ဆီထွက်သီးနှံဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

 

 

သတင်းထုတ်ပြန်ကြေညာချက် (  ၁ / ၂၀၂၂)
၁၃၈၃ ခုနှစ်၊ နှောင်းတန်ခူးလဆန်း   ၅  ရက်
(၂၀၂၂ ခုနှစ်၊ ဧပြီလ     ၅     ရက်)
ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်


၁။    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က  ဆီထွက်သီးနှံမျိုးစေ့ ထုတ်လုပ်ခြင်း၊  အကျိုးတူ   ကန်ထရိုက်လယ်ယာ   (Contract Farming) စနစ်ဖြင့်   စိုက်ပျိုးခြင်း၊ စားသုံးဆီအမျိုးမျိုး   ကြိတ်ခွဲ ထုတ်လုပ်ခြင်းလုပ်ငန်းများတွင်  ရင်းနှီးမြှုပ်နှံမှုများ  ဆောင်ရွက် လိုသူ    မြန်မာနိုင်ငံသားနှင့်   နိုင်ငံခြားသားလုပ်ငန်းရှင်များအား ဖိတ်ခေါ်လျက်ရှိပါသည်။  
၂။    သို့ပါ၍   အဆိုပါလုပ်ငန်းများတွင်    ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လိုသူ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားလုပ်ငန်းရှင်များ အနေဖြင့်     ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို    လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်    ရင်းနှီးမြှုပ်နှံမှုနှင့်     နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက         သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီအပါအဝင်   တိုင်းဒေသကြီးနှင့်   ပြည်နယ် အစိုးရအဖွဲ့များနှင့်       ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်းနှင့် အကူအညီလိုအပ်ပါက အောက်ပါအတိုင်း ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း  အသိပေးကြေညာအပ်ပါသည် -
    (က)    ရုံးအမှတ် (၁) ၊ ဇေယျဌာနီလမ်း၊ နေပြည်တော်
    ( ခ )    အမြဲတမ်းအတွင်းဝန် ၊  ဖုန်း - ၀၆၇-၃၄၀၇၁၄၇
        e-mail : ps@mifer.gov.mm, wahmaungapril
        @gmail.com
    ( ဂ )    ဒုတိယအမြဲတမ်းအတွင်းဝန်  ၊ ဖုန်း - ၀၆၇-
        ၃၄၀၇၇၆၈၊ 
        e-mail : dps@mifer.gov.mm , sandaygn
        gmail.com
    
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန