ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် တိရစ္ဆာန် ၅၃၁၉၁၃ ကောင် သေဆုံး

 

နေပြည်တော်   မေ   ၂၄
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်နှင့်  မုန်တိုင်း၏ ဆက်စပ်အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီးနှင့်   ဧရာဝတီ တိုင်းဒေသကြီးတို့၌ ကျွဲ ၄၂၀၉ ကောင်၊ နွား ၇၆၆၆ ကောင်၊ ဝက် ၂၂၉၅ ကောင်၊ ဆိတ် ၇၃၈ ကောင်နှင့် ကြက် ၅၁၇၀၀၅ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးခဲ့သည့် တိရစ္ဆာန်များတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့ နယ်မှ ကျွဲ ၄၂၀၆ ကောင်၊ နွား ၇၅၉၃ ကောင်၊ ဝက် ၂၂၈၃ ကောင်၊ ဆိတ် ၇၃၈ ကောင်နှင့် ကြက် ၄၈၉၂၀၅ ကောင်၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ  ကြက် ကောင်ရေ ၂၄၅၀၀ ၊ မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ ကျွဲ ၃ ကောင်၊ နွား ၇၃ ကောင်နှင့် ဝက် ၁၂ ကောင်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် နှစ်မြို့နယ်မှ ကြက်ကောင်ရေ ၃၃၀၀ တို့ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်