ဆေးဝါးအတုများသည် လူ့အသက်အန္တရာယ်အထိ ဖြစ်ပေါ်စေနိုင်သဖြင့် ထိုသို့ဆောင်ရွက်သူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်လို

နေပြည်တော်    ဩဂုတ်   ၂၃


ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ  (၉)ကြိမ်မြောက်  ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ   ဘုရင့်နောင် ရိပ်သာ     အစည်းအဝေးခန်းမ၌     ကျင်းပပြုလုပ် ရာ         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  အိမ်စောင့် အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား သည်။


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊    ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်များ၊ တာဝန်ရှိသူများက  Video Conferencing ဖြင့် တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့်အချိန်တွင် သိသာမှုမရှိခဲ့သော်လည်း  တတိယလှိုင်းကူးစက်မှု ဖြစ်ပွားချိန်၌ ကူးစက်မှုမြန်ဆန်ခဲ့သည့် အခြေအနေ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့ ဗဟိုအဖွဲ့အနေ ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ  ကိစ္စရပ်များအား   အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့သည့်အတွက်   ရောဂါကူးစက်မှုများ အတိုင်းအတာတစ်ခုအထိ လျော့ကျလာသည်ကို တွေ့ရှိရကြောင်း၊ ဇူလိုင် ၉ ရက်တွင် လူဦးရေ ၁၅၇၄၀ အား  စစ်ဆေးခဲ့ရာ   ပိုးတွေ့လူဦးရေ ၄၃၂၀ တွေ့ရှိ ရကြောင်း၊ ဇူလိုင် ၁၄ ရက်တွင် လူဦးရေ ၂၁၃၅၀ အား စစ်ဆေးခဲ့ရာ ပိုးတွေ့လူဦးရေ ၇၀၈၃ ဦးအထိ တွေ့ရှိခဲ့ရသဖြင့် ရာခိုင်နှုန်းအရ ၃၄ ရာနှုန်းအထိ ရောက်ရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လိုအပ် သည့် ထိန်းချုပ်မှုများ ဆောင်ရွက်ခြင်းနှင့် ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် ကြပ်မတ်မှုများဆောင်ရွက် ခဲ့ခြင်းကြောင့် ယခုအခါ ရောဂါကူးစက်ဖြစ်ပွားမှုများ သိသိသာသာလျော့ကျလာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ယခုလအကုန်တွင် ရောဂါကူးစက်မှု ရာခိုင်နှုန်း   ထက်ဝက်ခန့်အထိ    လျော့ကျအောင် ကြိုးစားဆောင်ရွက်ခဲ့မှုကြောင့် ဩဂုတ် ၁ ရက်တွင် ပိုးတွေ့ လူနာ ၃၁၈၀၊  ဩဂုတ် ၂၂ ရက်တွင်  ၈၉၉၁ ဦးအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ ၂၁၇၃ ဦးရှိခဲ့သဖြင့် ရာခိုင်နှုန်းအရ ၂၄ ဒသမ ၁၇ ရာခိုင်နှုန်းအထိ ကျဆင်း လာသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ရောဂါကူးစက်မှု နှုန်း ကျဆင်းရခြင်း မှာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှုများနှင့် ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်ခြင်းကြောင့်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှု လျှော့ချနိုင်ရေး ဆက်လက်ဆောင်ရွက် ရာတွင် ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူ များကိုလည်း စစ်ဆေးနိုင်ရန်လိုအပ်ကြောင်း၊ ရောဂါ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဖြစ်နိုင်ခြေရှိသည် များအားလုံးကို စစ်ဆေးရန်လိုပြီး “အနာသိမှ ဆေးရှိ မည်” ဖြစ်ကြောင်း၊  သို့မှသာ ကာကွယ်မှုအတွက် ပိုမိုစဉ်းစားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှုများလျော့ကျလာသော်လည်း ပေါ့ဆမှုများ မရှိရန်လိုကြောင်း။


