ဆီဆိုင်မြို့နယ်၌ MSME လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ခင်ခင်စန်းအမှတ်တံဆိပ် ထိုးမုန့်လုပ်ငန်း

 

တွေ့ဆုံမေးမြန်း- ဒေါ်နွေးနွေးယု၊ ဓာတ်ပုံ- မျိုးမြတ်(ဆီဆိုင်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်(၉)ရပ်ကို ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီးပွားရေးဦးတည် ချက်တွင်ပါဝင်သည့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက် ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”ဆိုသည့်ဦးတည်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများကို ဆီဆိုင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၌  မှတ်ပုံတင် ထားသည့် အသေးစား၊ အငယ်စားနှင့်  အလတ်စားလုပ်ငန်းများမှ အမှတ်တရလက်ဆောင် မုန့်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချပေး လျက်ရှိသော ဒေသထွက်ထုတ်ကုန်တစ်ခုဖြစ်သည့် ထိုးမုန့်လုပ်ငန်း သည်  လူမျိုးဘာသာမရွေး သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ရန် ထုတ်လုပ်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းနှင့် ပတ်သက်၍ ဆီဆိုင်မြို့ အောင်သပြေရပ်ကွက်မှ ထိုးမုန့်လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးခွန်ဝေမောင်နှင့် တွေ့ဆုံမေးမြန်းမှုကို ရေးသား ဖော်ပြလိုက်ရပါသည်-


