ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် စစ်တွေမြို့မှ ဒေသခံပြည်သူများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ အနုပညာရှင်များ လာရောက်တွေ့ဆုံအားပေး

 

စစ်တွေ   မေ   ၁၇


ဆိုင်ကလုန်းမုန်တိုင်း  မိုခါ   ဝင်ရောက် တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့်  ရခိုင်ပြည်နယ်    စစ်တွေမြို့မှ    ဒေသခံ ပြည်သူများကို အားပေးကူညီရန် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) မှ အနုပညာရှင် များ ပါဝင်သောအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် လေကြောင်းခရီးဖြင့် စစ်တွေ မြို့သို့ ရောက်ရှိခဲ့သည်။

 


အနုပညာရှင်များ ပါဝင်သောအဖွဲ့ အား ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာ  ဝန်ကြီး ဦးတင်လှ၊ စစ်တွေခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့်      တာဝန်ရှိသူများ က    လေဆိပ်တွင်    ကြိုဆိုနှုတ်ဆက်ခဲ့ ကြသည်။

 


အဆိုပါအဖွဲ့သည်  စစ်တွေမြို့  အလို တော်ပြည့် ဘုန်းတော်ကြီးကျောင်းတိုက် ကယ်ဆယ်ရေးစခန်း၊     မဏိရတနာ ဘုန်းတော်ကြီးကျောင်း    ကယ်ဆယ်ရေး စခန်းနှင့်   ကျေးတောပိုက်ဆိပ်ကျေးရွာ  ဆိုင်ကလုန်း   shelter  အဆောက်အအုံ တွင်  ခိုလှုံနေထိုင်ကြသော ဒေသခံပြည်သူ များကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားများ   ပြောကြားပြီး    ဆရာတော် အရှင်ဆေကိန္ဒ   လှူဒါန်းသည့်   ဆေးဝါး ပစ္စည်းများနှင့်    ရိက္ခာခြောက်များအား ဘေးသင့်ပြည်သူများထံ    လက်ဝယ် အရောက်ပေးအပ်သည်။

 


မွန်းလွဲပိုင်းတွင် စစ်တွေမြို့ သာသနာ့ ဗိမာန်တော်တွင် ကျင်းပသည့် ဘေးသင့်  ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်း များ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးကြသည်။

 


ဆိုင်ကလုန်း     မုန်တိုင်း      မိုခါ ဝင်ရောက်တိုက်ခတ်မှုကြောင့်   ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်  စစ်တွေမြို့မှ     ဒေသခံပြည်သူများအား အားပေးကူညီရန် လာရောက်သော အနု ပညာရှင်များအဖွဲ့တွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များ၊ အနုပညာရှင်များ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ အနုပညာ ရှင်များ စုစုပေါင်း အဖွဲ့ဝင် ၄၅ ဦး ပါဝင် ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)