ပုံမှန်အခြေအနေသို့ ပြန်လည်ကျဆင်းခဲ့


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် သွားလာမှု အခက်အခဲများဖြစ်ပေါ်ခဲ့သဖြင့် ကုန်ထုတ်လုပ်မှုများ ထိခိုက်ခဲ့မှုများရှိကြောင်း၊ စားသောက်ရေးအတွက် မိမိတို့လုပ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် ဝိသမလောဘ များဖြင့် ရောင်းဝယ်နေမှုများကိုလည်း တွေ့ရှိရကြောင်း၊ ပြီးခဲ့သည့်ကာလအတွင်း ဆေးဝါးများ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့်    ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်    စစ်ဆေးကြပ်မတ် ခြင်းများ       စနစ်တကျ  ဆောင်ရွက်ခဲ့ခြင်းကြောင့် ဆေးဝါးများ၏  ဈေးနှုန်းများ   ပုံမှန်အခြေအနေသို့ ပြန်လည်ကျဆင်းခဲ့ကြောင်း၊   မိမိတို့ မြန်မာနိုင်ငံ၏ အမျိုးသားရေး စရိုက်လက္ခဏာသည် စေတနာထား ပြီး လှူဒါန်းလိုသည့်စိတ်၊ ပေးကမ်းလိုသည့်  အခြေခံ စိတ်များရှိပြီးဖြစ်သဖြင့်   ၎င်းစိတ်ကို  အခြေခံ၍ ဆောင်ရွက်မှုများသည် သဟဇာတဖြစ်ရန်လိုကြောင်း၊ မိမိတို့ နိုင်ငံတစ်ခုတည်း မဟုတ်ဘဲ ကမ္ဘာပေါ်ရှိ နိုင်ငံ များအားလုံးတွင် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်နေ ခြင်း ဖြစ်ကြောင်း၊  ထို့ကြောင့်စားသောက်ရေးနှင့် ကာကွယ်ကုသဆေးများနှင့်ပတ်သက်၍ ဝိသမလောဘ များဖြစ်ပေါ်မှုမရှိအောင်     ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။


ကိုဗစ်-၁၉ ရောဂါသည် ကာကွယ်ဆေးများ ထိုးနှံထားပါက ရောဂါဖြစ်နိုင်မှု ကျဆင်းပြီး ကာကွယ် နိုင်မှုရှိသည်ကို   တစ်ကမ္ဘာလုံးက လက်ခံထားကြ ကြောင်း၊ ထိုသို့ကာကွယ်နိုင်မှုများကို သိရှိလာခြင်း ကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ နိုင်ရန်အတွက် ထိုးနှံလိုကြသူများ များပြားလာခဲ့ပြီး မိမိတို့အနေဖြင့်လည်း  ကာကွယ်ဆေးများရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် အိန္ဒိယနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသန်း ၃၀ ရရှိအောင် ဆောင်ရွက်ခဲ့ သော်လည်း ပထမအသုတ်ရောက်ရှိပြီး နောက်ပိုင်း တွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိခြင်းမရှိခဲ့ ကြောင်း၊ ထိုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ  ဒုတိယ လှိုင်းပြီးခါစအချိန်ဖြစ်သဖြင့် အိန္ဒိယနိုင်ငံတစ်ခုတည်း ကသာ အဓိကဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ တတိယ လှိုင်း ဖြစ်ပေါ်လာချိန်တွင်    တစ်ကမ္ဘာလုံးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားလာခဲ့ရာ လက်ရှိကမ္ဘာ့လူဦးရေ ၏ ၂၁၂ သန်းအထိ ဖြစ်ပွားခဲ့ပြီး  သေဆုံးမှုနှုန်းများ လည်း မြင့်တက်လျက်ရှိကြောင်း၊ နိုင်ငံအားလုံး၌ ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးများ ရရှိ ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  မိမိတို့ အနေဖြင့်လည်း ၎င်းကဲ့သို့ အခြေအနေများအကြားမှ ပြည်သူလူထု ကျန်းမာရေးအတွက် ကာကွယ်ဆေး များရရှိအောင်  ခက်ခက်ခဲခဲကြိုးပမ်းဆောင်ရွက်ခဲ့ ကြောင်း၊    ထို့ကြောင့် အဆိုပါကာကွယ်ဆေးများ ရောက်ရှိချိန်တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် တာဝန်ရှိသူများအနေဖြင့်  ကာကွယ် ဆေးထိုးနှံမှုများအား အမြန်ဆုံးထိုးနှံနိုင်ရေး စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တစ်ရက်စော၍ ဆေးထိုးနိုင်လျှင် တစ်ရက်စော၍ ကာကွယ်ပြီးဖြစ် မည်ဖြစ်ကြောင်း။


အသိပေးကြေညာထား


ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး အတွက် ပြည်ပနိုင်ငံများမှ ကာကွယ်ဆေး ဆေးဝါးအတုများဝင်ရောက်လာမှုများရှိသည်ဟု ကြားသိရ သဖြင့် ပြည်သူများ ထိခိုက်မှုများရှိကြောင်း၊ ကျန်းမာ ရေးဝန်ကြီးဌာနကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ဩဂုတ် ၂၂ ရက်တွင်   ကြေညာချက်ထုတ်ပြန်၍ ပြည်သူလူထုသတိပြုနိုင်ရန် အသိပေးကြေညာထား ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာနယ်စပ် ဒေသများမှ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ မြို့ကြီးများ တွင်  သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်   ဆေးဝါး ကုမ္ပဏီများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တင်သွင်းခွင့်ပေးထားကြောင်း၊ အထူးသဖြင့် နယ်စပ် ဒေသမှ  ပြည်သူများအနေဖြင့်   ဆေးဝါးအတုများ ထိုးနှံမှုမရှိစေရေးအတွက် ဒေသခံပြည်သူများသိရှိ စေရေး အမြဲမပြတ် အသိပေးထုတ်ပြန်ဆောင်ရွက်နေ ရန်လိုကြောင်း၊ ဆေးဝါးအတုများသည် လူ့အသက် အန္တရာယ်အထိဖြစ်ပေါ်စေနိုင်သဖြင့် ထိုသို့ဆောင်ရွက် သူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားရန်လိုကြောင်း။


ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍    ပြီးခဲ့သည့် နွေစပါးရာသီတွင် စပါးစိုက်ပျိုးမှုများ   လျော့နည်းခဲ့ ကြောင်း၊ ယခုအခါ မိုးရွာသွန်းမှု ရာခိုင်နှုန်း မြင့်မား လျက်ရှိသဖြင့် ထိုအခြေအနေအား ကောင်းစွာအသုံးချ ၍ တောင်သူများအနေဖြင့် စပါးများနှင့် အခြားသီးနှံ များအား စနစ်တကျ စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ နိုင်ငံအတွင်းစားသောက်ကုန်များ  ဖူလုံစွာ  ထုတ်လုပ် နိုင်ပြီး  ရိက္ခာများပေါများလာပါက     နိုင်ငံအတွက် ရိက္ခာရှားပါးမှု မဖြစ်ပေါ်နိုင်ကြောင်း၊ ယခုအခါ ကမ္ဘာ့ နိုင်ငံများတွင် စားသောက်မှုနှင့်ပတ်သက်၍ ရိက္ခာ များ လိုအပ်မှုဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ အတွင်း                        

 

 


စိုက်ပျိုးရေးထုတ်ကုန်များ ပေါများလာပါက ပြည်ပ ပို့ကုန်များလည်း တင်ပို့နိုင်မည်ဖြစ်သဖြင့် နိုင်ငံခြား ဝင်ငွေများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ် များနှင့် တာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးတောင်သူ များအား လိုက်လံကြည့်ရှုအားပေး၍ အသိအမှတ်ပြု ဆောင်ရွက်နေရန်လိုကြောင်း မှာကြားသည်။


ဖြစ်ပွားမှုနှုန်း လျော့ကျစေရေး


ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးနှင့်            ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း  ကျဆင်းလျက်ရှိ သည့်အခြေအနေ၊ ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျခြင်း မရှိဘဲ ရောဂါပိုးအတည်ပြုလူနာတွေ့ရှိမှုနှုန်း မြင့်မား လျက်ရှိသည့် အချို့မြို့နယ်များကို နေအိမ်တွင်နေထိုင် ရေး(Stay at home) ထပ်မံကန့်သတ်ထားရှိ၍ ကူးစက် ဖြစ်ပွားမှုနှုန်း လျော့ကျစေရေး လုပ်ဆောင်လျက်ရှိ သည့်အခြေအနေ၊ ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံများတွင် ဗီဇပြောင်းရောဂါပိုးများ ဆက်လက် တွေ့ရှိနေရမှု၊ ကူးစက်ပြန့်ပွားနိုင်မှု အခြေအနေများ နှင့် ဗီဇပြောင်းရောဂါပိုးများ ကူးစက်ဝင်ရောက်နိုင်မှု  ကို  ကာကွယ်တားဆီးနိုင်ရေး  လုပ်ဆောင်လျက်ရှိ သည့် အခြေအနေ၊ အောက်ဆီဂျင်သုံးစွဲသူများအနေဖြင့်  SOP Guideline နှင့် အညီသုံးစွဲရန် လိုအပ်သည့် အခြေအနေ၊  ဆေးရုံအသီးသီးတွင်   သဘာဝဘေး အန္တရာယ်   ကြိုတင်ကာကွယ်နိုင်ရေး   ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကျန်းမာရေး ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားထောက်ပံ့မှုများ ပြုလုပ်ရန် စီမံဆောင်ရွက်နေမှု အခြေအနေ၊ ဆေးရုံများအလိုက်  ICU အခန်းများ အဆင့်မြှင့်တင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ လက်ရှိအချိန်အထိ ကာကွယ်ဆေးထိုးနှံ ပြီးစီးမှု အခြေအနေများနှင့် ကာကွယ်ဆေးထိုးနှံမှုအား အာဆီယံ Website များနှင့် WHO Website များတွင် လည်း တင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့် အခြေအနေ၊  ကာကွယ်ဆေးများရောက်ရှိမှု၊ ထပ်မံ မှာယူထားရှိမှု အခြေအနေများနှင့် ထပ်မံဝယ်ယူ ရရှိ နိုင်ရေး ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်နေမှုအခြေအနေ၊ ပြည်တွင်း၌  ကိုဗစ်-၁၉ ရောဂါပိုး  ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊   ပုဂ္ဂလိကကုမ္ပဏီများ၏   ကာကွယ်ဆေး တင်သွင်းမှုနှင့် ထိုးနှံနေမှု အခြေအနေများကို မှတ်တမ်း ရေးသွင်းနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေ။


