
နေပြည်တော် နိုဝင်ဘာ ၁
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒ ရှင်းလင်းဆွေးနွေးပွဲနှင့် ဆိုက် ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ (တက္ကသိုလ်အဆင့်) ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၌ ဆက်သွယ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် ဆက်သွယ်ရေးကဏ္ဍကို လွတ်လပ် သောစျေးကွက်အဖြစ် ဖွင့်လှစ်ပေး နိုင်ခဲ့ကာ Online ဝန်ဆောင်မှုစနစ် များ၊ e-Government စနစ်များ ပိုမိုကျယ်ပြန့်စွာ အကောင်အထည် ဖော် ဆောင်ရွက်လာနိုင်မှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူ တို့၏ နေ့စဉ်လူမှုစီးပွားဘဝများ သည် သတင်းအချက်အလက် နည်းပညာ အသုံးပြုမှုအပေါ် များစွာ မှီခိုလာကြသည်ကို တွေ့မြင်ရပါကြောင်း။
မျက်ခြည်မပြတ်စောင့်ကြည့်
အသုံးပြုမှု တွင်ကျယ်မှီခိုလာ ခြင်းနှင့်အတူ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုများ ကလည်း တိုးတက်များပြားလာပါ ကြောင်း၊ ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုး တိုးတက်လာမှုကြောင့် လူသားဖြစ်တည်မှုနှင့် လူနေမှုဘဝ ပတ်ဝန်းကျင်ကို လွှမ်းမိုးထိခိုက် လာသည့် အခြေအနေများ ကြုံတွေ့ ရပြီး အမျိုးသားလုံခြုံရေးအထိ ထိပါးလာနိုင်သောကြောင့် နိုင်ငံ အများစုက ဉာဏ်ရည်တု နည်း ပညာကို မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများဖြင့် ထိန်းကျောင်း ရန် ကြိုးစားလာကြပါကြောင်း၊ သတင်းအချက်အလက် နည်း ပညာ ဆိုက်ဘာနယ်ပယ်တွင် လည်း စိန်ခေါ်မှုများ များပြားလာ သည့်အတွက် မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်လာပါ ကြောင်း၊ များပြားလာသည့် စိန်ခေါ်မှုများကိုသိရှိပြီး ကြိုတင် ကာကွယ် ဖြေရှင်းနိုင်ရန်အတွက် လိုအပ်သော ဆိုက်ဘာလုံခြုံရေး မူဝါဒကို ပြည်ထောင်စုအစိုးရအဖွဲ့ ၏ သဘောတူညီချက်ဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ သိရှိလိုက်နာ နိုင်ရေးအတွက် ဖြန့်ဝေခဲ့ပြီး ဖြစ်ပါကြောင်း။
ယနေ့ ကျင်းပသော ဆွေးနွေး ပွဲသည် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒတွင် ပါဝင်သော ရည်ရွယ် ချက် ၇ ချက်နှင့် မူဝါဒ ၅ ရပ်ပါ အချက်များကို ပိုမိုရှင်းလင်းစေရန် ဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ယင်းမူဝါဒကို International Telecommunication Union (ITU) က ချမှတ်ထားသည့် အမျိုး သားအဆင့် ဆိုက်ဘာလုံခြုံရေး မဟာဗျူဟာရေးဆွဲရာတွင် ပါဝင် ရမည့် အခြေခံအချက်များပေါ် မူတည်ပြီး မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများနှင့် ကိုက်ညီ အောင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များက ပူးပေါင်းပြုစု ရေးဆွဲထား ခြင်းဖြစ်ပါကြောင်း၊ လုံခြုံစိတ်ချ၍ တည်ငြိမ်ကောင်းမွန်ကြံ့ခိုင်သော ဆိုက်ဘာနယ်ပယ်တစ်ခု တည် ဆောက်နိုင်ရန်အတွက် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက် များ ထုတ်ပြန်ခြင်း၊ ဖွဲ့စည်းဆောင် ရွက်မှုပုံစံ၊ လူ့စွမ်းအားအရင်း အမြစ် မြှင့်တင်ရေး၊ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အထောက်အပံ့ ပစ္စည်းများနှင့် နည်းပညာများ ကို မဟာဗျူဟာမြောက် ချမှတ် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။
ပူးပေါင်းဆောင်ရွက်
ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်း၊ ဝန်ဆောင်မှု ပေးသူများ၊ ပုဂ္ဂလိကအဖွဲ့ အစည်း၊ ပြည်သူများအားလုံးက တက်ကြွ စွာ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မှုယန္တရားကို ဖော်ထုတ် နိုင်ပြီး မူဝါဒကို အရှိန်အဟုန် မြှင့်တင် အကောင်အထည်ဖော် နိုင်ရေးအတွက် အထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း။
ယနေ့ အခမ်းအနား၌ တက္ကသိုလ်အဆင့် ဆိုက်ဘာလုံခြုံ ရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ တွင် ဆုရရှိသူများကို ဆုချီးမြှင့် ခြင်း အခမ်းအနားကိုလည်း ပူးတွဲ ကျင်းပမည် ဖြစ်ပါကြောင်း၊ အာဆီယံ - ဂျပန် ဆိုက်ဘာလုံခြုံ ရေးလုပ်ငန်းကော်မတီနှင့် Cyber Security Brunei တို့ ပူးပေါင်း ကျင်းပခဲ့သည့် “အာဆီယံ - ဂျပန် ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ” တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဗီဒီယိုတစ်ခု ပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်ရွယ် ပြီး ယခုပြိုင်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေး မူဝါဒပါအချက် အလက်များကို လိုက်နာအကောင် အထည်ဖော်ရာတွင် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများ အပါ အဝင် ဆိုက်ဘာလုံခြုံရေးအသိ ပညာပေးရေး၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အနာဂတ် လမ်းကြောင်းများ ကိုပါ ဝိုင်းဝန်း ဖော်ဆောင်နိုင် မည်ဟု ယုံကြည်ပါကြောင်း ပြော ကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ (တက္ကသိုလ်အဆင့်) တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သတင်းအချက် အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ အမျိုးသား ဆိုက်ဘာ လုံခြုံရေးဗဟိုဌာန ညွှန်ကြားရေးမှူးက ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ မူဝါဒတွင် ပါဝင် သော လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာသည့် အစိုးရ အဖွဲ့အစည်းများမှ Chief Information Officer (CIO) များက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့တို့မှ Chief Infor-mation Officer (CIO) များ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်