မေး    ။    ။     ထိုးမုန့်လုပ်ငန်း စတင်ဆောင်ရွက်ဖြစ်ပုံကို    ရှင်းပြ             ပေးပါ။
ဖြေ    ။    ။     ထိုးမုန့်လုပ်ငန်းကို ၁၉၈၅ ခုနှစ်ကတည်းလောက်က             မိဘများလက်ထက်မှာ    စတင်ပြုလုပ်ခဲ့ရာမှ လက်ရှိ မိသားစုသားသမီးများလက်ထက်အထိ  လုပ်ကိုင်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ မိဘလက်ထက်က ပြုလုပ်ခဲ့တဲ့လုပ်ငန်းလည်းဖြစ်တော့ မိဘအမွေလုပ်ငန်းကို   ဆက်လက်လုပ်ကိုင်ဆောင်ရွက်ဖြစ်တာပါ။
မေး    ။    ။     ဘယ်လိုကုန်ကြမ်းပစ္စည်းတွေကို     အသုံးပြုတာလဲ၊             ပြုလုပ်ပုံအဆင့်ဆင့်နဲ့ ထိုးမုန့်အမျိုးအစား   ဘယ်နှမျိုး ထုတ်လုပ်တယ်ဆိုတာလည်း သိပါရစေ။
ဖြေ    ။    ။    ကုန်ကြမ်းတွေကတော့ အဓိကသုံးတာ ကောက်ညှင်း၊              ဂျုံ၊  အုန်းသီး၊  ပဲဆီ၊ ကြက်ဥ၊ ငချိပ်၊ ပဲမှုန့်၊    မြေပဲ၊ သီဟိုဠ်စေ့၊ စပျစ်သီးခြောက်နဲ့ သကြားစတာတွေကို   အဓိကထားပြီး လူမျိုးဘာသာမရွေးသုံးဆောင်လို့ရအောင် သန့်ရှင်းလတ်ဆတ်စွာနဲ့ပြုလုပ်ထားပါတယ်။ မုန့်အမျိုးအစားတွေကတော့ ထိုးမုန့်၊  လမုန့်၊ မုန့်ကုလားမည်း၊   ကုလားပဲချောင်းဆိုပြီးတော့   လေးမျိုးထုတ်လုပ်    ရောင်းချပေးပါတယ်။
မေး    ။      ။     လက်ရှိဈေးကွက်အတွင်းရောင်းချပေးရာမှာ မုန့်အမျိုး             အစားအလိုက် ဈေးနှုန်းလည်း သိပါရစေ။
ဖြေ    ။    ။     လက်ရှိ ဈေးကွက်မှာရောင်းချပေးတာက ဆီဆိုင်မြို့               (မြို့မဈေး)  ဆီဆိုင်-တောင်ကြီး     ပြည်ထောင်စု ကားလမ်းမကြီးပေါ် ခေတ်မှီကားဂိတ်ရဲ့မျက်နှာချင်းဆိုင်မှာ ကိုယ်ပိုင် ဆိုင်ခန်း ဖွင့်လှစ်ပြီးရောင်းချပေးပါတယ်။ မုန့်အမျိုးအစားအလိုက် ဈေးနှုန်းကတော့ ထိုးမုန့်တစ်ထုပ် ငွေကျပ်၂၅၀၀၊ လမုန့်တစ်ထုပ် ငွေကျပ် ၂၀၀၀၊ မုန့်ကုလားမည်းတစ်ထုပ် ငွေကျပ်၂၅၀၀၊ ပဲချောင်း တစ်ထုပ် ငွေကျပ် ၂၀၀၀ စသဖြင့် ရောင်းချပေးပါတယ်။
မေး    ။    ။    အဓိက ဘယ်လိုနေရာတွေကို တင်ပို့ရောင်းချနေသလဲ             ဆိုတာ သိပါရစေ။       
ဖြေ    ။    ။     အဓိကတော့ ဆီဆိုင်မြို့ရဲ့ အမှတ်တရလက်ဆောင်မုန့်             တစ်ခုအနေနဲ့   ထုတ်လုပ်ရောင်းချပေးတာပါ။ ဒေသခံ မြို့သူမြို့သားတွေ ခရီးသွားတဲ့အခါ မိမိဒေသရဲ့   လက်ဆောင်မုန့် တစ်ခုအဖြစ်  ဝယ်ယူသွားကြတယ်။ နောက်ပြီး မြို့ကိုရောက်ရှိလာကြ တဲ့   ခရီးသွားပြည်သူတွေလည်း    လက်ဆောင်မုန့်အနေနဲ့ လာရောက် ဝယ်ယူကြတယ်။ ခုလော‌လောဆယ်တော့    သီးခြားနေရာတွေကို တင်ပို့ရောင်းချပေးတာ မရှိသေးဘူး။
မေး    ။    ။     တစ်နေ့ကို ထိုးမုန့်အရေအတွက်အားဖြင့် ဘယ်လောက်             ရောင်းချရတာလဲ။
ဖြေ    ။    ။    ပုံမှန်တော့မရှိပါဘူး၊   အခါတွင်း   ပွဲလမ်းသဘင်တွေ             ရှိရင်တော့ ရောင်းမလောက်ဘူး၊ တစ်နေ့    ခန့်မှန်းပုံမှန် ရောင်းရတာကတော့မုန့်လေးမျိုးဆိုရင် အထုပ်အရေအတွက် ၁၀၀ နဲ့ ၁၅၀ ကြားမှာ ရောင်းရပါတယ်။
မေး    ။    ။     ကိုယ်ပိုင်လုပ်ငန်းလေးမှ စတင်ပြီး MSME  လုပ်ငန်း             ထိဖြစ်အောင် အသေးစားစက်မှုလုပ်ငန်းအဖြစ် မှတ်ပုံ တင်ထားရှိမှုကိုလည်း သိပါရစေ။
ဖြေ    ။    ။    အသေးစားစက်မှုလုပ်ငန်း(ဟိုပုံး)မှာ မှတ်ပုံတင်ထား             ရှိပါတယ်။ လုပ်ငန်းမှတ်ပုံတင်အမှတ်ကတော့ အစ(၁၃) ရှမ်း(၀၈၈၇) ဖြစ်ပါတယ်။ ဆီဆိုင်မြို့နယ်ရှိ အသေးစား၊ အငယ်စား အလတ်စား၊ စီးပွားရေး (MSME)လုပ်ငန်းများအနက် ထိုးမုန့်လုပ်ငန်း သည် မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီး နိုင်ရေးနှင့် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်  တစ်ဖက် တစ်လမ်းမှ   အထောက်အကူဖြစ်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။        ။