တင်သွင်းဖြန့်ဖြူးခဲ့


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်  ဆက်စပ် ပစ္စည်းများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများကို နိုင်ငံတကာမှ လှူဒါန်းပေးအပ်ခဲ့မှု နှင့် ထပ်မံလှူဒါန်းလာမည့်အခြေအနေ၊ Relif Flight များ  ပြေးဆွဲပျံသန်း၍   နိုင်ငံသားများကို  ကူညီ ကယ်ဆယ်ရေးဆောင်ရွက်ပေးနိုင်ခဲ့သည့် အခြေ အနေများနှင့် ဆက်လက်ပြေးဆွဲသွားမည့်   အခြေ အနေ၊ ရောဂါကာကွယ် ကုသ ထိန်းချုပ်ရေးဆိုင်ရာ နှင့် ဆက်စပ်ဆေးဝါးများ၊ စက်ပစ္စည်းများ တင်သွင်း ဖြန့်ဖြူးခဲ့သည့်အခြေအနေ၊    ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် စီမံဆောင်ရွက်ပေးထားမှုနှင့် ပေါင်းစပ်ဆောင်ရွက်ပေးနေမှုအခြေအနေ၊ FDA ၏ ထောက်ခံချက်ဖြင့် ကုန်စည်များ စိစစ်ထုတ်ပေးနိုင် ရေး ပေါင်းစပ်ဆောင်ရွက်ပေးနေမှု အခြေအနေ။


ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး ဆိုင်ရာ အသိပညာပေးမှုများကို သတင်းစာများ၊ နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့အပြင် ပုဂ္ဂလိက ရုပ်သံလိုင်းများမှ အသိပညာပေးလျက်ရှိသည့် အခြေ အနေ၊ နေအိမ်တွင်နေထိုင်ရေး(Stay at home) ကာလအတွင်း ပြည်သူများ စိတ်ချမ်းမြေ့မှုရရှိစေရေး၊ အသိပညာရရှိရေး၊ စိတ်ဖိစီးမှုများ လျော့ကျစေရေး သီချင်းနှင့် ဇာတ်လမ်းတိုများ၊ အင်တာဗျူးအစီအစဉ် များ၊ အငြိမ့်များအပြင်  အခြားအစီအစဉ်များစွာကို တင်ဆက်ပေးလျက်ရှိသည့်   အခြေအနေများနှင့် ဆက်လက်စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေ။


အောက်ဆီဂျင်များအား   ပြည်ပမှ   တင်သွင်း ဖြန့်ဖြူးနေမှု၊ ပြည်တွင်းမှ ထုတ်လုပ်နေမှုအခြေအနေ၊ ကာကွယ်ဆေးများအား   သတ်မှတ်နယ်ပယ်များ အလိုက် ထိုးနှံပေးနေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ထိုးနှံ ရေး  ဆောင်ရွက်နေမှုအခြေအနေ၊   ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် နေမှု၊ နယ်စပ်ဂိတ်အသီးသီး၌ စနစ်တကျစစ်ဆေး၍ ရောဂါပိုးတွေ့ရှိသူများအား စောင့်ကြည့်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ရောဂါပိုး မတွေ့ရှိသူများ ကို ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင် နိုင်ရေး စီစဉ်ပို့ဆောင်ပေးလျက်ရှိသည့် အခြေအနေ။ 


