ဆေးထိုးပြီးတော့ ဘာမှမဖြစ်ပါဘူး။ စိတ်ထဲမှာ လုံခြုံသလိုခံစားရတယ်။ ကာကွယ်ဆေး မထိုးနှံရသေးတဲ့ ပြည်သူတွေကို အခွင့်အရေးရရင် လာရောက်ထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်။

မြန်မာနိုင်ငံအတွင်း  လတ်တလောဖြစ်ပွားမှုနှုန်း မြင့်မားနေသည့် ကိုဗစ်-၁၉ ရောဂါကို  ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကဏ္ဍပေါင်းစုံမှ   အရှိန်အဟုန်ဖြင့်   ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အသက် ၆၅   နှစ်နှင့်အထက်     သက်ကြီးရွယ်အိုများ၊  ကျန်းမာရေးဝန်ထမ်းများ၊    စေတနာ့ဝန်ထမ်းများအား   ကိုဗစ် - ၁၉ ကာကွယ်ဆေးများကို နေပြည်တော်ကောင်စီနယ်မြေရှိ  မြို့နယ်များ၌  ယနေ့ နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်  ဆေးထိုးနှံမှုလုပ်ငန်းစဉ်များကို   အနီးကပ်ကြီးကြပ်ပေးနေသည့် သက်ဆိုင်ရာ  မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့်   ဆေးလာရောက်ထိုးနှံကြသည့်   ပြည်သူများ၏ ပြောကြား ချက်များကို ပြည်သူများ သိရှိနိုင်စေရန် တွေ့ဆုံမေးမြန်း    ရေးသားတင်ပြလိုက်ရ ပါသည်။  
 

 

ဦးထက်အောင်ဖြိုး 
(ဒက္ခိဏသီရိမြို့နယ်အုပ်ချုပ်ရေးမှူး)
အခုက     ပထမဦးစားပေးအနေနဲ့ ရပ်ကွက်နဲ့ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ အသက် ၆၅ နှစ်နဲ့အထက်   သက်ကြီး ရွယ်အိုတွေကို  ဦးစားပေးထိုးနှံပေးတာ ဖြစ်ပါတယ်။  ဒုတိယဦးစားပေးအနေနဲ့ ရဟန်း၊ သံဃာတွေကို ထိုးပေးပါတယ်။ ပြီးတော့ ကျန်းမာရေးဝန်ဆောင်မှုပေးနေ တဲ့ အစိုးရကျန်းမာရေးဌာန၊  ပုဂ္ဂလိက ကျန်းမာရေးဌာန ကိုယ်စားပြုသူတွေကို ထိုးနှံပေးပါတယ်။ ကျွန်တော်တို့မြို့နယ် အတွက် ဆေးခွဲတမ်းအနေနဲ့ အလုံးရေ ၆၀၀ ရရှိပါတယ်။ အခုရရှိလာတဲ့ ဆေး အလုံးရေ ၆၀၀  ကို     ပထမဦးစားပေး အနေနဲ့ စိစစ်ပြီးထိုးပေးနေတာ  ဖြစ်ပါ တယ်။ ဒီနေ့အတွက် ရပ်ကွက်နှစ်ရပ်ကွက် နဲ့ ကျေးရွာအုပ်စု ငါးအုပ်စုက ကာကွယ် ဆေးထိုးနှံမယ့်သူတွေကို မနက် ၉ နာရီ၊ ၁၁ နာရီ နဲ့ မွန်းလွဲ ၁ နာရီတို့မှာ သုံးသုတ် ခွဲပြီး ထိုးပေးပါတယ်။ သုံးသုတ်ခွဲရတာ ကတော့   ဆေးလာရောက်ထိုးကြတဲ့ သက်ကြီးရွယ်အိုတွေအတွက်  လူအုပ်စု မဖြစ်အောင် Social Distancing အညီ  ထိုးပေးရခြင်း ဖြစ်ပါတယ်။ 
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေက သက်ကြီးရွယ်အိုတွေရဲ့ အချက်အလက်တွေ မှန်ကန်မှု ရှိ မရှိ စိစစ် ဆောင်ရွက်ပေးပါတယ်။ ကာကွယ်ဆေး ထိုး တဲ့နေရာမှာတော့ ကျန်းမာရေးဦးစီး ဌာနက သူနာပြုများနဲ့    တပ်မတော် ဆေးတပ်ဖွဲ့တို့က   နှစ်ဖွဲ့ခွဲပြီး   ထိုးပေးပါ တယ်။ 
