ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် စိုက်ပျိုးသီးနှံ ၆၂၈၃၆ ဧက ပျက်စီး

 

နေပြည်တော်  မေ   ၂၄
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ခံခဲ့ရသည့်  ရခိုင်ပြည်နယ်နှင့်   မုန်တိုင်း၏ ဆက်စပ်အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသ ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့၌ စိုက်ပျိုးထားသည့် စိုက်ပျိုးသီးနှံ စုစုပေါင်း ၆၂၈၃၆ ဧက ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါပျက်စီးသွားသည့် စိုက်ပျိုးသီးနှံများတွင် ရခိုင်ပြည်နယ်မှ ငှက်ပျော ၆၀၅ ဧက၊ ကွမ်းသီးပင် ၁၃၄၅ ဧက၊ ကွမ်းရွက်ပင် ၅၈ ဧက၊ ဓနိပင် ၂၃၁ ဧက၊ ကြက်ပေါင်စေး ၅ ဧက နှင့် သစ်သီးဥယျာဉ် ၁၇၀၉ ဧက၊ မကွေးတိုင်းဒေသကြီးမှ နွေစပါး ၁၀၉ ဧက၊ နွေနှမ်း ၄၉၅၆၉ ဧက၊ ဆောင်းနေကြာ ၈ ဧက၊ မိုးနေကြာ ၂၂ ဧကနှင့် မိုးပဲတီစိမ်း ၆၇၆၆ ဧက၊ မန္တလေးတိုင်းဒေသကြီးမှ နွေနှမ်း ဧက ၃၅၀ နှင့် မိုးပဲတီစိမ်း ၁၇ ဧက၊ စစ်ကိုင်းတိုင်းဒေသကြီးမှ နွေနှမ်း ၉၀၂ ဧကနှင့် မိုးပဲတီစိမ်း ၁၀၆၅ ဧက၊ ဧရာဝတီတိုင်းဒေသကြီးမှ ငှက်ပျော ၇၅ ဧကတို့ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်