စားရေးအခက်အခဲမရှိစေရန်


စားရေးအခက်အခဲမရှိစေရန်အတွက် အခြေခံ စားကုန်များကို ရွေ့လျားဈေးကားများဖြင့် လှည့်လည် ရောင်းချပေးနေမှုနှင့် အခြေခံအိမ်သုံးဆေးဝါးများ ကိုလည်း  ဈေးနှုန်းသက်သာစွာဖြင့်    ရောင်းချပေး လျက်ရှိသည့် အခြေအနေ၊ တပ်မတော်ဆေးရုံများ၊ စင်တာများတွင် စောင့်ကြည့်၊ ကုသမှုများ ဆောင်ရွက် ပေးနေမှု   အခြေအနေ၊    Oxygen  Plant များ တည်ဆောက်ပြီးစီးမှု၊  ဆက်လက်တည်ဆောက် နေမှုနှင့် တည်ဆောက်ပြီးစီးပါက ထွက်ရှိလာမည့် အခြေအနေ၊ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ကူးစက် ပြန့်ပွားမှုများတွင် ဗီဇပြောင်းရောဂါမျိုးကွဲများဖြင့် ကူးစက်ပြန့်ပွားခဲ့မှု အခြေအနေ၊ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာပစ္စည်းများ၊ အောက်ဆီဂျင် များ၊ တစ်ခါသုံးဆေးထိုးအပ်နှင့် အခြားလိုအပ်သည့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိသည့် အခြေအနေ၊ ပြည်တွင်းရှိ နိုင်ငံပိုင် နှင့်  ပုဂ္ဂလိကပိုင်   ဆေးဝါးစက်ရုံများမှ     ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု  အခြေအနေ၊ ဆေးဝါး များကုန်ဈေးနှုန်း ကြီးမြင့်မှုမရှိစေရေး စောင့်ကြည့် ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှု၊ အခြေခံ အိမ်သုံး ဆေးဝါးများ ကုန်ဈေးနှုန်းကျဆင်းလာမှု၊ ကိုဗစ်-၁၉ ပထမလှိုင်းကာလအတွင်း ပြည်တွင်းရှိ အထည်ချုပ် စက်ရုံအချို့ပိတ်ထားရမှုများရှိခဲ့ပြီး ယခုတတိယလှိုင်း ကာလအတွင်းပင် အထည်ချုပ် အမှာစာများရောက်ရှိ လာသည့်အတွက် စက်ရုံများကို ကိုဗစ်-၁၉ စည်းကမ်း များနှင့်အညီ   ပြန်လည်လည်ပတ်ခဲ့ပြီး    ယခင် လည်ပတ်မှုရပ်ဆိုင်းထားသည့် အထည်ချုပ်စက်ရုံ ၃၈ ရုံနှင့် စက်ရုံအသစ် ၁၁ ရုံ စုစုပေါင်း စက်ရုံ ၄၉ ရုံ လည်ပတ်လာနိုင်သည့်အတွက် ဝန်ထမ်း နှစ်သောင်း ကျော်ကို အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင် ပေးနိုင်ခဲ့သည့်အခြေအနေ၊  စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ဆောင်လျက်ရှိရာ     ဩဂုတ် ၂၂ ရက်အထိ အလုပ်သမား ရှစ်သောင်းကျော်ကို ထိုးနှံပြီးစီးခဲ့ပြီး ဆက်လက်ထိုးနှံပေးသွားမည့်အခြေအနေ။


တိုင်းဒေသကြီးနှင့်   ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် မြို့နယ်၊ ခရိုင်အလိုက် ဖြစ်ပေါ်ခဲ့သည့် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှု၊ ဆေးရုံ တက်ရောက်မှု၊ အောက်ဆီဂျင်လိုအပ်မှု အခြေအနေ များကို ဆန်းစစ်သုံးသပ်၍ အမှန်တကယ် လိုအပ် ချက်များကို တွက်ချက်ပြင်ဆင်ထားရန်လိုအပ်သည့် အခြေအနေ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင်  လက်မှတ်ရေး ထိုးထားသည့်   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ ဒေသများအတွင်း ကာကွယ်ဆေး ထိုးနှံပေး နိုင်ရေး စနစ်တကျစာရင်းကောက်ယူ  ဆောင်ရွက် လျက်ရှိပြီး ဦးစားပေးအုပ်စုအလိုက်   အမြန်ဆုံး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ တိုက်ပွဲရှောင်နှင့် IDP Camp များ၌ ရှိနေသူ လူဦးရေ ငါးသိန်းကျော်အနက် အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ ၁၆၅၂၉၆ ဦးရှိပြီး    ၎င်းတို့အနက် လူဦးရေ ငါးသောင်းကျော်ကို ယခုအပတ်အတွင်း ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်ပေး လျက်ရှိသည့်   အခြေအနေ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကာကွယ်ဆေးထိုးနှံပြီးစီး သူများကို စနစ်တကျ မှတ်တမ်းတင်ထားရှိမှု အခြေ အနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများ ပုံမှန်အတိုင်း လည်ပတ်နေမှုများကို အားပေးရမည်ဖြစ်ပြီး  ရောဂါကာကွယ်ထိန်းချုပ် ကုသရေး စည်းမျဉ်းစည်းကမ်းအတိုင်း  လိုက်နာ ဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စက်ရုံပိုင်ရှင်များအနေဖြင့်လည်း ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ၎င်းတို့၏  လိုအပ်ချက်များနှင့် ပတ်သက်၍ အလေးထားလုပ်ဆောင်ပေးရန်လိုအပ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်သည်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနှင့်      အခြားလိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။