အသက် ၆၅ နှစ်နဲ့အထက် သက်ကြီး ရွယ်အိုတွေ၊ ရဟန်း၊ သံဃာတော်တွေကို နံပါတ် ၁ ဦးစားပေးအနေနဲ့ထိုးပေးတာ ဖြစ်ပါတယ်။ ဘိုးဘွားရိပ်သာက သက်ကြီး ရွယ်အိုတွေဆိုရင်       ပြီးခဲ့တဲ့အသုတ် ကတည်းက အားလုံးထိုးနှံပေးပြီး ဖြစ်ပါ တယ်။ နောက်ထပ်ရရှိမယ့် ကာကွယ်ဆေး အလုံးရေအပေါ်မူတည်ပြီး    ဦးစားပေး အစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေး သွားမှာ ဖြစ်ပါတယ်။
ဦးမြင့်ဆောင်
(လယ်ဝေးမြို့နယ်အုပ်ချုပ်ရေးမှူး) 
ဒီနေ့ လယ်ဝေးမြို့နယ်က  အသက် ၆၅ နှစ်နဲ့အထက်ရှိသူတွေကို ကာကွယ် ဆေး စတင်ထိုးနှံပေးနေခြင်းဖြစ်ပါတယ်။ ဒီနေ့မှာ လူဦးရေ ၈၀၀ ကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဩဂုတ် ၄ ရက်အထိ တစ်နေ့ လူဦးရေ ၈၀၀ နှုန်းနဲ့ လူဦးရေ ၃၂၀၀ ကို ထိုးနှံပေးမှာဖြစ်ပါတယ်။    ဆေးထိုးဖို့ ပြင်ဆင်ဆောင်ရွက်ထားမှု    အနေနဲ့ ဝင်ပေါက်မှာ     အပူချိန်တိုင်းပါတယ်။ နောက်ပြီး    စာရင်းပေးသွင်းတဲ့နေရာ၊ ဆေးစစ်တဲ့နေရာနဲ့    ဆေးထိုးတဲ့နေရာ တွေကို ပြင်ဆင်ထားပါတယ်။ ဆေးထိုးပြီး တဲ့သူတွေကိုလည်း    နားနေဖို့နေရာ သတ်မှတ်ပေးထားပါတယ်။    အရေးပေါ် ကုသဖို့အတွက်လည်း   အခန်းတစ်ခန်း သီးခြားပြင်ဆင်ထားပါတယ်။ 
ဒါ့အပြင် မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊    ကြက်ခြေနီအသင်း၊ ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊   ပညာရေးဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုများပြားနေတဲ့အတွက် ပြည်သူတိုင်း     ကာကွယ်ဆေးထိုးနှံဖို့ တိုက်တွန်းလိုပါတယ်။
ဦးမြင့်ကြိုင် (ဇမ္ဗူသီရိမြို့နယ်)
 ကာကွယ်ဆေးထိုးနှံပေးမယ်ဆိုတာ ကို ပထမဆုံးကြားသိရတော့   အတော် လေး ဝမ်းသာမိတယ်။ ဘယ်နေ့ဆေးထိုးရ မလဲကို စောင့်မျှော်နေတာ ကြာနေပါပြီ။ အခု ဆေးထိုးပြီးတော့   စိတ်လုံခြုံသွား သလို  ခံစားရတယ်။    ကျွန်တော့်လိုပဲ တခြား  ဆေးမထိုးရသေးတဲ့သူတွေကို လည်း အမြန်ဆုံးဆေးထိုးစေချင်ပါတယ်။ ပြည်ပကမှာထားတဲ့ ကာကွယ်ဆေးတွေ လည်း      အမြန်ဆုံးရောက်ရှိပါစေလို့ ဆုတောင်းပါတယ်။   ပြည်သူအပေါင်း ကပ်ရောဂါဘေးမှ  ကင်းဝေးကြပါစေလို့ ထပ်မံဆုတောင်းပေးပါတယ်။ 
ကိုဇော်ဟိန်း 
(ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်)
ဆေးထိုးနှံပေးဖို့ တာဝန်ရှိသူတွေက စနစ်တကျပြင်ဆင်ထားတာကို   တွေ့ရှိ ရပါတယ်။ ကပ်ရောဂါကြီး   လျော့နည်း ပျောက်ကွယ်သွားရင်တော့    ခရီးတွေ သွားမယ်လို့ တွေးထားပါတယ်။   အသက် ၆၅ နှစ်နဲ့အထက် အဘိုးအဘွားတွေကို ဦးစားပေးအစီအစဉ်အရ ဆေးထိုးနှံပေး တာတွေ့ရတော့     ဝမ်းသာမိပါတယ်။ တခြား ကဏ္ဍအစုံက ပြည်သူတွေကိုလည်း အမြန်ဆုံး    ထိုးနှံပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ပြည်သူတိုင်း ဆေးထိုး ခွင့်ရတဲ့အချိန်မှာ        တုံ့ဆိုင်းမနေဘဲ ဆေးလာရောက်ထိုးကြဖို့   အကြံပြုလို ပါတယ်။
