
နေပြည်တော် ဒီဇင်ဘာ ၇
စားသုံးဆီဖူလုံရေးအတွက် ဆီ ထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုး ရေးစီမံကိန်း အကောင်အထည် ဖော်မှုအခြေအနေနှင့် စပ်လျဉ်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ မှ စက်တင်ဘာလကုန်အထိ ခြောက်လအတွင်း အကောင် အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအမံများအတွက် ဆီထွက် သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရေး စီမံကိန်း အကောင်အထည်ဖော် ရေးလုပ်ငန်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီး က မိုးနေကြာစိုက်ကာလတွင် ကြုံတွေ့ရသည့် အခြေအနေများ အပေါ် ပြန်လည်သုံးသပ်ပြီး လာမည့် ဆောင်းနေကြာ စိုက်ပျိုး ရေးအတွက် ရည်မှန်းထားသည့် လျာထားချက်များ ပြည့်မီရေး အတွက် ပြင်ဆင်ဆောင်ရွက်ရ မည့် ကိစ္စရပ်များ၊ သက်ဆိုင်ရာ ဦးစီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် မတူညီ သည့် လုပ်ငန်းအခြေအနေ အရပ် ရပ်အပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန် လိုအပ်ချက်များ ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် အမြဲ တမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများက သက်ဆိုင်ရာကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်ချက် များနှင့် ဆောင်းနေကြာ စိုက်ပျိုး ရေးလုပ်ငန်း အစီအမံများကို လည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည့် တိုင်းဒေသ ကြီး၊ ပြည်နယ်အဆင့် တာဝန်ရှိ သူများက ဒေသအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များကို လည်း ကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်