ကြပ်ကြပ်မတ်မတ်ဆောင်ရွက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးဆိုင်ရာဆောင်ရွက်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် လိုအပ် မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါသည်  မျိုးရိုးဗီဇများ ပြောင်းလဲကူးစက်မှုဖြစ်ပွားလျက်ရှိသည့်အတွက် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို အမြဲ မပြတ် ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့်       ကျန်းမာရေးအဖွဲ့အစည်းများက သတ်မှတ်ထားသည့် စံနှုန်းသတ်မှတ်ချက်များရှိပြီး ၎င်းတို့ကို လေ့လာ၍ လိုက်နာဆောင်ရွက်သွားရန် လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှု များတွင်  ဗဟိုအဖွဲ့၊  အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များအနေဖြင့် လိုအပ်သည်မှန်သမျှကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊  တိုင်းဒေသ ကြီးနှင့်   ပြည်နယ်များအလိုက်   တာဝန်ရှိသူများ နေဖြင့်လည်း ပြည်သူများမှ   တိကျစွာ  လိုက်နာ ဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ကြောင်း။ 


ထို့နောက် ဆေးရုံများကိုအဆင့်မြှင့်တင်နိုင်ရေး လုပ်ဆောင်ကြရမည်ဖြစ်ပြီး    ဆေးရုံတိုင်းသည် ဆေးရုံအင်္ဂါရပ်များနှင့်  ကိုက်ညီမှုရှိရန်လိုအပ်မည် ဖြစ်ကြောင်း၊ ယခုခေတ်၌ နိုင်ငံတကာရှိ ဆေးရုံများ၏ ပုံသဏ္ဌာန်များ၊ အင်္ဂါရပ်များကို အလွယ်တကူ လေ့လာ တွေ့ရှိနိုင်ကြောင်း၊   ထိုသို့လေ့လာ၍  မြို့နယ်၊ တိုက်နယ်၊ ခရိုင်အဆင့် ဆေးရုံများ စနစ်တကျရှိစေ ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ICU ခန်းများရှိ သည် ဖြစ်သော်လည်း ကိုဗစ်နှင့်ပတ်သက်၍ သီးသန့် ထားရှိပြီး အခြားရောဂါများအတွက်လည်း ICU ခန်း ကို သီးသန့်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း     နိုင်ငံတော်က လိုအပ်သည့် ကုန်ကျမှုများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဆေးရုံများအဆင့်မြှင့်တင်ရေး၊ ရေစီး ရေလာကောင်းမွန်ရေး၊ အမှိုက်သရိုက်များ ရှင်းလင်း ရေး၊ ခြံစည်းရိုးများကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ် မှုရှိစေရေး ဆေးရုံဝန်ထမ်းများ၊ တပ်မတော်၊ လူမှုရေး အဖွဲ့အစည်းများဖြင့်  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။


အောက်ဆီဂျင်နှင့်ပတ်သက်၍


ထို့နောက်    အောက်ဆီဂျင်နှင့်ပတ်သက်၍ လိုအပ်သည်များကို ဆောင်ရွက်ပေးရန်လိုအပ်သည့် အခြေအနေများနှင့်  ပတ်သက်၍   “ဆက်စပ်ပြီး ပြောချင်တာကတော့        အောက်ဆီဂျင်ကိစ္စပါ၊ အောက်ဆီဂျင်နဲ့ပတ်သက်ပြီး ကျွန်တော်တို့က ပြီးခဲ့ တဲ့ ဇွန်၊ ဇူလိုင်မှာ အောက်ဆီဂျင်လိုအပ်ချက်တွေ အလွန်မြင့်တက်လာတဲ့အခါကျတော့ အကုန်လုံးက အောက်ဆီဂျင်ရရှိဖို့ အသည်းအသန်ကြိုးစားကြတာ ပေါ့၊ အမြင့်ဆုံး လိုအပ်ချက်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က   ၃၁၂၉၈ လုံး လိုတယ်ဆိုပြီးတော့ ကမ္ဘာကစောင့်ကြည့်လေ့လာရေး Indicator တွေမှာ သွားတွေ့တယ်။ အခု ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀ ရက် နေ့ လိုအပ်ချက်က ၁၈၆၆၇ တွေ့တယ်။ ကျွန်တော်တို့ ထုတ်နိုင်တာက အခု လေးသောင်းကျော်၊ တကယ်လို့ အပြည့်အစုံဆို လေးသောင်းကျော်လောက် ထုတ်နိုင် တာကို ကျွန်တော်တို့တွေ့တယ်။ ဆိုလိုချင်တာက တော့ အမြင့်ဆုံးလိုအပ်ချက်ထက်ကို ပိုပြီးတော့မှ အောက်ဆီဂျင်ထုတ်နိုင်တဲ့    အနေအထားတော့ ရောက်သွားပြီ။ သို့သော် ဆေးရုံသုံး အောက်ဆီဂျင် တွေ    သန့်ရှင်းပြီးတော့မှ   စနစ်တကျဖြစ်တဲ့ အောက်ဆီဂျင် ဖြစ်စေချင်တယ်။ အဲဒါလည်း ကျွန်တော် ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာလည်း ပြောပါတယ်။

