ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပျက်စီးမှုများ

 

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာ ၁၀၆၈ ရွာမှ လူနေအိမ် ၄၄၉၂၈ လုံး၊ သာသနိက အဆောက်အဦ ၃၇၆ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၄၃၉ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၅၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ လုံး၊ ဈေး တစ်ခု၊ လေဆိပ် နှစ်ခု၊  ဌာနဆိုင်ရာအဆောက်အဦ ၁၅၈ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၄၈ ဦး သေဆုံး
 

 

နေပြည်တော်  မေ  ၁၇


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ် ပေါ်နေသော      အလွန့်အလွန် အားကောင်းသော  ဆိုင်ကလုန်း မုန်တိုင်း “မိုခါ”(MOCHA) မေလ ၁၄ ရက်တွင်   တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၌ ပျက်စီး ဆုံးရှုံးမှုစာရင်းများအား   အချိန် နှင့်တစ်ပြေးညီ   ထုတ်ပြန်လျက် ရှိသည်။

 


ဆက်လက်၍   သက်ဆိုင်ရာ တာဝန်ရှိသူများက တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် အသေး စိတ်ထပ်မံစိစစ်ခဲ့ရာ မေ ၁၇ ရက် မွန်းလွဲပိုင်းအထိ ရရှိသောစာရင်း များအရ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ    ရပ်ကွက်၊ ကျေးရွာ ၄၄ ရွာမှ လူနေအိမ် ၁၂ လုံး၊ သာသနိကအဆောက်အဦ သုံးလုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊  စာသင်ကျောင်း သုံးကျောင်း၊ လေဆိပ်အဆောက် အဦ တစ်ခု၊ ဓာတ်မီးတိုင် ရှစ်တိုင်၊ ထရန်စဖော်မာ   တစ်လုံး၊   ဌာန ဆိုင်ရာအဆောက်အဦ တစ်လုံး၊ အုတ်နံရံ တစ်ခု၊ ချင်းပြည်နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၂၄ ရွာ မှ လူနေအိမ် ၁၂၉ လုံး၊ သာသနိက အဆောက်အဦ တစ်လုံး၊ ဘုန်းတော် ကြီးကျောင်း နှစ်ကျောင်း၊ စာသင် ကျောင်း တစ်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း   နှစ်ခု၊   ဓာတ်မီးတိုင် လေးခု၊   ဌာနဆိုင်ရာအဆောက် အဦ ၃၀၊  ဘောလုံးကွင်း တစ် ကွင်း၊   စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၂၃ ရွာ၊ လူနေအိမ် သုံးလုံး၊ ဆက်သွယ် ရေးတာဝါတိုင်    ခြောက်တိုင်၊ ဓာတ်မီးတိုင် နှစ်တိုင်၊ ထရန်စဖော် မာ တစ်လုံး၊ အုတ်တံတိုင်း၊ နံရံ  ၂၆ ခု၊ တံတားသုံးစင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ   ရပ်ကွက်၊ ကျေးရွာ ၇၂ ရွာမှ လူနေအိမ် ၁၁၃ လုံး၊ ဆက်သွယ်ရေး တာဝါတိုင် နှစ်တိုင်၊ ဓာတ်မီးတိုင် တစ်တိုင်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ၃၄ ရွာမှ လူနေအိမ် လေးလုံး၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ အုတ်တံတိုင်း၊ နံရံ ၆၇ ခု၊ ရာသီသီးနှံစိုက်ခင်း   ၁၅၆ ခင်း၊ တံတား တစ်စင်း၊   မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ   ရပ်ကွက်၊ ကျေးရွာ တစ်ရွာမှ   သာသနိက အဆောက်အဦ   လေးခု၊   မွန် ပြည်နယ်အတွင်းရှိ   ရပ်ကွက်၊ ကျေးရွာ လေးရွာမှ လူနေအိမ် တစ်လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၆၈၆ ရွာမှ လူနေအိမ် ၄၄၅၀၂ လုံး၊ သာသနိကအဆောက် အဦ ၃၆၆ ခု၊   ဘုန်းတော်ကြီး ကျောင်း ၄၈ ကျောင်း၊   စာသင် ကျောင်း ၃၉၄ ကျောင်း၊  ဆေးရုံ၊ ဆေးခန်း ၅၂ ခု၊  ဈေး တစ်ခု၊ လေဆိပ်အဆောက်အဦ တစ်ခု၊ ဆက်သွယ်ရေးတာဝါတိုင် တစ်ခု၊ ဓာတ်မီးတိုင် ခုနစ်တိုင်၊ ထရန် စဖော်မာ တစ်လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၈ လုံး၊ အခြား ပျက်စီးမှု ၉၃၂ ခု၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ   ရပ်ကွက်၊ ကျေးရွာ ၆၅ ရွာမှ လူနေအိမ် ၃၁ လုံး၊ သာသနိကအဆောက်အဦ တစ်လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊  စာသင်ကျောင်း ခုနစ်ကျောင်း၊   ဆက်သွယ်ရေး တာဝါတိုင် နှစ်တိုင်၊  ဓာတ်မီးတိုင် ၆၀၊ ထရန်စဖော်မာ    နှစ်လုံး၊ ဌာနဆိုင်ရာ     အဆောက်အဦ ခြောက်လုံး၊ ဘောလုံးကွင်း နှစ် ကွင်း၊ အုတ်တံတိုင်း၊ နံရံ ၃၄ ခု၊ ရှမ်းပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ  တစ်ရွာမှ    လူနေအိမ် နှစ်လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊   စာသင်ကျောင်း တစ်ကျောင်း၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၁၁၄ ရွာမှ  လူနေအိမ် ၁၃၁ လုံး၊ သာသနိကအဆောက်အဦ တစ်လုံး၊ ဘုန်းတော်ကြီးကျောင်း ငါးကျောင်း၊ စာသင်ကျောင်း  ၃၂   ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ငါးခု၊ ဓာတ်မီး တိုင် ကိုးတိုင်၊ ဌာနဆိုင်ရာအဆောက် အဦ  သုံးလုံး၊   အခြားပျက်စီးမှု လေးခု  ပျက်စီးဆုံးရှုံးခဲ့ပြီး ရခိုင် ပြည်နယ်အတွင်း ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့်    လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင်  သေဆုံးသူ ၄၇   ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း သေဆုံးသူ တစ်ဦးရှိကြောင်း သိရှိ ရသည်။

 


သို့ဖြစ်၍ မေ ၁၇ ရက် မွန်းလွဲ ပိုင်းအထိ ရရှိသောစာရင်းများအရ တိုင်းဒေသကြီးနှင့်       ပြည်နယ် ၁၁ ခုတို့တွင်      စုစုပေါင်းပျက်စီး ဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ ရပ်ကွက်၊ ကျေးရွာ ၁၀၆၈ ရွာမှ လူနေအိမ် ၄၄၉၂၈ လုံး၊ သာသနိကအဆောက် အဦ ၃၇၆ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၅၉ ကျောင်း၊ စာသင် ကျောင်း ၄၃၉ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၅၉ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၁၁ ခု၊  ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ငါးလုံး၊ ဈေး တစ်ခု၊ လေဆိပ် နှစ်ခု၊  ဌာန ဆိုင်ရာ အဆောက်အဦ ၁၅၈ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၄၈ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

 


အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး မှုဖြစ်ပေါ်ခဲ့သည့်   နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် အသင့်ပြင်ဆင်စုဖွဲ့ထား ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့ များက ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များနှင့်အတူ ကူညီ ကယ်ဆယ်ရေး   လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအား ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်