ဦးတင်စိုး 
(ရေအိုးစဉ်ကျေးရွာအုပ်စု၊    လယ်ဝေး မြို့နယ်)
ဒီနေ့မှာ   ရေအိုးစဉ်ကျေးရွာအုပ်စု ကနေ ကာကွယ်ဆေးတစ်ခါမှ    မထိုးရ သေးတဲ့ ၂၇ ဦးနဲ့အတူ  ကာကွယ်ဆေး လာရောက်ထိုးနှံခြင်းဖြစ်ပါတယ်။ ဆေး ထိုးနှံဖို့အတွက်   ကျန်းမာရေးဝန်ထမ်း တွေက    သွေးတွင်းအောက်ဆီဂျင်နဲ့  သွေးပေါင်ချိန်တိုင်းပါတယ်။  သွေးပေါင် ချိန်မမှန်သေးတဲ့သူဆိုရင် ခဏစောင့်ခိုင်း ပြီး   သွေးပေါင်ချိန်   ပြန်တိုင်းပါတယ်။ သွေးပေါင်ချိန် ပုံမှန်ရှိတဲ့သူတွေကိုတော့ ချက်ချင်းထိုးပေးပါတယ်။    ကာကွယ် ဆေးထိုးပြီးတဲ့အချိန်မှာလည်း   တခြား ခံစားရတာမျိုး မရှိပါဘူး။ အခုလို  ကိုဗစ်-၁၉ ရောဂါ    ဖြစ်ပွားမှုများပြားနေတဲ့ အချိန်မှာ ကျွန်တော်တို့လို    သက်ကြီး ရွယ်အိုတွေကို ပထမဦးစားပေးအနေနဲ့ ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးနှံပေးတဲ့ အတွက်    များစွာဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။
ဦးဇေထက်အောင်
(ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး)
အသက် ၆၅ နှစ်နဲ့ အထက် အဘိုး အဘွားတွေ၊ ရဟန်း၊ သံဃာတွေ ဦးစား ပေးအနေနဲ့စတင်ပြီး ထိုးနှံပေးတာ ဖြစ်ပါ တယ်။ ဒီနေ့ကစပြီး    သုံးရက်အတွင်း လူဦးရေ ၁၂၀၀ ကို   ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။  ဆေးရရှိမှုအပေါ်  မူတည် ပြီးတော့     ထပ်မံထိုးနှံပေးသွားမှာပါ။ ဒီနေ့မှာ လူဦးရေ ၄၀၀ ထိုးပေးဖို့ မှန်းထား ပါတယ်။ အသက်  ၆၅   နှစ်နဲ့အထက် အဘိုးအဘွားတွေဟာ   အသက်အရွယ် အရရော၊ ကျန်းမာရေးအခြေအနေအရ ရော ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ ကူးစက်နိုင်ခြေများပြီး ထိခိုက်မှုအန္တရာယ် ပိုများနိုင်တာကြောင့်   ဦးစားပေးထိုးနှံ ပေးတာပါ။ ဆေးရရှိမှုအပေါ်မှာ မူတည်ပြီး ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အလုပ်သမား တွေ အကုန်လုံးကို   လူတန်းစေ့ထိုးနှံ နိုင်အောင် စီစဉ်ထားပါတယ်။
ဒီနေ့မှာ       ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ ထိုင်ခုံတွေကို ခြောက်ပေအကွာနဲ့  စီစဉ်ထားပါတယ်။ ဒါ့အပြင်      ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကလည်း လူထူထပ် မှုမဖြစ်စေဖို့   ဝိုင်းဝန်းကူညီပေးကြပါ တယ်။ အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကို ပြည်သူတွေ၊ ဌာနဆိုင်ရာတွေ  ပူးပေါင်း ဆောင်ရွက်ပေးမယ်ဆိုရင်   အမြစ်ပြတ်          တိုက်ထုတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဒေါ်စန်းမြင့်