 

အောက်ဆီဂျင်အိုးတွေကအစ  စနစ်တကျလုပ်ပါ။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ကြိုးစား ပါ။ နောက်တစ်ခါလည်း အောက်ဆီဂျင် အောက်ဆီဂျင် လို့ ပြောတဲ့အခါကျတော့။ မြို့နယ်တွေမှာ ကြိုးစား ကြတယ်။ အဓိကကတော့ ဆက်သွယ်မှု ခက်ခဲတဲ့ နေရာတွေမှာ  အောက်ဆီဂျင်  မဖြစ်မနေရအောင် လုပ်ရမယ်။ ဥပမာအားဖြင့်- နန်းယွန်းလိုမြို့နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဆိုရင် နန်းယွန်းလိုဟာမျိုးပေါ့၊ သွားရလာရတာ နည်းနည်း ခက်တာကိုး။ လဟယ်ကမှ ခန္တီးကသွားရင် နည်းနည်း အဆင်ပြေနိုင်သေးတယ်။   ဒါ ဥပမာ ပြောပြတာ၊ ဥပမာအားဖြင့် -  မာန်အောင်လို    ဟာမျိုးဆိုရင် လေကြောင်းလမ်းတစ်ခုနဲ့ ရာသီဥတုကောင်းလို့ရှိရင် သင်္ဘောလမ်းသွားလို့ရတယ်။ ကားလမ်းမရှိဘူး။ မာန်အောင်ကျွန်းမျိုးဆိုရင် ရကိုရရမယ်။ သူ့ကို Survive လုပ်နိုင်၊ သူ့ကိုယ်သူ ရပ်တည်နိုင်ရမယ့် အခြေအနေမျိုး ရှိရမယ်။ အဲဒါမျိုးလေးတွေပေါ့၊ ပြည်နယ်နဲ့ တိုင်း အလိုက် သွားလာမှုခက်ခဲတဲ့ မြို့နယ်တွေမှာ၊ ခရိုင် မဟုတ်လို့၊ မြို့နယ်မဟုတ်လို့ မဟုတ်ဘူး၊ သွားလာမှု ခက်ခဲတဲ့ဒေသတွေကတော့    မဖြစ်မနေရအောင် ကြိုးစားပေး၊ စိတ်မပူရအောင်၊ လျှပ်စစ်မီး ဘယ်လို ရအောင်လုပ်မလဲ၊    ဥပမာအားဖြင့်-အသေးစား ရေအားလျှပ်စစ်စီမံကိန်း၊ အဲဒီမှာ ကီလိုဝပ် ၅၀၀၊ ကီလိုဝပ် ၁၀၀၀၊ ဒါမှမဟုတ်လို့ရှိရင် ကီလိုဝပ်  ၂၀၀ လား၊ ကီလိုဝပ် ၃၀၀ တော့ရသလား၊   ရရင်ခုနက ပြောတဲ့  အောက်ဆီဂျင်စက်ရုံနဲ့    ပတ်သက်ပြီး အထောက်အကူရအောင် ချိတ်ဆက်ထား၊ လူထက် အရေးကြီးတာ၊ အသက်ထက်အရေးကြီးတာ ဘာမှ မရှိဘူး’’ ဟု ပြောကြားသည်။  

 


ဆက်လက်၍ ကိုဗစ်ကာကွယ်ဆေးများနှင့်
ဆက်စပ်ပစ္စည်းများ တင်သွင်းမှုများကို နယ်စပ်ဂိတ် များ၊  လေကြောင်းနှင့်   ရေကြောင်းတို့မှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် တင်သွင်းမှုများလုပ်ဆောင်လျက် ရှိပြီး နှောင့်နှေးကြန့်ကြာမှုမရှိစေရေး  အမြန်ဆုံး 
ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ် သည့် စစ်ဆေးမှုများ၊ ခွင့်ပြုမှုများကို အမြန်ဆုံးဆောင် ရွက်ပေးနိုင်ရေး     ကြပ်မတ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊  မတော်လောဘများဖြင့် ကန့်သတ်တား မြစ်ဆေးဝါးများ၊ ဆေးဝါးအတုများ တင်သွင်းမှုမရှိစေ ရေး စစ်ဆေးရမည်ဖြစ်ပြီး တွေ့ရှိပါက  ထိရောက်စွာ  အရေးယူ  ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ပညာပေးမှုနှင့်ပတ်သက်၍   ပြန်ကြားရေး ဝန်ကြီးဌာနမှ   လုပ်ဆောင်နေမှုများ  ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့်  ပြည်နယ်အလိုက်တွင်လည်း အသံချဲ့စက်များနှင့်      အသိပေးကြေညာခြင်း၊ ကျန်းမာရေးအသိပညာပေး၊ သတိပေးဆိုင်းဘုတ်များ ထောင်ခြင်းများ   ပြုလုပ်ရန်လည်းလိုကြောင်း၊ အထူး သဖြင့် တိုင်းရင်းသားဒေသများတွင် ပညာပေးမှုများ ပိုမိုဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အသိပေးမှု၊ သတိပေးမှုများ နေ့စဉ်မြင်တွေ့ ကြားသိ နေရမှသာလျှင် ဆင်ခြင်လိုက်နာနိုင်မည်ဖြစ်သော ကြောင့် ပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ကြောင်း။


