PlayStation   5  ဗီဒီယို ဂိမ်းစက် ၁၉ ဒသမ ၁ သန်းဖိုး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ထက် အလုံးရေ ၇ ဒသမ ၆ သန်းအထိ ပိုမိုရောင်းချခဲ့ရသည်။    

ဆင်ဟွာ