ဆီနိုဖမ်း ကိုဗစ် -၁၉ ကာကွယ်ဆေးများ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လက်ခံရရှိ

 

ဒါကာ ဇူလိုင် ၁၈


ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံမှုကို အရှိန်မြှင့်တင်နိုင်ရေးအတွက် တရုတ် နိုင်ငံထုတ် ဆီနိုဖမ်းကာကွယ်ဆေးများ လက်ခံရရှိ ခဲ့သည်ဟု သိရသည်။
ဒါကာမြို့ရှိ    အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇူလိုင် ၁၇ ရက် ဒေသစံတော်ချိန် ည  ၁၁ နာရီတွင် ပထမအသုတ် ကာကွယ်ဆေးရောက်ရှိခဲ့ပြီး   နံနက်   ၃ နာရီတွင် နောက်တစ်သုတ် ကာကွယ်ဆေးရရှိခဲ့သည် ဟု သိရသည်။ ကာကွယ်ဆေး  သဘောတူညီမှုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်   ယခင်ကလည်း   ဆီနိုဖမ်း ကာကွယ်ဆေးကို နှစ်ကြိမ်ရရှိခဲ့ပြီး ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်   ဧပြီ   ၂၆   ရက်က ကာကွယ်ဆေးပထမအကြိမ် ထိုးနှံမှုစတင်ခဲ့သော် လည်း   အိန္ဒိယမှ   ကာကွယ်ဆေးပေးပို့ရာတွင် ပြတ်လပ်မှုကြောင့်   ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်ကို ရပ်နားခဲ့ရသည်။ 
တိုင်းပြည်အတွင်း နှစ်ကြိမ်တိုင်ကာကွယ်ဆေးထိုးပြီးသူ ၄ ဒသမ ၃  သန်းရှိသည်ဟု   အထွေထွေကျန်းမာရေးဝန်ဆောင်မှုဌာနက     ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင် ၁၇ ရက် နောက်ထပ် ကူးစက်ခံရသူ ၈၄၈၉ ဦးရှိပြီး သေဆုံးသူ ၂၀၄ ဦး ရှိသည်ဟု သိရသည်။ ထို့ကြောင့် စုစုပေါင်းကူးစက် ခံရသူအရေအတွက်မှာ ၁၀၉၂၄၁၁ ဦးရှိပြီး သေဆုံး သူစုစုပေါင်းမှာလည်း  ၁၇၆၆၉   ဦး ရှိသည်ဟု သိရ သည်။                                                

ဆင်ဟွာ