(သစ်တောသုတေသန(ရေဆင်း)၊ 
ဇေယျာသီရိမြို့နယ်)
ဒီနေ့ ၆၅ နှစ်အထက် ပြည်သူတွေကို ဆေးထိုးပေးမယ်ဆိုလို့ လာရောက်ထိုးနှံ ခြင်းဖြစ်ပါတယ်။       အရင်တစ်ကြိမ် ကာကွယ်ဆေးထိုးပေးတုန်းက    မထိုး လိုက်ရဘူး။ ဆေးရဲ့ ကာကွယ်နိုင်စွမ်းကို သတင်းစာတွေထဲကနေ   ကြေညာထား တော့   နားလည်တယ်။     အဲဒါကြောင့် ကာကွယ်ဆေးလာထိုးတာပါ။    ကျွန်မ တို့ရဲ့ရပ်ကွက်က လူကြီးတွေနဲ့ ဌာနက လူကြီးတွေက ဆော်ဩလို့ကြားတာပါ။ ဆေးမထိုးခင်လည်း    ကျန်းမာရေးနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ လုပ်ပါတယ်။ အခု ဆေးထိုးပြီးတော့    ဘာမှမဖြစ်ပါ ဘူး။ စိတ်ထဲမှာ  လုံခြုံသလိုခံစားရတယ်။ နိုင်ငံတော်က ကျွန်မတို့ကို ဂရုတစိုက်နဲ့ ထိုးနှံပေးတဲ့အတွက်     ကျေးဇူးလည်း တင်ပါတယ်။    ဝမ်းလည်းသာပါတယ်။ ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ပြည်သူ တွေကိုလည်း           အခွင့်အရေးရရင် လာရောက်ထိုးနှံကြပါလို့   တိုက်တွန်း ချင်ပါတယ်။
ဒေါ်သီတာဆွေ
(သစ်တောသုတေသနဌာန(ရေဆင်း)၊ 
ဇေယျာသီရိမြို့နယ်)
အသက် ၆၅ နှစ်နဲ့အထက် ဆေးထိုး ခွင့်ရတယ်ဆိုပြီး   အကြောင်းကြားလို့ အသက် ၇၀ ကျော်နေပြီဖြစ်တဲ့ ကျွန်မရဲ့ မိဘနှစ်ပါးကို ဆေးလာထိုးတာပါ။ ဆေး မထိုးပေးခင် သွေးပေါင်းချိန်တိုင်းတယ်၊ အပူချိန်တိုင်းတယ်။  ရောဂါအခံ  ရှိ၊ မရှိ စစ်ဆေးပေးတာတွေကို   တွေ့ရတယ်။ မိဘနှစ်ပါးကို ကာကွယ်ဆေးထိုးနှံခွင့်ရလို့ များစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ အခုလို ရောဂါတွေဖြစ်ပွားနေချိန်မှာ ကိုဗစ်- ၁၉   ကာကွယ်ဆေးထိုးထားတဲ့သူတွေ က ကူးစက်ခဲ့တယ်ဆိုရင် ရောဂါပြင်းထန် မှုနည်းတယ်လို့လည်း   သိရပါတယ်။
ကာကွယ်ဆေး   ထိုးနှံမယ့်သူတွေ အနေနဲ့ မကြောက်ကြပါနဲ့လို့ ပြောချင်ပါ တယ်။ ကျွန်မကိုယ်တိုင်လည်း ကာကွယ် ဆေးထိုးပြီးပါပြီ။ အမေဆိုရင် သွေးတိုး ရှိပါတယ်။  ကျန်းမာရေးဆိုင်ရာ အချက် အလက်တွေကို    အကုန်စစ်ဆေးပြီးမှ ထိုးပေးတာပါ။  ထိုးပြီးသွားရင်လည်း မိနစ် ၃၀ စောင့်ကြည့်ပြီးမှ  ပြန်လွှတ် တာပါ။ အဲဒါကြောင့် စိုးရိမ်စရာမရှိပါဘူး။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းအား ဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ရင်တောင်မှ ဆိုးဆိုးရွားရွားမဖြစ်အောင်  ကာကွယ် ပေးနိုင်တဲ့အတွက်     ကာကွယ်ဆေး မထိုးရသေးတဲ့ ပြည်သူတွေကို ကာကွယ် ဆေးထိုးနှံဖို့            အခွင့်အရေးရရင်   လာရောက်ထိုးနှံကြပါလို့  တိုက်တွန်းလို ပါတယ်။  

တွေ့ဆုံမေးမြန်း - ရဲမင်းဟန်
ဓာတ်ပုံ - ကျော်ထိန်