ဆီသယ်ယာဉ်များ Online ဖြင့် မျှောထုတ်ယူနိုင်အောင် ဆောင်ရွက်ပေးခြင်းသည် လုပ်ငန်းရှင်များအတွက် ပိုမိုအဆင်ပြေ

 

ရန်ကုန်    ဒီဇင်ဘာ   ၁၆
ဆီသယ်ယာဉ်များ Online ဖြင့် မျှော ထုတ်ယူနိုင်အောင်  ဆောင်ရွက်ပေးခြင်း သည်    လုပ်ငန်းရှင်များအတွက်      ပိုမို အဆင်ပြေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။


ဆီသယ်ယာဉ်များအတွက် လူကိုယ် တိုင် မျှောထုတ်ယူရသည့်စနစ်မှ Online ဖြင့်     မျှောထုတ်ယူနိုင်သည့်အဆင့်သို့ အသုံးပြုသွားနိုင်ရေးနှင့်     Software စနစ်    တပ်ဆင်အသုံးပြု၍   စက်သုံးဆီ ဝယ်ယူသုံးစွဲမှုအခြေအနေကို     ကြီးကြပ် စောင့်ကြည့်နိုင်ရေး  အမြန်ဆုံးအကောင် အထည်ဖော်        ဆောင်ရွက်သွားကြရန် စက်သုံးဆီ  တင်သွင်းသိုလှောင်  ဖြန့်ဖြူး ခြင်းလုပ်ငန်း  ကြီးကြပ်ရေးကော်မတီက    မှာကြား လမ်းညွှန်ထား‌သည်။


“ Online   နဲ့     ပိုအဆင်ပြေတာ၊   လူကိုယ်တိုင်က   ကုန်ကျစရိတ်များတာ ပေါ့။ Online က ချက်ချင်းအဖြေရတော့ချက်ချင်းဆုံးဖြတ်နိုင်တယ်။ လူကိုယ်တိုင် ကျတော့ အချိန်လည်းပေးရတယ်၊ ကုန်ကျ စရိတ်အနည်း၊ အများရှိတော့ online စနစ် က   ပိုအဆင်ပြေတယ်”ဟု    စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်ဝင်း က ၎င်း၏အမြင်ကို ရှင်းပြသည်။


လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်     သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတင်သွင်း   သိုလှောင်ဖြန့်ဖြူး ခြင်း    ဆောင်ရွက်နေသော   စက်သုံးဆီ သိုလှောင်စခန်းများ၌ ဆီသယ်ယာဉ်များ ဖြင့်  စက်သုံးဆီဖြန့်ဖြူးပေးပို့ရန်   မျှော စနစ်ဖြင့် ဆောင်ရွက်နေကြောင်း စက်သုံး ဆီ       တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  သိရ သည်။


စက်သုံးဆီ အရောင်းဆိုင်များအနေ ဖြင့်    အများပြည်သူသို့   ဝန်ဆောင်မှု ကောင်းမွန်စွာဖြင့်     အရည်အသွေးနှင့် အချိန်အတွယ်ပြည့်မီစွာ ဖြန့်ဖြူးရောင်းချ ပေးနိုင်ရေး အလေးထားဆောင်ရွက်ကြ ရန် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူး ခြင်းလုပ်ငန်း   ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင် က     မှာကြားပြောဆိုမှုများ လည်း ရှိသည်။


“Online     နဲ့    ပိုအဆင်ပြေတာပေါ့၊   လူကိုယ်တိုင်က      ကုန်ကျစရိတ်များ တယ်”ဟု ကုန်သည်တစ်ဦးက Online ဖြင့် မျှောထုတ်ယူနိုင်သည့်အဆင့်သို့ အသုံးပြု သွားနိုင်သည့်      ကိစ္စနှင့်ပတ်သက်၍ ပြောကြားသည်။
သစ်တော်