ဆီသယ်ယာဉ်များအတွက် လူကိုယ်တိုင် မျှောထုတ်ယူရသည့်စနစ်မှ Online ဖြင့် မျှောထုတ်ယူနိုင်သည့်အဆင့်သို့ အသုံးပြုသွားနိုင်ရေးဆောင်ရွက်

 

နေပြည်တော်  ဒီဇင်ဘာ  ၁၅ 


စက်သုံးဆီ    တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ  စွမ်းအင်ဝန်ကြီး ဌာန  ဒုတိယဝန်ကြီး  ဦးသန့်စင် သည်     ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး  သန်လျင် မြို့နယ်     သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတင်သွင်း   သိုလှောင် ဖြန့်ဖြူးခြင်း  ဆောင်ရွက်နေသော စက်သုံးဆီသိုလှောင်စခန်းများသို့ရောက်ရှိကာ ပြည်ပမှ စက်သုံးဆီ တင်သင်္ဘောများဖြင့်    စက်သုံးဆီ တင်သွင်းရောက်ရှိနေမှု     အခြေ အနေများ၊  စက်သုံးဆီသိုလှောင် ကန်များသို့    စက်သုံးဆီလက်ခံ ချယူနေမှု       အခြေအနေများ၊ ပြည်နယ်နှင့်  တိုင်းဒေသကြီးများ သို့ ဆီသယ်ယာဉ်များဖြင့် စက်သုံး ဆီဖြန့်ဖြူးပေးပို့ရန်   မျှောစနစ် ဖြင့်  ဆောင်ရွက်နေမှု  အခြေအနေ များကို       လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


ဆက်လက်၍  ဒုတိယဝန်ကြီး သည်    ရန်ကုန်မြို့ရှိ   စက်သုံးဆီ အရောင်းဆိုင်များ၏     အများ ပြည်သူသို့    စက်သုံးဆီဖြန့်ဖြူး ရောင်းချပေးနေမှု အခြေအနေများ ကို  လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်သုံးဆီ     တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း  ဆောင်ရွက် နေကြသည့်   ကုမ္ပဏီများအနေဖြင့် သိုလှောင်စခန်း၊    ဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများ၏ လုံခြုံရေးကို အထူးဂရုပြု    ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင်       ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သတ်မှတ် ထားသည့်   SOP   (Standard Operating Procedure)  များကို လိုက်နာ       ဆောင်ရွက်ကြရန်၊ ဆီတင်/ဆီချ  ဆောင်ရွက်ရာတွင် စက်သုံးဆီများ    ယိုဖိတ်မှုမရှိစေ ရေးနှင့်    စက်သုံးဆီများအား အရည်အသွေးပြည့်မီစွာ ထိန်းသိမ်း ဖြန့်ဖြူးပေးနိုင်ရေးတို့ကို  တာဝန် ရှိသူအဆင့်ဆင့်မှ  ကြပ်မတ်ဆောင် ရွက်ကြရန်၊   ဆီသယ်ယာဉ်များ အတွက် လူကိုယ်တိုင် မျှောထုတ် ယူရသည့်စနစ်မှ      Online   ဖြင့် မျှောထုတ်ယူနိုင်သည့်  အဆင့်သို့ အသုံးပြုသွားနိုင်ရေးနှင့် Software စနစ် တပ်ဆင်အသုံးပြု၍ စက်သုံး ဆီဝယ်ယူသုံးစွဲမှု  အခြေအနေကို ကြီးကြပ်      စောင့်ကြည့်နိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် စက်သုံး ဆီ       အရောင်းဆိုင်များအနေ ဖြင့်လည်း     အများပြည်သူသို့ ဝန်ဆောင်မှု         ကောင်းမွန်စွာဖြင့် အရည်အသွေးနှင့် အချိန်အတွယ် ပြည့်မီစွာ    ဖြန့်ဖြူးရောင်းချပေး နိုင်ရေး  အလေးထား  ဆောင်ရွက် ကြရန်     မှာကြားခဲ့ကြောင်း   သိရ သည်။ 


သတင်းစဉ်