ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရ

 

နေပြည်တော်    ဒီဇင်ဘာ    ၅
ယနေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ အင်ဒရာ ပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေကို နီလိုရီမြို့နှင့် မာချီလီပတ္တနမ် မြို့တို့အကြား၊ ဘပတ်လမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း  “မိကျောင်း” (MICHAUNG)သည်    မြောက်ဘက်သို့   ရွေ့လျားခဲ့ပြီး     ဆိုင်ကလုန်းမုန်တိုင်း  “မိကျောင်း”  အဖြစ်သို့ အားလျော့သွားခဲ့သည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း  “မိကျောင်း”  သည် မြောက်-အရှေ့မြောက်ဘက်သို့      ဆက်လက်ရွေ့လျားနိုင်ပြီး      နောက် ၁၂  နာရီအတွင်း  ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့   တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရသည်။
ယခုသတင်းသည်   အားကောင်းသော    ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” (MICHAUNG) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံး သတင်း ဖြစ်ပါသည်။ 
မိုး/ဇလ