ဆီဆိုင်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး၊ ပြည်သူများထွက်ပြေးနေရဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  ဖေဖော်ဝါရီ  ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)  ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင် မြို့နယ်၌     ဖေဖော်ဝါရီ ၈ ရက် က       ဘန်းယဉ်မြို့အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများကို       တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ  လက်နက်ကြီး ဖြင့် ၁၆ ကြိမ်ပစ်ခတ်ခဲ့ရာ ကျေးရွာ နေပြည်သူများ  ထွက်ပြေးနေရဟု မဟုတ်မမှန် သတင်းများကို   လူမှု ကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရသည်။
အထက်ပါ         သတင်းနှင့် ပတ်သက်၍  သက်ဆိုင်ရာတာဝန်ရှိ သူတစ်ဦးနှင့်  ဒေသခံပြည်သူများ ထံမှကြားသိရသော  သတင်းများ အရ  အကြမ်းဖက် PNLA ၊ KNDF နှင့်   PDF  အမည်ခံ  အကြမ်းဖက် သမားများပါဝင်သော  ပူးပေါင်း အဖွဲ့များသည်   ဘန်းယဉ်မြို့နယ် အတွင်းသို့  ကျူးကျော်ဝင်ရောက် လာမှုကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရပြီး ကျေးရွာနေ ပြည်သူများမရှိခိုက်    ရွာအတွင်း မွှေနှောက်ရှာဖွေခြင်း၊    ဈေးဆိုင် များမှ      စားသောက်ကုန်များကိုအတင်းအဓမ္မ          ယူဆောင်ခြင်း၊ ရွာသားများအား     ဖမ်းဆီးခေါ် ဆောင်ခြင်းတို့ကို    လုပ်ဆောင် လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့    ဆောင်ရွက်နေမှုများ ကြောင့်     တပ်မတော်နှင့်   ဒေသ ကာကွယ်ရေး  PNO (ပြည်သူ့စစ်)အဖွဲ့များက  ပူးပေါင်းတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်သောင်းကျန်းသူ များက         ထိုကျေးရွာများကို လက်နက်ကြီးများဖြင့်    အဝေးမှ ပစ်ခတ်တိုက်ခိုက်ခြင်း၊      Drop Bomb    ချ    တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုတို့ကြောင့် ဒေသခံ ပြည်သူများ  ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ        ဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်အားပေး   ပြည်ဖျက် မီဒီယာများက ပြည်သူများ အထင် အမြင်လွဲမှားစေရန် လူမှုကွန်ရက် စာမျက်နှာများတွင်  သတင်းမှား များကို ဝါဒဖြန့်ထုတ်လွှင့်နေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်