ကိုဗစ်-၁၉ ရောဂါကို ရှေ့တန်းမှ ကာကွယ်ထိန်း ချုပ်ကုသပေးနေသော  ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံတော်၏ ကုန်ထုတ်လုပ်ငန်းများတွင် ထမ်းဆောင် ကြသည့် အဖွဲ့အစည်းများ၊ ပြည်သူလူထု၏ သယ်ယူ ပို့ဆောင်ရေးကို ဆောင်ရွက်ပေးနေသည့် အဖွဲ့များ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများနှင့်  ၎င်းတို့၏  မိသားစုဝင်များ ကျန်းမာရေးကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ် သဖြင့်   ကာကွယ်ဆေးထိုးနှံရာတွင်    ဦးစားပေး သတ်မှတ်ချက်များအလိုက် စနစ်တကျထိုးနှံ ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊     နိုင်ငံပိုင်တပ်မတော်(လေ)နှင့် တပ်မတော်ပို့ဆောင်ရေး စနစ်များမှတစ်ဆင့် 
ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးသို့ အမြန်ဆုံး ရောက်ရှိနိုင်ရေး    ပို့ဆောင်ပေးလျက်ရှိကြောင်း၊ရောက်ရှိလာသည့်   ဆေးပစ္စည်းများ ပျက်စီးမှုမရှိစေ ရေး စနစ်တကျထိန်းသိမ်းထားသို၍ အမြန်ဆုံး ထိုးနှံ ပေးရမည်ဖြစ်ကြောင်း၊  အသက်အရွယ်ကြီးမြင့်သူ များတွင် သေဆုံးမှုနှုန်းမြင့်မားသည်ကို တွေ့ရှိရပြီး အသက် ၅၀ နှင့် အထက်      သေဆုံးမှု ၈၀ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေး ကို အသက်အရွယ်ကြီးရင့်သူများအား ဦးစားပေးထိုးနှံ စေလျက်ရှိကြောင်း၊  ယခု  ကာကွယ်ဆေး ရှစ်သန်း ရောက်ရှိပြီး ခြောက်သန်းကို ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ်ထိုးနှံရန် ဆေးနှစ်သန်းကျန်ရှိကြောင်း၊ တစ်ဖက်ကလည်း ကိုယ်ခံစွမ်းအားကောင်းမွန်အောင် နေထိုင်ရန်လိုအပ်မည်ဖြစ်ပြီး ကျန်းမာသန်စွမ်းမှုရှိ စေရန် ကိုယ်လက်လှုပ်ရှားမှုများကိုလည်း လုပ်ဆောင် ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက် သည့်  အသိပညာပေးမှုများကိုသာမက  အခြေခံ ကျန်းမာရေးနှင့်ပတ်သက်သည့် ပညာပေးမှုများကို လည်း   ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   စားရေး သောက်ရေးနှင့်  ပတ်သက်၍ အဆင်ပြေချောမွေ့မှုရှိ စေရန်  ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကုန်ထုတ် လုပ်မှု၊  စိုက်ပျိုးရေးနှင့်မွေးမြူရေး၊  ဒေသအလိုက် စားရေရိက္ခာပေါများစေရေး ဆောင်ရွက်ကြရန် လိုအပ် မည်ဖြစ်ကြောင်း၊ အခြေခံအနေဖြင့် နိုင်ငံသားများနှင့် တိုင်းပြည်၏ စီးပွားရေးကောင်းမွန်အောင် လုပ်ဆောင် ရန် အဓိကလိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း လုပ်ဆောင်ရသည့် တာဝန်များအလိုက်  မိမိအလုပ်နှင့်     တိုင်းပြည်အပေါ်တွင် စေတနာထား၍ လုပ်ဆောင် မည်ဆိုပါက မိမိတို့၏ လုပ်ဆောင်မှုများ အောင်မြင် နိုင်မည်ဖြစ်ပြီး   တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးနှင့် ပြည်သူလူထု၏  လူမှုဘဝတိုးတက်မြင့်မားရေးကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သဖြင့် မိမိတို့၏  လုပ်ငန်းတာဝန်များကို  စေတနာထား၍လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း   မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။                                          

သတင်းစဉ်