
နေပြည်တော် နိုဝင်ဘာ ၂၄
ဆေးဝါးအင်ဂျင်နီယာပညာရပ် အရာရှိအဆင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) ဆေးဝါးသမိုင်းပြခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုအနေ ဖြင့် အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၃) အကြီးစား စက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းတို့မှ ဆေးဝါး အမျိုးမျိုးတို့ကို ထုတ်လုပ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)ကို ၁၉၅၈ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး ဆေးဝါးများကို ဗြိတိသျှ ဆေးကျမ်း၊ အမေရိကန်ဆေးကျမ်းတို့နှင့်အညီ ထုတ်လုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အနောက်တိုင်းဆေးဝါးထုတ်လုပ်သော နိုင်ငံပိုင် စက်ရုံတစ်ရုံဖြစ်ကြောင်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) သည် BPI Brand နှင့် BPI ဆေးဝါးများ၏ အရည် အသွေးကို နှစ်ပေါင်းများစွာ ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း။
ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုအနေဖြင့် နိုင်ငံ၏ ဆေးဝါးလိုအပ်ချက်ကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင် နှုန်းအထိသာ ဖြည့်ဆည်းပေးနိုင်ပြီး ကျန်လိုအပ်ချက် များကို ပြည်ပမှတင်သွင်းရ၍ ပြည်တွင်းလိုအပ်ချက် ပြည့်မီရေးအတွက် ဆေးဝါးထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝါးများ တိုးမြှင့်ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည်နှင့် အညီ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုအတွက်လည်း ဆောင်ရွက်ရန် လိုအပ် လျက်ရှိသည်ကို တွေ့ရှိရ၍ ယခုသင်တန်းကို ဖွင့်လှစ် ခြင်းဖြစ်ကြောင်း။
ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများသည် သာမန်စက်မှုလုပ်ငန်းမဟုတ်ဘဲ စံချိန်စံညွှန်း ထိန်းသိမ်းရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် သတ်မှတ် စံချိန်စံနှုန်းများအတိုင်း ထုတ်လုပ်ရမည့် စက်မှု လုပ်ငန်းဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်နေ သည့် အရာထမ်းများအနေဖြင့် ဆေးဝါးနှင့်သက်ဆိုင် သည့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်နေ ရမည်ဖြစ်ကြောင်း၊ ဆေးဝါးစက်ရုံများတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများသည် စက်မှု၊ လျှပ်စစ်၊ အီလက်ထရောနစ်နှင့် စက်ကိရိယာအင်ဂျင် နီယာများ၊ ဆေးဝါးကျွမ်းကျင်များ၊ အဏုဇီဝပညာရှင် များ၊ အခြားဘွဲ့ရများ၊ အရည်အသွေးစစ်ဆေးရေးနှင့် အရည်အသွေး အာမခံဆောင်ရွက်နေသည့် သိပ္ပံ ပညာရှင်များ အစရှိသည့်ပညာရပ်မျိုးစုံရှိနေပြီး အဆို ပါဝန်ထမ်းများသည် ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ နည်းစဉ်အားလုံးနှင့် သက်ဆိုင်နေကြသူများဖြစ်သည့် အတွက် ဆေးဝါးအင်ဂျင်နီယာပညာရပ်ပိုင်းဆိုင်ရာ ဘာသာရပ်ကို ထပ်မံ၍ ဖြည့်ဆည်းပေးခြင်းဖြစ် ကြောင်း၊ ယခုသင်တန်းအား ကျွမ်းကျင်မှုအခြေပြု ပညာရေးစနစ်ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်၍ သင်တန်းသားများအနေဖြင့် ဆရာများ၏ သင်ကြား ပြသမှု၊ လမ်းညွှန်မှုများကို အချိန်တိုအတွင်း သိရှိပြီး ကိုယ်ပိုင်အချိန်များတွင်လည်း ကိုယ်တိုင်လေ့လာ သိရှိဆောင်ရွက်ရသည့်အတွက် မိမိ၏ လေ့လာနိုင်မှု စွမ်းအားများ ပိုမိုတိုးတက်လာမည်ဖြစ်သည့်အပြင် သင်တန်းတွင် ပြန်လည်ဆွေးနွေးနိုင်၍ တစ်ဦးချင်း စွမ်းဆောင်ရည်များ မြှင့်တင်နိုင်သည့် အလေ့အကျင့် ကောင်းများ ရရှိနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများသည် သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့် ပြီး သင်တန်းနည်းပြဆရာ ဆရာမများကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
အဆိုပါ သင်တန်းကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်း၌ ဆေးဝါးအင်ဂျင် နီယာပညာရပ်များကို လက်တွေ့နယ်ပယ်တွင် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခဲ့သည့် အတွေ့ အကြုံရှိ ဆရာကြီး ဆရာမကြီးများက သင်ကြားပေး ခဲ့ကြောင်းနှင့် သင်တန်းသား သင်တန်းသူ ၃၂ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်